Wednesday, October 12, 2016

တောင်ပေါ်မြို့ တော်လေး ပြင်ဦးလွင်


မေမြို့ သို့မဟုတ် ပြင်ဦးလွင် ဟုပင် လွန်ခဲ့ပါသော နှစ်ပေါင်း (၅၀)ကျောက်အချိန်မှပင် ပြောဆိုခေါ်ဝေါ် ခဲ့ပါသော မန္တလေးတိုင်း ပြင်ဦးလွင်မြို့သည် ခေတ်အဆက်ဆက်မှာပင် ပန်းမြို့တော်ဟု တင်စားလောက်သည်ထိလှပ၍ပင် အစဉ်သစ်လွင် အပန်းဖြေနားနေဖွယ်ကောင်းလှသောတောင်ပေါ်
မြို့လေးတစ်မြို့ပင်ဖြစ်လေ၏။


ယခုအခါတွင် မြန်မာနိုင်ငံတော်အစိုးရသည် နိုင်ငံတော်နှင့်အ၀ှမ်းဘက်ပေါင်းစုံ
ကဏ္ဍမှန်သမျှအားယခင်အချိန်အခါကာလများထက်ကောင်းမွန်သောပြောင်းလည်းတိုးတက်
မှုထွန်းတောက်ပေါ်လွင်စေရန်အတွက် ပွင့် လင်းမြင့်သာသည့်


ဒီမိုကရေစီနိုင်ငံရေးပီပြင်စွာပြုလုပ်စွမ်းဆောင်လျှက်ရှိသည်မှာလည်း
ယနေ့မြန်မာနိုင်ငံ သား များတွင် သာမက ကမ္ဘာ့နိုင်ငံကြီးများအပါ အ၀င်
နိုင်ငံတကာမှပင်အသိအမှတ်ပြုနေကြကြောင်းလည်း အထူး
ပင် တွေ့ရှိနေရ၏။


မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့တော်ကြီးအား
တစ်နေ့ထက်တစ်နေ့တိုးတက်စည်ပင်၍ ပိုမို 
လှပလာရန်နိုင်ငံတကာအဆင့်မှီအပန်းဖြေမြို့တော်တစ်ခုဖြစ်လာစေရန်အတွက် 
နိုင်ငံတော်အစိုးရမှသည် ပြင်ဦးလွင်မြို့တွင်း မြို့ပေါ်ရှိ
အပန်းဖြေစခန်းများဖြစ်သော ကန်တော်ကြီးအပန်းဖြေဥယျာဉ်ကြီး၊ ပွဲကောက်ရေ
တံခွန်၊ ပိတ်ခြင်းမြှောင် လိုင်ဂူတော်နှင့်


တကွမြို့ပေါ်ရှိ ထူးခြားဆန်းကြပါသော စေတီတော်ကြီးများ ဘာသာရေး
ဆိုင်ရာအဆောက်အဦးများ အပါအ၀င် မြို့တော်တစ်ခွင်အထူးပင် စည်ပင်သန့်ရှင်း၍
ယခင်ကာလများဖြင့် လုံးလုံးပင်မတူလို့ပင်
တိုးတက်သစ်လွင်လျှက်ရှိနေအောင်ပင်လုပ်ဆောင်ထားရှိကြောင်းတွေ့ရှိရပါသည်။

ကမ္ဘာ့ခရီးသွားနိုင်ငံခြားသားများလည်း မပြတ်တန်းပင် ထိုပြင်ဦးလွင်မြို့တွင် တွေ့
ရှိနေရသလို အခြေခံ ပညာရေးကဏ္ဍတွင် မြန်မာတနိုင်ငံလုံးတွင် စံတင်လောက်သည်ဟု
ပြောလျှင် ပြော၍ရနိုင်ပါသော နာမည်ကြီး
ဘော်ဒါဆောင်ကြီးများမှာလည်းယခုအခါပုဂ္ဂလိကကျောင်းများအဖြစ် ပြောင်းလည်းဖွင့်
လှစ်ခွင့်ရရှိကြသလို လက်ရှိ ပုဂ္ဂလိက
ကျောင်းများစတင်ဖွင့်လှစ်နေကြပြီးဖြစ်ပြီး အခြေခံပညာကျောင်းသားများ၏


