Wednesday, December 6, 2017

တန်​ဖိုးစစ်

ကျ​နော်​ ဒီစာကိုဖတ်​ကြည့်​ပြီ တန်​ဖိုးစစ်​လိုအမည်​​ပေးမိပါတယ်​။ မူရင်းစာ​ရေးသူ ကိုစိုးထိုက်​ကိုလဲ ရင်​ထဲ့က လှိုက်​လှဲစွာ ​ကျေးဇူးတင်​ရှိပါတယ်​။

တန်​ဖိုးစစ်
သူငယ်​ချင်း​… မင်း​သောက်​တဲ့အရက်​က ​သေး​ပေါက်​ရင်​ ​ရွှေပြန်​ထွက်​ကျတာလား..?
တစ်​ကိုယ်​လုံးက တန်​ဖိုး​တွေ တွက်​ပြ​တာ ​ခေတ်​စားလာ​တော့ကြုံဖူးတာ​လေး ​ပြောပြချင်​တယ်​..

Tuesday, December 5, 2017

ကြက်ဥ ဟိုမုန်းဆေးရည်ပြုလုပ်နည်း

ရာသီမဟုတ်ချိန်မှာ အသီးတွေကို သီးနိုင်ဖို့အတွက် ကြက်ဥဟိုမုန်းဆေးရည် ဘယ်လိုလုပ်လည်းဆိုတာကို ပြပေးသွားမှာဖြစ်ပါတယ်။ BBC ဦးဝင်းမြင်ရဲ ကြက်ဥဟိုမုန်းဆေးရည်လုပ်နည်းလေးဖြစ်ပဲဖြစ်ပါတယ်။

လုပ်နည်းလေးကတော့ ကြက်ဥခွံရော အသားပါ ၁ပိဿာ၊ သကြား ၁ပိဿာ၊ နွားနို့ ၁ပုလင်းခွဲ၊ ပုဇွန်ခြောက် ၃၀သား၊ အုန်းရည်အရည် ၂ပုလင်း၊ ဆန်ဆေးရည် ၂ပုလင်း၊ အုန်းနို့ ၁ပုလင်းခွဲ၊ ပဲစေ့ အညှောက်ပေါက်စ အစိတ်သား၊ မုံလာဥ ၅၀သား၊။

Friday, October 13, 2017

28.9.2017 ဝတ်ဆိုပူဇော်ပွဲ အမှတ်တရပုံရိပ်လွာ

အမှတ်တရလေးလုပ်လို မှတ်တမ်းတင်အပ်ပါတယ်။

ပါဝင်အားပေးကြသော၊ ဆရာတော်၊ သံဃာတော်များနှင့်

ရပ်ရွာအသီးသီးမှ ဝတ်အသင်းသူဝတ်အသင်းသားများနှင့်တကွ

ရပ်မိ၊ ရပ်ဖ၊ ဝေယျာဝေစ္စအားလုံးနှင့် ယခုပွဲနိုင် ကဏ္ဍအသီးသီးမှ

Saturday, October 7, 2017

ပါကူးငါး​ခေါ် လူကဲ့သို့သွားပါ​သောငါး


"အမျိုးသားတွေရဲ့" အဓိကနေရာကို ကိုက်ဖြတ်တတ်တဲ့ငါး (သို့) ကြောက်လန့်စရာ လူသွားနဲ့ ပါကူ ငါး
ပါကူ (Pacu) ငါးဟာ တောင်အမေရိက ရေချိုပိုင်းမှာ ကျင်လည်ကျက်စားတဲ့ ငါးမျိုးစိတ်တစ်မျိုး ဖြစ်ပါတယ်။ အမေဇုန်မြစ်နဲ့ အော်ရီနိုကို မြစ်တွေမှာ အဓိကတွေ့ရပြီး အခုနောက်ပိုင်းတော့ နယူးဂီနီနဲ့ ဥရောပအချို့ဒေသတွေမှာပါ တွေ့ရလေ့ ရှိပါတယ်။
ပါကူငါးဟာ သတ္တဝါတွေကို စက္ကန့် ပိုင်းအတွင်း အရိုးထိအောင် ကိုက်ဖြတ်တတ်တဲ့ နာမည်ကျော် အသားစားငါး ပရန်းညား( Piranha) ငါးမျိုးစိတ်ဝင်ပြဲဖစ်ပါတယ်။