ပညာရေးအဆင့် သည်လည်းအစိုးရအထက်တန်းကျောင်းများနည်းတူအထူးပင်အဆင့်
အတန်းရှိသော စည်းမျဉ်းစည်းကမ်းတို့နှင့်အညီ သက်ဆိုင်ရာ ပုဂ္ဂလိက ကျောင်းများ၏
ကျောင်းတာဝန်ခံ ဆရာကြီးများနှင့် ဆရာ/ဆရာမများမှ တာဝန်သိသိပင် စိတ်ရှည်
ဇွဲရှိ မှုစည်းကမ်းရှိမှိုကြိုးစားအားထုတ်မှုနှင့်သင်ကြားလျှက်ရှိပါသောကြောင့်
ယင်းပုဂ္ဂလိက ကျောင်းများတွင် တက်ရောက် ပညာသင်ကြားနေကြသော
ကျောင်းသူ/ကျောင်းသားများ၏ မိဘများတို့သည်၎င်းတို့ ရင်သွင်းတို့
အနာဂတ်ပညာရေး အတွက် စိတ်ချမ်းသာမှုကြေနပ်မှုရှိနေကြသည်ဟုလည်း
ကြားသိမြင်တွေ့ရပါသည်။


ထို့အတူပင်မြန်မာ့ ရေမြေမြန်မာ့အလှ၊ မြန်မာနိုင်ငံသားအားလုံးတို့၏ဘဝ
အးချမ်းကောင်းမွန်စွာပင် နေထိုင်လုပ်ကိုင်သွား
လာနိုင်ရေး၏အဓိကကာကွယ်ရေးသော့ချက်ဟု ပြောလျှင်ပြော၍ ရနိုင်ပါသော
နိုင်ငံတော်တည်ငြိမ်အေး ချမ်းမှုနှင့် နိုင်ငံတော်ကာကွယ်စောင့်ရှောက်ရေးအတွက်
တစ်ခုတည်းသော ကာကွယ် စောင့်ရှောက်ခြင်းဖြစ်သည့်မြန်မာခေတ်မီတပ်မတော်ကြီး
၏တပ်မတော် အရာရှိများနှစ်စဉ်နှင့်အမျှသင်ကြားလေ့ကျင့်မွေးထုတ်ပေးလျှက်၇ှိသော
စစ်တက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်ကြီးများမှာလည်းခမ်းနားထည်ဝါ လှစွာပင်
အဆင်းအခြင်းပြည့်ဝစွာဖြင့် သင်ကြားဖွင့်လှစ်နေကြသည်ဖြစ်သလို
ထိုကျောင်းတော်ကြီးများသို့
တက်ရောက်လျှက်ရှိသောသောဗိုလ်လောင်းပညာရှင်ကျောင်းသားများ၊
စစ်တက္ကသိုလ်ဗိုလ်လောင်းကျောင်းသားများ၏ မိဘများတို့သည် လည်း
ဂုဏ်ယူမဆုံးသည့် အပျော်မျက်လုံး အပြုံးမျက်နှာတို့နှင့်ပင်နှစ်စဉ်နှင့်အမျှ
ယင်းစစ်တက္ကသိုလ်များ၏သင်တန်းဆင်းပွဲများသို့လာရောက်ကြသည်များအားမြင်တွေ့
ရသည်မှအထူးပင်စိတ်ချမ်းသာဖွယ်ရာပင်ဖြစ်ပါတော့၏။
ယင်းစစ်တက္ကသိုလ်ဗိုလ်လောင်းတို့၏ မိဘများသည်လည်း ယခုရေးသားဖော်ပြပါသော
ပြင်ဦးလွင်မြို့သို့လာရောက်၍ပင်၎င်းတို့၏သားကောင်း
ရတနာတို့အားကြည့်ရှုကာတနှစ်လျှင်သုံးလေးခေါက်မျှ အလည်အပတ်လာနေကြသလို
ပြင်ဦးလွင်မြို့တွင်ပညာသင်လျက်ရှိကြသော
အခြေခံပညာကျောင်းသားမိဘများသည်လည်းအမြဲလိုပင်၎င်းတို့၏သားသမီးများအား
သွားရောက်တွေ့ဆုံ၍လိုအပ်သည်များဖြည့်ဆီးဝယ်ခြမ်းပေးခြင်းနှင့်အတူနှစ်စဉ်မိဘ
တဦးတိုင်းတဦးတိုင်းမှာစာသင်နှစ်တနှစ်လျှင်သုံးခေါက်မျှတော့
လာရောက်ကြည့်ရှု


လည်ပတ်နေကြ မြဲကိုလည်းတွေ့ရှိရပါသည်။
ထို့ပြင် မြန်မာပြည်အနှံဘုရားဖူးထွက်ကြကုန်သော ဘုရားဖူးလုပ်ငန်းတို့၏
ဘုရားဖူးကားမှန်သမျှ တို့သည်လည်း ပြင်ဦးလွင်သို့ မလာသည့်ဘုရားဖူကား
မနားသည့်ဘုရားဖူးကားဟူ၍ မရှိပါသောကြောင့် ဘုရားဖူး ပြည်သူတို့မှာလည်း
အမြဲပင်ပြင်ဦးလွင်တွင် တွေ့ရှိနေရပါ၏ ။
ကမ္ဘာလှည့်ခရီးသည် နိုင်ငံခြားသား များလည်းမပြတ်တန်းလာရောက်သည့်
မြို့တစ်မြို့ဖြစ်သည့်အား လျှော်စွာ လွန်စွာပင် လည်ပတ်သူများပြား
လွန်းလှသောမြို့တစ်မြို့ဖြစ်ကြောင်းပြောဆိုရပေမည်။
မန္တလေးတွင်ကျောင်းတက်နေကြပါသောကျောင်းသားလူငယ်များသည်
လည်းကျောင်းပိတ်ရက်များတွင်စုပေါင်းကာပျှော်ပွဲစားဖွဲ့၍မကြာခဏလာလည်ကြသည်အား
လည်းတွေ့ရှိရပေသည်။
အဆိုပါအကြောင်းတရားတို့ကြောင့် ပင် ရောက်ရှိလာကြကုန်သော
မြန်မာနိုင်ငံအနယ်နယ်အရပ်ရပ်မှ မိဘပြည်သူအပေါင်းတို့သည်
ပြင်ဦးလွင်သို့ရောက်လျှင် ရောက်ခြင်း မပြန်ကြသေးဘဲ လည်ကြပတ်ကြ၊ အပန်း
ဖြေနေကြ၍ မောပမ်းသမျှ တို့ ပြေပြောက်ကုန်ကြလေစေရန် အပန်းဖြေနေ၍
ပင်လွန်စွာမှ ကြည်နူးအေးချမ်းဖွယ်ကောင်းလှပါသော
မြို့တစ်မြို့လည်းဖြစ်လေတော့၏။
ထို့ကြောင်ပင် ပြင်ဦးလွင်မြို့ရှိ ထင်ရှားသော မဟာအံ့ထူးကန်သာဘုရားကြီး၊
ပိတ်ခြင်းမြှောင်လှ်ိုင်ဂူတော်၊ အနီးစခန်းရှိ နှီးဘုရားကြီးနှင့်
တရုတ်ဘုံကျောင်း၊ ကန်တော်ကြီး အပန်းဖြေဥယျာဉ်ကြီး၊ ပွဲကောက်ရေတံခွန်
အပန်းဖြေစခန်းတို့သည် အစဉ်သဖြင့်