ဆားဝက်​​တွေကို သခွါးသီးသုံးလိုဖယ်​ရှားနည်း​လေး

တစ်ကြိမ်တည်းလုပ်ရုံနဲ့ ဆားဝက်ခြံတွေကို သိသိသာသာ ပျောက်ကင်းသွားစေတဲ့ သခွားသီးနည်း
လှတဲ့သူတိုင်း ဆားဝက်ခြံရှိတယ်လို့ ကြားဖူးတယ်  ။ ဒါပေမယ့် ဆားဝက်ခြံရှိနေတာတော့ ဘယ်သူမှ ကြိုက်ကြမယ်မထင်ပါဘူး ။ ဆားဝက်ခြံတွေဟာ နှာခေါင်း ၊မေးစေ့နှင့် ပါးပြင်တွေမှာ အများဆုံးဖြစ်လေ့ရှိပြီး ညှစ်ရင်လည်း ပွါးတတ်တာကြောင့် အတော်စိတ်အနှောင့်အယှက် ဖြစ်ရပါတယ် ။ ဒိထက်ပိုးဆိုးလျှင် အပေါက်အကြီးကြီးတွေဖြစ်ပြီး မျက်နှာမှာ ကြည့်ရဆိုးပါတယ် ။

Monday, October 2, 2017

ကြာပန်းအရက်ချက်နည်းလေး

ကြာပန်းအရက်လုပ်နည်းလေးပါ အရက်ကြိုက်သူတွေအတွက်ကတော့
ကိုယ်တိုင်လုပ်ပြီးကျန်းမာရေးအတွက် အနှောက်အယှက်မဖြစ်ပဲ
ကျန်းမာရေးအတွက်ထောက်အကူပြုနိုင်အောင်
 ပြပြင်ပြီကိုယ်တိုင်လုပ်နိုင်အောင်ပေါ့။


Thursday, September 28, 2017

ဗန်​ဒါသီးရဲ့ ကျန်းမာ​ရေး အကျိုး​ကျေးဇူး




မြန်မာပြည်မှာ ဗန်ဒါပင်(ဗန်ဒါသီး)လို့ အလွယ်ခေါ်လေ့ရှိတာကြောင့်၊“ဗာဒံပင်” ဆိုတဲ့ သူ့ မူလအမည် ပျောက်ကွယ်နေပါတယ်။အင်္ဂလိပ်အမည်ကတော့ Indian Almond ပါတဲ့။

ဆီးချိုအတွက်​ ​သင်္ဘာမညှိးအစွန်း

ဒီပန်းပင်ဟာ ဆေးဖက်ဝင် ပန်းတစ်မျိုး ဖြစ်ပါတယ်။
အဓိက ဆေးဖက်ဝင်တာကတော့ အရွက် နှင့် အမြစ် ဖြစ်ပါတယ်။
သူ၏ အရွက် အရင့်များကို ခူးဆွက်၍ ကျိုချက် သောက်သုံးပေးခြင်းဖြင့်..."Diabetes "လို့ခေါ်တဲ့ ဆီးချို ရောဂါကို ပျောက်ကင်း သက်သာစေပါတယ်။
သူ၏ အရွက်အနု အသေးများကို တဖန်ခူးဆွက်၍ ကျိုချက် သောက်သုံးပါက"Stomach camps "အစာအိမ် ကြွက်တက်ခြင်း ရောဂါကို ပျောက်ကင်း သက်သာစေပါတယ်။
သူ၏ အမြစ်ကို ရေစင်အောင် ဆေးကြောပြီး ပြုပ်သောက်ပါက"Intestinal parasitism"လို့ခေါ်တဲ့ အူအတွင်း ကပ်ပါးရောဂါ အမျိုးမျိုးကို ပျောက်ကင်း သက်သာစေပါတယ်။
အမြစ်ဟာ သွားကိုက်ရောဂါကို ပျောက်ကင်း သက်သာစေပြီး ကင်ဆာရောဂါ မဖြစ်အောင် ကြိုတင် ကာကွယ် တားဆီးပေးပါတယ်။
နောက်တစ်နည်း အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချသည့် နေရာမှာလည်း များစွား အသုံးဝင်တယ် အာနိသင်ပြင်းတယ်လို့ ရေးသားဖော်ပြထားပါတယ်။
တော်တော် ဆေးစွမ်းထက်တဲ့ အပင်ဖြစ်ပါတယ်..အချို့သော ဆေးစာ အခေါ်အဝေါ်များကို ဘ၀ခါးခါးက အကုန်မသိတော့ အခြားပျောက်ကင်း နိုင်သည့် ရောဂါ တော်တော်များများ ကျန်ရှိနေပါသေးသည်။
သူ၏ အရည်ဟာ ခါးသက်မှု့ ရှိပါတယ်။ယုံကြည်စွာ သောက်သုံးပါ ကျွန်တော် အာမခံပါတယ်။
#credi to ဘ၀ခါးခါး✏
( ဆီးချိုအတွက်ဆို ပန်းအဖြူ သုံးရပါတယ်လို့ ပြောပါတယ် )

ကျီး​ပေါင်းမူးသူများအတွက်​တဲ့

ကျီးပေါင်းကြောင့်မူးသူများအတွက်
နွယ်မြက်သစ်ပင် ဆေးဘက်ဝင်တဲ့
"ဝါးမင်း" အကြောင်းမျှဝေချင်ပါတယ်။
လွန်ခဲ့တဲ့လက ကဖိုးမောင်တယောက်
ပက်လက်ကုလားထိုင်ပေါ်ကအထ,မှာ
မိုက်ခနဲမူးလွန်းတာကြောင့်
ဆရာဝန်ပြေးခေါ်ခဲ့ရပါတယ်။

Wednesday, September 27, 2017

စတော်ဘယ်ရီသီးလေးများနဲ့ ဝိုင်ဖောက်ကြရအောင်

တရုတ်မလေး Li Zi Qi ရဲ့ စတော်ဘယ်ရီသီးလေးတွေနဲ့
ကိုယ်တိုင် အိမ်မှာ ဝိုင်လုပ်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။
အလွယ်လည်းရ ကိုယ်တိုင်လည်းလုပ်ယူခွင်းရတဲ့အတွက် 
အန္တရာယ်လည်း ကင်းဝေးောစမှာဖြစ်ပြီး 
ကျန်းမာရေးအတွက်လည်း အထောက်အကူပြုစေမှာပါ။

Video credit by Li Zi Qi & Gao Shang Chinese Learning Hub



ကြာရွက်​ အမဲထမင်းပေါင်း လုပ်နည်းလေးပါ။

တရုတ်မလေး Li Zi Qi ရဲ့ ကြာရွက်​ထမင်းပေါင်းလေးပါ။
ရိုးရှင်းလွယ်ကူပြီး စားရတာအရမ်းအရသာရှိမဲပုံပါပဲ မြန်မာပြည်မှာဆို 
ချစ်တီးထမင်းလိုမျိုးပေါ့။
ချစ်တီးထမင်းကတော့ ငှက်ပျောဖက်​နဲ့ထုတ်ပြီး 
ဒီအမဲထမင်းပေါင်းလေးကတော့ ကြာရွက်​ကလေးနဲ့ပေါင်းပြီး
အသွင်လည်း ဆန်းပြာသလို အရသာလည်း ဆန်းပြားမှာ 
အမှန်ပါပဲ။ စမ်းသပ်ကြဖို့တော့မမေ့နဲ့နော်။


Sunday, July 2, 2017

၂၀၁၇ ယဉ်ကျေးမှုသင်တန်းရဲ့ အလှူ ရှင်များ


ပိန္နဲကုန်း​တောင်​ရွာရဲ့ လက်​ရုံးသဖွယ်​ဖြစ်​​သော အနာဂတ်​ ပိန္နဲကုန်းသာသနာအတွက်
အားထားရမဲ့ ဥယျာဉ်​မှူးရဲ့လက်​​တွေက ​ရှေ့တန်းက​နေ သွတ်​လက်​လို့​နေပါတယ်​။
သူရဲ့စာသင်​စရိတ်​ထဲမှ ထုတ်​နှုတ်​လို့ အနာဂတ်​ပန်းပွင့်​​လေးများအတွက်
စာအုပ်​ငါးဒါဇင်​ကို လှူဒါန်းနေတာဖြစ်​ပါတယ်​။
ဝမ်း​မြှောက်​ဂုဏ်​ယူပါတယ်​ ဦးဝိဇယဘုရား အရှင်​ဘုရားရဲ့အနာဂတ်​သည်​လည်း ​ဖြောင့်​တန်းလို့
လိုရာပန်းတိုင်​ လျှင်​မြန်​တဲ့အရှိန်​​တွေနဲ့ အ​ရောက်​လှမ်းနိုင်​ပါ​စေဘုရား။


Friday, June 30, 2017

ပိန္နဲကုန်းတောင်ရွာရဲ ရွာဦးကျောင်းပုံရိပ်တွေပါ။

ပိန္နဲကုန်းတောင်ရွာ ရွာဦးကျောင်းတော်နဲ့ စေတီတော်၊ သိမ်တော်၊ ကျောင်းတော်၊ 
ဓမ္မာရုံ၊ စောင်းတန်းနဲ့ မုခ်ဦးတွေကို မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။

 ကျောင်းမုခ်ရဲ့ အထွက်ပုံဖြစပါတယ်။

ပီတိဖြစ်ဘွယ် မြင်ကွင့်

ပိန္နကုန်းတောင်ရွာ ဦးဇင်းဦးဥတ္တမနဲ့ တူတော်မောင်နှစ်ယောက် အပေါ်ပုံ 
ဦးဥတ္တမ ရွာသို့ခဏပြန်လာစဉ် မယ်တော်နဲ့ အကိုမှဆွမ်းကပ်လှူ နေတာဖြစ်ပါတယ်။

Logo

ကျွန်တော်တို့ရွာဝတ်အသင်းရဲ့ လိုဂိုလေးပါ၊
ကြည်းနူးပျော်ရွှင်မိပါတယ်။ ဆရာတော်တစ်ပါးကပြောဘူးတယ်။ "လူဆိုတာက ကုန်ပစ္စည်းတစ်ခုလိုပဲ ထုတ်ကုန်အစုအဖွဲ့ရှိရင် ကုန်တံဆိပ်ဆိုတာရှိရတယ်" တဲ့။ ဒါကတော့ ကျွန်တော်တိုရွာရဲ့ ဂုဏ်ယူဝမ်းမြောက်ဖွယ် လိုဂိုလေးတစ်ခုကို အောင်မြင်စွာမှတ်တမ်းတင်နိုင်ခဲ့ပါပြီး။ဝမ်းမြောက်ဂုဏ်ယူစွာ မှတ်တမ်းတင်အပ်ပါတယ်။

Tuesday, March 7, 2017

ထမင်းချက်နည်းလျှို့ဝှက်ချက်များ

အိမ်ရှင်မများအတွက်ထမင်းချက်ရာတွင် အရသာသာမက ကျန်းမာရေးအတွက် အာဟာရဓါတ်တွေပါမဆုံးရှုံးစေမည့် အလွယ်တစ်ကူတစ်ခါတည်းပြီးပြည့်စုံစေမယ့် နည်းလေးများကို စုစည်း တင်ပြပေးလိုက်ရပါတယ်။

၁။ရှာလကာရည်
ထမင်းချက်ရာတွင်ရှာလကာရည်တစ်စက်၊နှစ်စက်ထည့်ပေးရုံဖြင့်ထမင်းရဲ့အနံ့အရသာကိုပိုပြီး
ထင်ပေါ်မွှေးပျံ့စေနိုင်မယ့်အပြင်ရာသီဥတုအလွန်ပူပြင်းပြီးထမင်းသိုးခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။
(ရှာလကာရည်နံ့လုံးဝမထွက်ပါ)

Facebook account လုံခြုံရေးအတွက် သိမှတ်စရာလေးများ

Facebook မှ သုံးနေပီး ဒီလောက်လေးတေတော့ သိထားသင့်ပါတယ် ...
မိမိ သုံးနေသော Facebook Acc ကို ကလိချင်သူများအတွက် 🙈🙈
ဆရာများကျော်သွားကြပါလို့✌✌✌
Save ထားပါ Share ထားပါ တစ်ချိန်အသုံးဝင်လာပါလိမ့်မယ် ....

Followers ဖွင့်နည်း
Account Setting ကို သွားပါ
Followers ထဲကို ၀င်ပါ (Facebook Birthday မှာ 18 နှစ်ပြည့်ဖို့ တော့ လိုတယ်နော် )
Friends ဆိုတဲ့နေရာမှာ Public ကို ပြောင်းလိုက်ပါ
အဲ့ဒါဆို Followers ဖွင့်ပြီးသား ဖြစ်သွားပါပြီ

Monday, March 6, 2017

မြန်မာပြည်အတွင်းရှိ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းများ

မြန်မာပြည်အတွင်းရှိ လက်နက်ကိုင်ထားတဲ့
အဖွဲ့အစည်းများစာရင်း ကို သိစေချင်လို့ပါ

(၁)ALP/ALA/RSLP ရခိုင်
(၂)CNF ချင်း
(၃) DKBA 5 ကလိုထူးဖော
(၄)KNPP ကယား
(၅)KNU ကရင်
(၆)KNLA ကရင်
(၇)NDAA-ESS ထူး ၎
(၈)NMSP မွန်
(၉)NSCN - K နာဂ

လိုရာသုံးဗဟုသုတခုနှစ်ခု

လိုရာသုံးဗဟုသုတခုနှစ်ခု

(1)----ရေ၀င်ဆန့်တွက်နည်း
(2)----သစ်တွက်နည်း
(3)----မြေတွက်နည်း
(4)----ဘိလပ်မြေတွက်နည်း
(5)----မြန်မာ ရတု ရေတွက်ပုံ
(6)----အကြိမ်ရေ ရေတွက်ပုံ
(7)----အသုံးဝင်သော နှစ်လုံးတွဲ အင်္ဂလိပ်

စကားတိုများ
♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤

ဆိုင်​ကယ်​​မော်​ဒယ်​ဖတ်​နည်း

ဆိုင်ကယ် ၁စီး ဝယ်ယူတော့ မည်ဆိုပါက အခြေခံအားဖြင့် သိသင့် သိထိုက်သော
မော်ဒယ် ဖတ်တက်အောင် ရည်ရွယ် ပါသည် ။

ဂွေဒိတ် ၊ ဆီတိုင်ကီ ဒိတ် ၊ အန်းဖရိမ်း ၊ အရှေ့ဖောက် ၊ ဂွဒေါက် မော်ဒယ် ၊ အိပ်ဇောပိုက် မော်ဒယ် စသည် အားဖြင့် အသီးသီး.. ..
17×1.20-1.4 S (အရှေ့ဂွေ ဟတ်ဘရိတ်)
17×1.20-1.4 W (အရှေ့ဂွေ ဒစ်ဘရိတ်)
17×1.40-1.4 W (အနောက်ဂွေ)

တပ်မတော်ဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့ /တံဆိပ် ရရှိသည့် ကာလသတ်မှတ်ချက်နှင့် သိမှတ်ဖွယ်ရာများ


တစ်နေ့ သော ရုံးဆင်းချိန်ညနေပိုင်းတွင် စာရေးသူမှာ တပည့်တစ်ဦးဖြစ်သူ တပ်ကြပ်ကြီး/စာရေး ဖြိုးကိုကိုဝင်း နှင့်အတူ ဆောင်ရွက်ဆဲရုံးလုပ်ငန်းများကို လက်စသတ်သိမ်းဆည်းနေချိန် မြို့တွင်းမှပြန်လာသော ယခုနှစ်တွင် သင်္ဂဟတံဆိပ် ပူပူနွေးနွေးရရှိခဲ့သည့် ဒုတိယအရာခံဗိုလ်/စာရေး သန်းအောင် ရောက်ရှိလာသည်။

ဒါန ဥပပါရမီ...

မျက်ကြည်လွှာ-နဲ့  သေဆုံးပြီးခန္ဓာ လှူဒါန်းခြင်း
အတွက် ကျွန်တော့်ဆီကို စုံစမ်းမေးမြန်းကြတယ်
ဘယ်လိုလှူရလဲ-ဘယ်နေရာမှာ လှူရလဲပေါ့
အဲလိုမေးမြန်းမှုတွေ ကြုံရတိုင်း ကျွန်တော်ကလဲ
ပြန်မေးဖြစ်တယ်- သေမှဘဲ ကိုယ့်မျက်ကြည်လွှာ
နဲ့  အသုံးမ၀င်တော့တဲ့ ခန္ဓာကြီးကို လှူချင်တာလား
ယခုအသက်ရှင်စဉ် မလှူချင်ဘူးလား။

ဆားဗစ်​တန်း

ပုံထဲမှာ နမူနာပြထားတာကတော့
ခြေလျင်တပ်ခွဲမှူးသင်တန်း တက်ရောက်ပြီးဖြစ်တဲ့
ဗိုလ်ကြီးအဆင့် တပ်ဆင်ရမဲ့ Service bar ပါ ..

နည်းစနစ်​ကျနဂါး​မောက်​စိုက်​ပျိုးခြင်း

နဂါးမောက်သီးမှာမြန်မာနိုင်ငံ အတွက် သစ်သီးပင် အသစ် တစ်မျိုးဖြစ်သည် ။ ဈေးကွက် အလားအလာကောင်း သဖြင့်စီးပွားဖြစ် စိုက်ပျိုးနိုင်သော သီးနှံ တစ်မျိုးဖြစ်ပါသည်။ အသီး ပုံသဏ္ဍာန်နှင့် အသီးအခွံ အရောင်(အနီနှင့်ပန်ရောင်) မှာ ဆွဲဆောင်မှု ရှိသဖြင့် အိမ်နှင့် စားသောက်ဆိုင်များပန်းခြံများတွင် အလှပင်အဖြစ် စိုက်ပျိုးနိုင်ပါသည်။ မူရင်းဒေသ မျိုးစု(Hylocerus) အောက်တွင်မျိုးစိပ်ပေါင်း(၂၆)ခုရှိ ရာမျိုးစိန်အလိုက်မူရင်းဒေသကွဲပြားပါသည်။ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသောမျိုးများ၏မူ ရင်ဒေသမှာမက္ကဆီကိုနိုင်ငံအလယ်ပိုင်းဒေသဖြစ်သည်။ ရာသီဥတု ရေငတ် ဒဏ်ခံနိုင်သော ရှားစောင်းနွယ်ဝင် အပင်မျိုးဖြစ်သည်။

လက်ထပ်ခြင်း ၂မျိုး

၁။ အာဝါဟ - ယောက်ျားကလေး၏ အိမ်တွင် မင်္ဂလာဆောင်ခြင်း။
၂။ ဝိဝါဟ - မိန်းကလေး၏ အိမ်တွင် မင်္ဂလာဆောင်ခြင်း။

လူမျိုး ၁၀၁ပါး အကျဉ်းတွက်နည်း

၁။ မြန်မာ၇မျိုး
၂။ တလိုင်း ၄မျိုး
၃။ ရှမ်း ၃၀ မျိုး
၎။ ကုလား ၆၀ မျိုး

ဗဟုသုတမှတ်ဘွယ်

သူငယ်ချင်းတို့ရေ...
ခရီးထွက်တဲ့အခါ လှေနဲ့သွားရင် ၄ ယောက်.... 
လှည်းနဲ့သွားရင် ၆ ယောက်... 
ကားနဲ့သွားရင် ၉ ယောက်... မသွားကြနဲ့နော်။ 
မဖြစ်မနေဒါမျိုးကြုံလာရင် "မောင်ကျောက်ခဲရေ ငါတို့နဲ့လိုက်ခဲ့" ဆိုပြီး ကျောက်ခဲတစ်လုံးကောက်ထည့်သွားရင် ဘာမှမဖြစ်ပါဘူး။ 
(လှေ လေး... လှည်းခြောက်... ကားကိုးယောက်) လို့ အဆိုရှိပါတယ်။

credit by Phone Htut Tin

ရတုများ

၁ နှစ်မြောက် = စက္ကူရတု
၂ နှစ်မြောက် = ဂွမ်းရတု
၃ နှစ်မြောက် = သားရေရတု
၎ နှစ်မြောက် = ပိုးရတု
၅ နှစ်မြောက် = သစ်သားရတု
၆ နှစ်မြောက် = သကြားရတု
၇ နှစ်မြောက် = သက္ကလပ်ရတု
၈ နှစ်မြောက် = ကြေးရတု
၉ နှစ်မြောက် = ဥဿဖရားရတု
၁၀ နှစ်မြောက် = သံဖြူရတု

သင်္ချာယူနစ်များ၊အလေးချိန်ယူနစ်များ

သင်္ချာယူနစ်များ
အလေးချိန်ယူနစ်များ
မြန်မာ့အလေးချိန်စနစ် ၃၆ ပရမာဏုမြူ = ၁ အဏုမြူ ၃၆ အဏုမြူ = ၁ လိက္ခာမြူ ၇ လိက္ခာမြူ = ၁ သန်းဦးခေါင်း ၇ သန်းဦးခေါင်း = ၁ မုန်ညင်းလုံး ၃ မုန်ညင်းလုံး = ၁ နှမ်းလုံး ၄ နှမ်းလုံး = ၁ ဆန်လုံး ၄ ဆန်လုံး = ၁ ချင်းရွေး ၈ ချင်ရွေး = ၁ ပဲ ၅ ပဲ = ၁ မတ် ၂ မတ် = ၁ ငါးမူး ၂ ငါးမူး = ၁ ကျပ် ၅ ကျပ် = ၁ ပို ၂၀ ပို = ၁ ပိသာ ၄ ပိသာ = ၁တုလာ ၄ တုလာ = ၁ ပုံ ဗြိတိသျှအလေးချိန်စနစ် ၁၆ ဒရမ် = ၁ အောင်စ ၁၆ အောင်စ = ၁ ပေါင် ၁၄ ပေါင် = ၁ စတုံ ၂ စတုံ = ၁ ကွာတ ၄ ကွာတ = ၁ ဟန်နြိတ် ၂၀ ဟန်နြီတ်= ၁ တန်(တန်ရှည်) မတ်ထရစ်အလေးချိန်စနစ် ၁၀၀၀ မိုက်ခရိုဂရမ် = ၁ မီလီဂရမ် ၁၀ မီလီဂရမ် = ၁ စင်တီဂရမ် ၁၀ စင်တီဂရမ် = ၁ ဒက်စီဂရမ် ၁၀ ဒက်စီဂရမ် = ၁ဂရမ် ၁၀ ဂရမ် = ၁ ဒက်ကာဂရမ် ၁၀ ဒက်ကာဂရမ် = ၁ ဟက်တိုဂရမ် ၁၀ ဟက်တိုဂရမ် = ၁ကီလိုဂရမ် ၁၀ ကီလိုဂရမ် = ၁ မီရီယာဂရမ် ၁၀ မီရီယာဂရမ် = ၁ကွင်တယ်။