အပန်းဖြေလည်ပတ်သူများစီကားလျှက်ရှိနေပါသည်။
အခါကြီးရက်ကြီးများနှင့်ရုံးပိတ်ကျောင်းပိတ်ရက်တို့ ဆက်နေသော ရက်များတွင်
ယခုဖော်ပြပါသော ထင်ရှားလှသောဘုရားစေတီပုထိုးတို့
နှင့်အပန်းဖြေဥယျာဉ်တို့တွင် လာရောက်လည်ပတ်အပန်းဖြေ သူမိဘပြည်သူ များ
တိုး၍မပေါက်အောင်ပင် စည်ကားနေ၏။
ထိုသို့ ဘုရားဖူးအပန်းဖြေလည်ပတ်ကြသလို ပြင်ဦးလွင်မြို့၏ အဓိက
ထွက်ကုန်များဖြစ်သော မက်မန်းသီး နှင့် မက်မန်းဝိုင်၊နို့ထွက်မလိုင်မုန့်၊
ပြင်ဦးလွင် ပန်းဥယျာဉ်အရောင်းဆိုင်များမှ
အဆင့်မြင့်နိုင်ငံခြားသစ်ခါပျိုးပင်များ နှင့်
ပြင်ဦးလွင်ဆွယ်တာအကျီများလည်း ရောက်ရှိလာသူမှန်သမျှ
အထူးစိတ်ဝင်စားမှုရှကြသလိုနှစ်ကြိုက်သဘောကြ၍၀ယ်သွားကြသူများလည်း
ယင်းအရောင်းဆိုင်တိုင်းတွင်ပင်
အချိန်ပြည့်စီကားလျှက်ရှိနေစွာမြင်တွေ့ခဲ့ရပေသည်။
ယခုအခါတွင် နိုင်ငံခြားသွင်းကုန် အကျီဆွယ်တာများလှပစွာပြည်တွင်းသို့
ဝင်ရောက်၍ ပြည်တွင်းဈေးကွက်အားနေရာယူနေသည်ဆိုပါသော်လည်း ပြင်ဦးလွင်
ဆွယ်တာဆိုင်များတွင် နေစဉ်နှင့်အမျှ
ပြင်ဦးလွင်ဆွယ်တာအကျီများလက်မလည်အောင်ရောင်းနေရသည်အားလည်း
တွေ့ရှိခဲ့ရပါသည်။


ထို့ကြောင်ပင်လျှင် ပြင်ဦးလွင်မြိုတော်ကြီးသည်
အစဉ်ပင်စည်ပင်လှပနေသည်နှင့်အမျှ အစဉ်ပင် စည်ကားလျှက်ရှိ၍ ပြင်ဦးလွင်ရှိ
ဟိုတယ်ကြီးများမှန်သမျှ တည်းခိုခန်း၊ ဧည့်ရိပ်မြှုံတို့သည် အမြဲပင်
ဧည့်ပြည့်လျှက်ရှိနေပါသည်။
သာမှန်အားဖြင့်ဆိုလျှင်တိုင်းပြည်နယ်ကြီး၏ မြို့တော်ကြီးတစ်ခုမဟုတ်သလို
စီးပွားရေးရှင်သန် အချက်အခြာကြရာ မြို့တစ်ခုမဟုတ်ပေသော်လည်း
အမြဲလိုပင်စည်ကားလျက်ရှိသလို ရောက်လာသူ မှန်သမျှ တို့သည်လည်း
ပြင်ဦးလွင်သို့ မည်သည့်အကြောင်းကြောင့် လည်သည်ဖြစ်စေ ပြင်ဦးလွင်တွင်
နေလိုစိတ် မကြာခဏပင် ပြန်၍ ပြန်၍
လာလိုစိတ်တို့သည်ကားရှိတက်ကြစမြဲပင်ဖြစ်ပါတော့၏။
ရာသီဥတုအထူးမျှတသလို အပန်းဖြေနားနေသူတို့ မောပန်းပြေလွယ်စေခဲ့ပြီး
မောသမျှ ပျက်ပြေသွားသလို သောကရတက်တွေမပွေစေတော့
အောင်ပင်အေးချမ်းသာယာ လွန်းလှပါသော မေမြို့ သို့မဟုတ်
ပြင်ဦးလွင်ဆိုသည့် မန္တလေးတိုင်း ပြင်ဦးလွင် တောင်ပေါ်မြို့တော်လေးသို့
ရောက်ခဲ့လေသည့် ကြည်နူးဖွယ်နေ့ရက်အချိန်တို့အတွင်း ကြားသိမြင်တွေ့ခံစား
ခဲ့ရပါသောအေးချမ်းပျှော်ရွှင်မှုတို့အား ရေးသားဖော်ပြလိုက်ရပါတော့သတည်း။

အောင်ကောင်းမွန် (လားရှိုး)မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment