Monday, June 27, 2022

ကိုယ့်ကိုယ်ကိုဖျက်ဆီးသူများတွင်ရှိတတ်သောစရိုက်လက္ခဏာမျာ

#ကိုယ့်ကိုယ်ကိုဖျက်ဆီးသူများတွင်ရှိတတ်သောစရိုက်လက္ခဏာများ "
✿✿✿✿✿✿✿✿✿✿✿✿✿✿✿✿

၁။" လောဘကြီးလွန်းခြင်း"
➖➖➖➖➖➖➖➖➖
သင့်တင့်တဲ့ လောဘသို့ အပြုသဘောဆောင်တဲ့ 
မကျေနပ်မှုရှိခြင်းဟာ တိုးတက်ပြောင်းလဲမှုအတွက် 
အားပေးသော အချက်ဖြစ်သော်လည်း တစ်ချို့လူများဟာ 
လွန်ကဲတဲ့ အတ္တလောဘစိတ်ကြောင့် လမ်းမှားကို
ရောက်သွားတတ်ကြပါတယ်။

၂။ "အချိန်မလေးစားခြင်း"
➖➖➖➖➖➖➖➖
တစ်စုံတစ်ဦးနဲ့ ချိန်းဆိုရာမှာပဲ ဖြစ်ဖြစ်၊ 
အလုပ်ကိစ္စတစ်ခုခုကို အပြီးသတ်ရာမှာပဲ ဖြစ်ဖြစ် 
အချိန်မလေးစားမှုဟာ ရေရှည်မှာ ကိုယ့်ကိုယ် 
ဂုဏ်သိက္ခာကျဆင်းပြီး လူအများ၏ လေးစားမှုကို 
ကျဆင်းစေပါလိမ့်မယ်။

၃။" အကောင်းမြင်စိတ် မရှိခြင်း"
➖➖➖➖➖➖➖➖➖➖
အချို့သော အခြေအနေတွေဟာ အကောင်းမြင်လို့
မရလောက်အောင် ဆိုးတယ်လို့ သင်ထင်လိမ့်မယ်။ 
ဒါပေမယ့် အဲဒီအချိန်မှာ အခြားသောကောင်းတဲ့ အဓိပ္ပာယ်ဘာရှိနေသေးလဲဆိုတာ 
သင်ရှာဖွေကြည့်ရမယ်။

၄။" အားနာခြင်း "
➖➖➖➖➖➖
ဘာပဲလုပ်လုပ် သင်သွားချင်လို့၊ စားချင်လို့၊ 
လုပ်ချင်လို့ပဲ လုပ်ပါ။ အခြားသူကို အားနာလို့ 
လုပ်ပေးတယ်ဆိုပြီး မကျေမချမ်းဖြစ်နေတတ်ခြင်းဟာ အဓိပ္ပာယ်မရှိပါ။

၅။" ဒေါသကြီးခြင်း"
➖➖➖➖➖➖
အချို့သောသူများဟာ လမ်းဘေးက ခွေးဟောင်လည်း 
စိတ်တိုသလို မိုးရွာနေပူရင်လည်း စိတ်တိုတတ်ကြတယ်။ 
အဲဒီအထဲမှာ သင်မပါ ပါစေနဲ့။ ဘာမဟုတ်တာလေးနဲ့
စိတ်တိုတတ်တာဟာ ပတ်၀န်းကျင်ကို 
အနှောက်အယှက်ဖြစ်စေသလို သင့်ကိုလည်း 
အသက်တိုစေနိုင်ပါတယ်။

၆။ "လောင်းကစား ကျူခြင်း"
➖➖➖➖➖➖➖➖➖
လောင်းကစားလုပ်ခြင်းဟာ သင်တစ်ဦးတည်း 
မဟုတ်ပဲ သင့်မိသားစု ပတ်၀န်းကျင်ကိုပါ အောက်ကို 
ဆိုးဆိုးဝါးဝါး ဆွဲချသွားစေနိုင်ပါတယ်။

၇။" အပျင်းကြီးခြင်း"
➖➖➖➖➖➖➖
သင်အပျင်းကြီးနေသမျှ ကာလပတ်လုံး 
လူတောကောင်းကောင်း မတိုးနိုင်တော့ဘူးဆိုတာကို 
သင်သိထားရင် အပျင်းမကြီးပါနဲ့။ အချိန်နဲ့
အလုပ်ပြီးအောင် လုပ်ပါ။

၈။ "ကျန်းမားရေး မလိုက်စားခြင်း"
➖➖➖➖➖➖➖➖➖➖➖
သေတဲ့သူတွေဟာ ထပ်ပြီး ဘာမှ မလုပ်နိုင်တော့ပါဘူး။ 
အဲဒါကြောင့် သင်ဘာကိုပဲ လုပ်နေ လုပ်နေ 
ဆက်လက်အသက်ရှင်ဖို့ လူအများကို ကူညီနိုင်ဖို့  
ကျန်းမာရေးကို လိုက်စားပါ။ လွယ်ပြီး 
ထိရောက်တာလေးတွေကနေ စပါ။

၉။" မာနကြီးခြင်း"
➖➖➖➖➖➖
သင်မာနကြီးရင် သင်ယူလို့ မရတော့ဘူး ဖြစ်လာမယ်။ 
မာနကြီးရင် အခြားသူတွေကို သင်နဲ့ အတူ အလုပ်လုပ်ဖို့
အကူအညီမတောင်းနိုင်ဘူး ဖြစ်လာမယ်။ 
ကျဉ်းမြောင်းတဲ့အမြင်တွေကို စွန့်လွှတ်လိုက်ခြင်းက
သင့်ကို ပိုပြီး တန်ဖိုး တက်လာပါစေလိမ့်မယ်။

၁၀။" အမှားအမှန်မခွဲခြားနိုင်ခြင်း"
➖➖➖➖➖➖➖➖➖➖➖
သင်ဗဟုသုတနည်းတဲ့အခါ အမှားအမှန်ကို မသိဘူး 
ဖြစ်လာမယ်။ အဲဒါကြောင့် စာများများ ဖတ်ပါ၊ 
ဘာသာတရား အဆုံးအမတွေကိုလည်း လေ့လာပါ။

၁၁။" အယုံလွယ်ခြင်း "
➖➖➖➖➖➖➖
ချမ်းသာနည်းတို့ အောင်မြင်နည်းတို့  ပေးမယ်လို့
ဆိုရင် သင်သတိထားရတော့မယ်။ လွယ်လွယ်နဲ့ 
စျေးပေါပေါနဲ့ တစ်ခုခု ရတော့မယ်ဆိုရင် 
သင်အလိမ်ခံရနိုင်တယ်ဆိုတာကို သတိလေးထားပြီး 
လေ့လာကြည့်ပါ။

၁၂။" ကတိ မတည်ခြင်း"
➖➖➖➖➖➖➖➖
ကတိမတည်တဲ့သူကို ဘယ်သူမှ 
ခေါင်းဆောင်မတင်ချင်ဘူး။ ကတိမတည်တဲ့သူဆီက 
ဘယ်သူမှ မ၀ယ်ချင်ဘူး။ အဲဒါကြောင့် သင့်လုပ်ငန်းကို 
အောင်မြင်ချင်ရင် ကတိတည်ပါ။

၁၃။" အသုံးအဖြုန်းကြီးခြင်း"
➖➖➖➖➖➖➖➖➖
လိုအပ်တဲ့နေရာမှာ သုံးပါ၊ မလိုအပ်တဲ့နေရာတွေမှာ 
မဖြုန်းပါနဲ့ ။ ဖြုန်းတာများရင် သုံးရမယ့်နေရာတွေမှာပါ 
မသုံးနိုင်တော့ဘူး ဖြစ်လာလိမ့်မယ်။

၁၄။" အပေါင်းအသင်း မှားခြင်း"
➖➖➖➖➖➖➖➖➖➖
Jim Ron က ပြောတယ်။ သင်အများဆုံးတွဲတဲ့ 
လူ ၅ ယောက်ရဲ့ ပျှမ်းမျှအတိုင်း သင်ဖြစ်လာလိမ့်မယ်။ 
အဲဒါကြောင့် အပေါင်းအသင်းကို ရွေးချယ်ပေါင်းပါ။
ဆင်းရဲချမ်းသာထက် အကျင့်စာရိတ္တနဲ့ 
ကြိုးစားအားထုတ်မှုကို အခြေခံပြီး ရွေးချယ်ပါ။

၁၅။" စည်းကမ်း မရှိခြင်း"
➖➖➖➖➖➖➖➖
စိတ်အားတက်ကြွမှုရှိရင် လူတစ်ယောက်ဟာ
စပြီးသွားတယ်။ စည်းကမ်းရှိရင် ဝေးဝေးကို 
သွားနိုင်တယ်။ အဲဒါကြောင့် သင့်ကိုယ်သင် 
စည်းကမ်းတွေ သတ်မှတ်ထားပါ။ သင်ကိုယ်တိုင်ပဲ 
ထိန်းသိမ်းပါ။

၁၆။" အပျော်အပါး မက်လွန်းခြင်း"
➖➖➖➖➖➖➖➖➖➖➖
လူငယ်တွေဆိုရင် အပျော်အပါးနဲ့ ကင်းချင်မှ ကင်းမယ်။ 
ဒါပေမယ့် အကယ်၍ သင်အပျော်အပါးပဲ လုပ်တာများနေရင် 
တိုးတက်ရာ တိုးတက်ကြောင်းအတွက် 
အချိန်မပေးနိုင် ဖြစ်လာပါလိမ့်မယ်။

၁၇။" မူးယစ်ဆေးဝါး သုံးစွဲခြင်း"
➖➖➖➖➖➖➖➖➖➖
မူးယစ်ဆေးဝါးသုံးစွဲတာဟာ ဥပဒေကြောင်းအရ 
ရင်ဆိုင်ရရုံမျှမက ကျန်းမာရေး၊ စီးပွားရေး၊ 
လူမှုရေး အကုန်ထိခိုက်စေတာမို့ သင့်ကိုယ်သင် 
ပျက်စီးအောင် လုပ်တာနဲ့ တူတူပါပဲ။

၁၈။" သံသယစိတ် များလွန်းခြင်း"
➖➖➖➖➖➖➖➖➖➖➖
ယုံလွယ်လွန်းတာဟာ ပြဿနာဖြစ်သလို 
သံသယ များလွန်းတော့လည်း အဆင်မပြေဖြစ်တတ်ပါတယ်။
သံသယစိတ်နဲ့ ဟိုစွပ်စွဲ ဒီစွပ်စွဲလုပ်တဲ့အခါမှာ 
လုပ်ငန်းခွင်မှာ ဖြစ်ဖြစ်၊ မိသားစုနဲ့ 
ကိုယ်ရေးကိုယ်တာဘ၀မှာ ဖြစ်ဖြစ် အဆင်မပြေမှုတွေ 
ဖြစ်လာပါလိမ့်မယ်။

၁၉။" မိမိကိုယ်ကိုယ် အထင်ကြီးလွန်းခြင်း"
➖➖➖➖➖➖➖➖➖➖➖➖➖
ကိုယ့်ကိုယ်ကိုယ် အထင်သေးလွန်းရင် လူရာမ၀င်တော့သလို
အထင်ကြီးလွန်းတော့လည်း တခြားသူတွေကို 
နှိမ်ချင်သလို ဖြစ်လာပါလိမ့်မယ်။

၂၀။" ဆုံးဖြတ်ချက် မပြတ်သားခြင်း"
➖➖➖➖➖➖➖➖➖➖➖
သင်နိစ္စဓူ၀ ဟိုလိုလို ဒီလိုလိုနဲ့ မပြတ်သားကြတဲ့သူတွေ 
တွေ့ရလိမ့်မယ်။ အဲဒီလိုလူတွေဟာ ထိရောက်မှု 
မရှိတဲ့သူတွေ ဖြစ်ပါတယ်။

၂၁။" လုံ့လဝိရိယ အားနည်းခြင်း"
➖➖➖➖➖➖➖➖➖➖➖
သင်လိုချင်တဲ့ ရည်မှန်းချက်က မြင့်တယ် မဟုတ်လား။ 
အဲဒါကို သာမန်လောက် ကြိုးစားအားထုတ်မှုနဲ့ 
ရလာမှာ မဟုတ်ဘူး။ အသားကုန် ကြိုးစားမှ 
သင်ရည်မှန်းတာတွေ ဖြစ်လာလိမ့်မယ်။

၂၂။" ပြုပြင်ပြောင်းလဲလိုစိတ် မရှိခြင်း"
➖➖➖➖➖➖➖➖➖➖➖➖
တိုးတက်မှုနဲ့ ပြောင်းလဲမှုဟာ ဒွန်တွဲနေတယ်။ 
Transformation လို့ ပြောရင် တိုးတက်ပြောင်းလဲမှုလို့ 
နားလည်ရမယ်။ ပြောင်းလဲလိုစိတ် မရှိရင် 
တိုးတက်မှုလည်း ရှိလာမှာ မဟုတ်ဘူး။

၂၃။" လေ့လာသင်ယူမှု မရှိခြင်း"
➖➖➖➖➖➖➖➖➖➖
လေ့လာသင်ယူမှုဟာ စစ်မြေပြင်ကို ထွက်မယ့် 
စစ်သူကြီးကို လက်နက်တပ်ဆင်ပေးသလိုပါပဲ။
သင်များများလေ့လာလေလေ ပိုပြီး အောင်မြင်ဖို့
အလားအလာများလေလေပါပဲ။ သင်ဘာစာအုပ်တွေ 
ဖတ်လဲ၊ ဘာသင်တန်းတွေ တက်လဲ။

၂၄။" နှမြောလွန်းခြင်း"
➖➖➖➖➖➖➖
ချွေတာတတ်တာဟာ ကောင်းတဲ့အမူအကျင့်ဖြစ်တယ်။ 
နှမြောလွန်းရင်တော့ သင်ရှာဖွေထားတာတွေကို 
အသုံးမချတတ်သလို ဖြစ်လာမယ်။ သုံးသင့်တဲ့နေရာမှာ သုံးပါ။

၂၅။" အစွန်းရောက် လွန်းခြင်း"
➖➖➖➖➖➖➖➖➖➖
သင်မှန်တယ်လို့ မြင်တဲ့အရာတွေဟာ တစ်ခါတစ်ရံမှာ 
သင်မြင်တာပဲ ဖြစ်နိုင်ပြီး တကယ့်အမှန်တရား 
ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ အခြားသူတွေ 
ဘယ်လိုမြင်တယ်၊ ဘာကြောင့် မြင်တယ်ဆိုတာကို 
လေ့လာမယ်ဆိုရင် သင်အမြင်ကျယ်တဲ့ သူတစ်ဦး ဖြစ်လာပါလိမ့်မယ်။

၂၆။" ရည်မှန်းချက် မရှိခြင်း"
➖➖➖➖➖➖➖➖➖
ရည်မှန်းချက် မချမှတ်ထားတဲ့ ဖြစ်ချင်စိတ်ဟာ 
ရောက်ချင်ရာ ရောက်ဖို့ကို ဦးတည်စေပါတယ်။ 
သင့်လုပ်ငန်း၊ ဘ၀၊ အလုပ်အကိုင်၊ မိသားစု
အားလုံးအတွက် ရည်မှန်းချက် တိတိကျကျ ချမှတ်ထားပါ။

၂၇။" မိမိကိုယ်ကိုယ် သုံးသပ်မှုမရှိခြင်း"
➖➖➖➖➖➖➖➖➖➖➖➖
လူတိုင်းလူတိုင်းဟာ အချိန်ကာလတစ်ခုရောက်တိုင်းမှာ 
ခဏရပ်တန့်ပြီး ကိုယ်ဘာတွေ လိုအပ်နေတယ်ဆိုတာကို
ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။ အဲဒီလိုသုံးသပ်မှုဟာ 
သင့်ကို ပိုမိုမြင့်မားတဲ့ အသိဥာဏ်တွေကို ရရှိပါစေလိမ့်မယ်။

၂၈။" တာဝန်ယူမှု/တာဝန်ခံမှု မရှိခြင်း"
➖➖➖➖➖➖➖➖➖➖➖➖
ခေါင်းဆောင်မှုကို သွားမယ်ဆိုရင် ၁၀၀ ရာခိုင်နှုန်း 
တာ၀န်ယူမှု တာ၀န်ခံမှု လိုလာပါတယ်။ အဲဒီလို 
မဟုတ်ပဲ အခြားသူတွေကို လက်ညှိူးထိုးနေသမျှ 
ကာလပတ်လုံး ထောင်ချောက်မိနေတဲ့ 
သားကောင်တစ်ကောင် ညည်းတွားနေသကဲ့သို့ 
အခက်အခဲကနေ လွန်မြောက်မည့်နည်းကို 
ရှာတွေ့နိုင်မည် မဟုတ်သကဲ့သို့ နောက်ထက်အောင်မြင်မှု 
အဆင့်ကိုလည်း ရရှိလာမှာ မဟုတ်ပါဘူး။

၂၉။" ပူပေါင်းဆောင်ရွက်လိုစိတ် မရှိခြင်း"
➖➖➖➖➖➖➖➖➖➖➖➖➖
စိတ်နေသဘောထားကောင်းပြီး အရည်အချင်းရှိသူတွေ 
အခြားသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မှုမရှိတာကြောင့်
လုပ်နိုင်စွမ်းအားတွေ အကန့်အသတ်ဖြစ်ကြရတာတွေ
ကြားဖူးကြမယ်ထင်ပါတယ်။ အဲဒါကြောင့် 
လုပ်ဖော်ကိုင်ဖက်များ၊ လက်အောက်ကသူများနဲ့
ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် သင့်ရဲ့ 
လုပ်ဆောင်မှုများ ပိုမိုထိရောက်လာပါလိမ့်မယ်။

၃၀။" တစ်ကိုယ်ကောင်းဆန်ခြင်း"
➖➖➖➖➖➖➖➖➖➖➖
အတ္တစိတ်လွန်ကဲခြင်းဟာ လူအများနဲ့ ကင်းကွာခြင်းရဲ့
အခြေခံအကြောင်းရင်း ဖြစ်ပါတယ်။ သင့်ဖက်ကိုသာ 
သင်ကြည့်နေသမျှ ကာလပတ်လုံး ပတ်၀န်းကျင်က
သူတွေနဲ့ ကင်းကွာနေမှာ ဖြစ်ပြီး သူတို့ကို 
ကောင်းကောင်းမွန်မွန် ဦးဆောင်လာနိုင်မည် မဟုတ်ပါ။

၃၁။" ကိုယ်ချင်းစာစိတ် မရှိခြင်း"
➖➖➖➖➖➖➖➖➖➖
လူမှုဆက်ဆံရေးမှာ ရွှေစည်းကမ်းဆိုတာ ရှိပါတယ်။ 
အဲဒါကတော့ သင့်ကို လာလုပ်ရင် 
သင်မကြိုက်သောအရာကို အခြားသူများကို မလုပ်ဖို့ 
ဖြစ်ပါတယ်။ ကိုယ်ချင်းစာစိတ် ဆိုတာဟာ
ခေါင်းဆောင်တွေမှာ ရှိသင့်တဲ့ အခြေခံ 
စိတ်နေစိတ်ထား ဖြစ်ပါတယ်။

၃၂။" အလိုက် မသိခြင်း"
➖➖➖➖➖➖➖➖
အလိုက်ကန်းဆိုးနားမလည်ခြင်း၊ အခြေအနေကို 
မကြည့်ပဲ လုပ်ချင်ရာ လုပ်ခြင်းတို့ကြောင့် 
သင့်အပေါ် လူတွေ အထင်အမြင်သေးနိုင်ပြီး 
လူမှုဆက်ဆံရေးမှာ အဖုအထစ်တွေ ဖြစ်လာနိုင်ပါတယ်။
အကယ်၍ သင်သာ အရိပ်အကဲနားလည်လာအောင် 
ကြိုးစားလာမယ်ဆိုရင် လူချစ်လူခင်များလာပြီး 
လူအများကို သြဇာညောင်းတဲ့ ခေါင်းဆောင်တစ်ယောက်
ဖြစ်လာနိုင်ပါတယ်။

တိုးတက်ပြောင်းလဲမှုဆိုတာဟာ သင့်ရဲ့ သိစိတ်ဖြင့် 
ရွေးချယ်မှုသာ ဖြစ်ပါတယ်။

━━━━━━━━━━━━━━━━━━━━

🗿🗿(#သိမှတ်ဖွယ်ရာ_ဗဟုသုတရွာ)

#credit

Thursday, July 22, 2021

ဆေးဖက်၀င် နတ်ဆေးပင် မဟာကာကြံဆစ်



ဆေးဖက်၀င် နတ်ဆေးပင်
မဟာကာကြံဆစ်

နွယ်မြက်သစ်ပင် ဆေးဖက်၀င်သည် ဟူသောစကားအရ မြန်မာ့ဆေးပင်အစွမ်း အံမခန်း များစွာထဲမှ ဆေးပင်တမျိုးနှင့် မိတ်ဆက်ပေးရလျှင်မဟာကာ ကြံဆစ်ဟုခေါ်သော နဂါးမြီးရွက် နှင့် မိတ်ဆက်ပေးပါရစေ။ 

မဟာကာကြံဆစ် ဟုခေါ်သော ထိုဆေးပင်ဧ။် အရွက်များသည် ခပ်ရှည်ရှည်ဖြစ်၍ အကြောအစင်းများရှိသည်။ ရိုးတံတွင် အဆစ်ကလေး များပါရှိပြီး ထိုအဆစ်များမှ အရွက်ထွက်ပေါ်ကာ အရွက်ဧ။် အလယ် သို့မဟုတ် အောက်ခြေစွန်းစွန်းတွင် အမည်းစက် ကလေးများ ရှိတတ်သည်။ အပွင့်မှာ သေးသေးနှင့် ဖြူဖြူ ရှိပြီး အသီးမှာ အနက်ရောင်ရှိ၍ ခပ်သေးသေးဖြစ်သည်။ ချုံနွယ်ပင် တမျိုးဖြစ်ပြီး စိုစွတ်သော နေရာတွင် ပေါက်ရောက်ခါ နေရာအနှံ့အပြားတွင် တွေ့ရှိရပါသည်။ 

 
မိတ်ဆွေတို့တွင် လေးဘက်နာ ရောဂါများ ၊ ခြေဆစ် ၊လက်ဆစ် များ နာကျင် ကိုက်ခဲသော ရောဂါများခံစားကြုံတွေ့ နေရပါက မဟာကြံဆစ် အရွက်ကို ထုထောင်းခါ အရည်ညစ်၍ လိမ်းကျံစေပြီး အဖတ်များကို အုံထားပေး၍ ပျောက်ကင်းစေပါသည်။အကောင်းဆုံးက အိပ်ယာ၀င်ခါနီးတွင် အ၀တ်ဖြင့် စည်းပေးပါက ပို၍ကောင်းပါသည်။ အဖတ်များ ခြောက်သွားသည်နှင့် ကိုက်ခဲနေသော ဒဏ်ရာများယူပစ်သလို ပျောက်ကင်းချမ်းသာ စေပါသည်။ထို့အပြင် ဒူးနာ၍ လမ်းမလျှောက် နိုင်ဖြစ်နေ ပါကလည်း အရွက်အရိုးတို့ကို ထုထောင်း၍ အ၀တ်ဖြင့် စည်းနှောင်၍ အုံထားပေးလျှင် သက်သာပျောက် ကင်းပါသည်။

ထို့နောက် ရင်ကျပ်ခြင်း ၊ ချောင်းဆိုးခြင်း ၊ စသော အဆုတ်ရောဂါများ ကိုလည်းကောင်း ၊ ကျောက်ကပ်ရောဂါ ၊ အသားဝါရောဂါ ၊ အသည်းရောဂါ ၊ဆီးချုပ်ခြင်း ၊ ဆီးကျင်ခြင်း ၊ ဆီးနည်းခြင်း ၊ ဆီးဝါခြင်း၊ စသော ဆီးနှင့်ပတ်သတ်သော ရောဂါများကို လည်းကောင်း ၊ ၀မ်းကိုက်ခြင်း ၊ ၀မ်းလျှောခြင်း စသော ၀မ်းရောဂါများကို လည်းကောင်း ၊ အသည်းကြောင့် ခန္ဓာကိုယ် ဖောရောင်ခြင်း ကိုလည်းကောင်း ခံစားနေရပါက မဟာကာ ကြံဆစ် ရွက်များကို ပြုတ်၍ သောက်ပေးခြင်းဖြင့် ပျောက်ကင်းစေပါသည်။ တချို့က သကြားထည့်၍ သောက်သုံးပါသည် ။ တချို့က ၄င်းအရွက်များကို အခြောက်လှန်းထားကာ ရေနွေးထဲတွင် လက်ဖက်ခြောက်အစား ၄င်းအရွက်ခြောက်များကို ထည့်၍သောက် ကြပါသည်။ တချို့က ထိုအရွက်အား သုတ်စားတတ် ကြပါသေးသည်။

အနာများ ဖြစ်ကြသော အနာစိမ်း ၊ ယားနာ ၊ ခူနာ နှင့် ထိခိုက်ဒဏ်ရာ အနာမှန်သမျှ ရှိပါက ထို မဟာကာ ကြံဆစ်ဧ။် အရွက်ကို ထုထောင်း၍ ထိုအနာပေါ်တွင် အုံပေးထားပါက ပြည်ပေါက်၍ အသားနု တက်လာကာ အနာအမြန်ပျောက်ကင်း ကြောင်း တွေ့ရပါသည်။ ယောင်ယမ်းကာ ပြည်တည်၍ ခွဲထုတ်ပစ်ရမည့် အနာများကို ၄င်းအရွက် အုံပေးထားခြင်းဖြင့် ပျောက်ကင်းစေပါသည်။

ထို့အပြင် ငါးအရိုးစူးခြင်း ၊ ကင်းကိုက်ခြင်း ၊ ခြင်ကိုက်ခြင်း ၊ ပျားတုတ်ခြင်း ၊ ပုရွက်ဆိတ် နီကိုက်ခြင်း၊ ခွေးကိုက်ခြင်း ၊ သံစူးခြင်း ၊ ဓားရှခြင်း ၊ကဲ့သို့သော ထိခိုက်ရှနာများနှင့် အဆိပ်ဖြစ် စေတတ်သော ဒဏ်ရာမှန် သမျှကိုလည်း ထိုမဟာကာ ကြံဆစ်အရွက်ကို အရည်ညစ်၍ လိမ်းပေးလျှင်အမြန်ပျောက်ကင်း သွားပါသည်။ ငါးအရိုးစူးခြင်းတွင် ငါးကျီးငါးဧ။် အရိုးစူးမိပါက ပေါ့ဆလျှင် အသက်အန္တရယ်ပင် ကြုံတွေ့ရ တတ်ပါသည်။ ထိုငါးကျီးရိုး စုးမိပါက စူးမိသော နေရာသို့ မဟာကာ ကြံဆစ်ရွက်အရည်ကို သုတ်လိမ်းပေးပါက မိနစ်ပိုင်း အတွင်း လုံး၀ ပျောက်ကင်းပါသည်။

ဆီပူလောင်ခြင်း ၊ ရေနွေးပူလောင်ခြင်း ၊ စသော အပူလောင်ခြင်း အမျိုးမျိုးကိုလည်း အရွက်ကို ထုထောင်း၍ သုတ်လိမ်းပေးပါက အမာရွတ်ပင်မထင်တော့ဘဲ အမြန်ပျောက်ကင်း သွားတတ်ပါသည်။ သွားကိုက် ၊ နားကိုက် များဖြစ်လျှင်လည်း မဟာကြံဆစ် အရွက်အ၇ည်ကို ညစ်ထည့်၍ အဖတ်ကို ကိုက်နေသော နေရာ၌ ငုံထား အုံထားပေးလျှင် ပျောက်ကင်း ပါသေးသည်။

ထိုမဟာကာ ကြံဆစ်အရွက်ပြုတ်ရည်ကို သောက်ပေးခြင်းဖြင့် မောပန်းမှု နှင့် နာကျင်မှု ဝေဒနာများ ပျောက်ကင်းကာ ယခင်ကထက် ကိုယ်ခန္ဓာ ပေါ့ပါး သွက်လက်လာသော လက်တွေ့အကျိုးထူး ရရှိစေပါသည်။ ထိုသို့သော ရောဂါမှန်သမျှကို အမြန်ပျောက်ကင်းသော မဟာကာ ကြံဆစ် ဆေးပင်ကို 
ဒေသအလိုက် ဆိပ်ဖြေပင်
မြွေမင်းပင် မြွေဟောက်ပါးပျဉ်းပင်
နဂါးမြီး ဟု အမျိုးမျိုးခေါ်ဆိုကြပြီး တချို့ကလည်း နတ်ဆေးပင် ဟု ခေါ်ဆိုကြပါသည်။
မှတ်စု

Credit တိုင်းရင်းဆေး ဆွေးနွေးခန်း

Sunday, January 12, 2020

ဆံပင်ကျန်းမာရေး

ဆံပင်ပါး၊ ဆံပင်ကျွတ်၊ ထိပ်ပြောင်၍ ဆံပင်အတွက်နဲ့ စိတ်ညစ်နေသူများအတွက် ကြက်သွန်နီဖြင့် ကုသနိုင်မည့် သဘာဝနည်းလမ်းလေးကို ကျန်းမာရေးသတင်းများကနေ မျှဝေပေးလိုက်ပါတယ်။

ကြက်သွန်နီအရည် ထုတ်လုပ်ပြီးသားဗူးတွေရှိတာ တွေ့ရပါတယ်။ ကိုယ်တိုင်လဲ လုပ်လို့ရတဲ့နည်းလမ်းတွေ ရှိပါတယ်။ နည်းတွေကလဲ ရိုးရိုးလေးတွေပါပဲ။ ကိုယ့်အတွက် လွယ်ကူသက်သာမယ့် နည်းလမ်းတွေ ရွေးချယ် သုံးစွဲနိုင်ပါတယ်။

(၁) ပထမနည်းကတော့-- ကြက်သွန်နီ သတ္တုရည် သက်သက်ပါ။

ဆာလဖာ ဓာတ် ပါဝင်မှုများတဲ့ ကြက်သွန်နီရဲ့ အကျိုးကျေးဇူး ရရှိဖို့ အလွယ်ဆုံး နည်းလမ်းလဲ ဖြစ်ပါတယ်။ ကြက်သွန်နီတွေကို ကြိတ်စက်ထဲ ထည့်ကြိတ်ပြီး အရည်ညှစ်ယူလိုက်တာပါ။ အဲဒီအရည်ကို ဦးရေပြားမှာ လိမ်းပြီး အနည်းဆုံးမိနစ် ၃၀ ကနေ ဆန္ဒရှိရင် ဒီထက်အချိန်ပိုကြာကြာ ထားလို့ရပါတယ်။ ပြီးရင်တော့ ရေဆေးချ ခေါင်းလျှော်လိုက်ပါ။ တပတ်ကို ၃ ကြိမ် လုပ်ဖြစ်တယ် ဆိုရင် တစ်လ ၂ လ အတွင်း အကျိုးထူုးပါတယ်။ သဘာဝနည်းလမ်းတစ်ခုဖြစ်ဖို့ စိတ်တော့ ရှည်ပေးပါတဲ့။
(မူရင်းဆောင်းပါးမှာ ပါတဲ့အတိုင်း ဘာသာပြန် ရေးပေးတာနော် :P)

(၂) ဒုတိယနည်းကတော့-- ပျားရည်+ကြက်သွန်နီရည် ၂ မျိုးရော အရည်ပါ။

ဒီအရည်ကိုတော့ လိမ်းလို့တင်မက သောက်လို့လဲ ရပါတယ်။ ပျားရည် စားပွဲတင်ဇွန်း တစ်ဇွန်းကို ကြက်သွန်နီရည်က ခွက်ရဲ့ ၄ ပုံ ၁ ပုံစာ ရောရမှာပါ။ နေ့တိုင်း သောက်ပေးပါ လို့ ဆိုပါတယ်။ တပြိုင်ထဲပဲ ခေါင်းလျှော်မယ် ဆိုရင်လဲ အဲဒီ ကြက်သွန်နီရည်+ပျားရည် အရောကို ဦးရေပြားပေါ်နဲ့ ဆံပင်တွေမှာ ၁၀ မိနစ်လောက် လိမ်းကျံနှိပ်နယ်ပြီး မိနစ် ၃၀ လောက်ထားပြီး လျှော်ပေးရမှာပါ။

(၃) နောက်တစ်နည်းကတော့ ကြက်သွန်နီအရည်+ ဆီတွေ ရောထားတဲ့ အရည်ပါ။

ကြက်သွန်နီအရည် ၃ ဇွန်းကို အုန်းဆီ ၁ ဇွန်းနဲ့ သံလွင်ဆီ ၁ ဇွန်းတို့နဲ့ ရောနှောပေးရပါမယ်။ အဲဒီအရည်တွေကို ဆံပင်နဲ့ဦးရေပြားအတွက် အနည်းဆုံး တပတ် ၃ ကြိမ် သုံးစွဲလို့ရပါတယ်။ ဒီနည်းက ဆံပင်ကျွတ်တာ၊ ဦးရေပြား ခြောက်သွေ့ ယားယံတာတွေအတွက် နည်းကောင်းတစ်ခုလို့ ဆိုပါတယ်။

(၄) ကြက်သွန်နီရည်+ရမ် ရောနှောအရည်ပါ။

ကိုယ့်ဆံပင်ပေါ်မှာ ကြက်သွန်နီရဲ့ မွန်တဲ့ အနံပြင်းပြင်းကို သည်းမခံနိုင်ဘူး ဆိုရင် အခုပြောတဲ့နည်းကို သုံးစွဲနိုင်ပါတယ်။ ကြက်သွန်နီ အတုံးလေးတွေ လှီးထားတာတွေကို ရမ်အရက် ထည့်ထားတဲ့ ဖန်ခွက်ထဲကို ထည့်လိုက်ပြီးတော့ ဒီအတိုင်း တညလောက် ထားရမှာပါ။ ရေခဲသေတ္တာထဲလဲ မထားရပါဘူး။ ကိုယ်ခေါင်းလျှော်မယ်ဆိုရင် အဲ့ဒီအရည်ကို ဆံပင်ကိုလိမ်း၊ ဦးရေကိုလဲ နှိပ်နယ်ပေးရပါမယ်။ ဆံပင်ပေါက် ဆံပင်သန်စေဖို့ အကျိုးပြုပါတယ် တဲ့။

ကြက်သွန်နီအရည်ဟာ ဆံပင်ကျွတ်တာတွေနဲ့ အကွက်လိုက်ကျွတ်တဲ့ ဆံပင်နေရာတွေမှာ ပြန်ပေါက်အောင် နှစ်ပေါင်းများစွာ သုံးစွဲလာတဲ့နည်းလို့ အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြထားတဲ့ မူရင်းဆောင်းပါးမှာ ဖတ်ရှုရပါတယ်။

ဆံပင်အတွက် ကြက်သွန်နီရည် သုံးစွဲတာမှာ ပြသနာတစ်ခုကတော့ ကြက်သွန်နီနံ့ မွှန်ထူ စူးရှ ပြင်းထန်တာပါပဲ။ ကြက်သွန်နီနံ့ ခပ်ပြင်းပြင်းကို မကြိုက်ဖူး၊ သည်းမခံနိုင်ဘူး ဆိုရင်တော့ ပုံမှန်သုံးစွဲသွားဖို့ အခက်အခဲ ရှိပါလိမ့်မယ်။ ကြက်သွန်နီ အနံ့ပြင်းကို အောင့်အီး သည်းခံနိုင်မယ် ဆိုရင်တော့ ဆံပင်သန်စွမ်းကောင်းမွန်ဖို့ အကျိုးထူးကို ခံစားရမှာပါပဲ။
စောနွဲ့နေနိုင် ပူတာအို

Friday, December 27, 2019

***** စိတ်တဲ့ *****


[Unicode]
စိတ်လေကွယ်စိတ်တဲ့ ႏိွမ့်ကျမႇဳ မြင့်မြတ်မႈကို စိတ်နဲ႔ တိုက်ရိုက်တိုင်းတာရင်ေတာ့ ေအာက်ဆံုးကနေလို တက်မွာမဟုတ်ဘူး။ သုညဒီဂရီအောကျ အမွဲရောကျနမှောပါပဲ။ 

ဘာကွောငျ့လဲဆိုတော့
စိတ်ဆိုတာ မေကာင်းမႈမွာပဲ ျပ်ောလေရိွ့တာမလား ဒါေကြာင့် စိတ်ကို ေကာင်းမႈ၊ မေကာင်းမႈမွာ မြင့်မြတ်တယ်၊ မမြင့်မြတ်ဘူး မတိုင်းတာပါနဲ႔၊ ရလာဘ်က အမြဲေအာက်ဆံုးမွာ ဖြဈနေမွာပါပဲ။

ဒါေကြာင့်လဲ?
မြတ်စွာဘုရားရွင်က မြင့်မြတ်မႈ၊ မမြင့်မြတ်မႈကို သီလတရားနဲ႔ တိုင်းတာခိုင်းတာေပါ့။ သီလတဈခုကို ေစာင့်ထိမ်းဖို႔ လွယ်လွယ်နဲ႔ ရခဲ့ေအာင်မြင်ခဲ့တယ်မထင်ပါနဲ႔။ တကယ်ေတာ့ သီလတဈခုအတွက် စိတ်ဓာက်ေကာင်းတွေက စဈပွဲေပါင်း အရာ၊ အေထာင်၊ အေသာင်းျမားစွာ ၾက်ောဖြတ်လာခဲ့ရတာပါ။

ဒါေကြာင့်မို႔
စိတ်ဓာက်တွေကို တိုက်ရိုက်မဝေဘန်ပါနဲ႔ ကိုယ်ကင်ျ့တရားတိုင်းကို လိႈက်လိႈက်လွဲလွဲ ကြိုဆိုဂုဏ်ပြုလိုက်ပါ။ သီလတရားတိုင်းဟာ စိတ်ယုတ်စိတ်ရိုင်းတို႔ကို ေအာင်ပွဲရဲ့ ရလာဘျတှဖွေဈနလေို့ပါပဲ။

[Zawgyi]***** စိတ်တဲ့ *****
စိတ်လေကွယ်စိတ်တဲ့ နှိမ့်ကျမှု မြင့်မြတ်မှုကို စိတ်နဲ့ တိုက်ရိုက်တိုင်းတာရင်တော့ အောက်ဆုံးကနေလို တက်မှာမဟုတ်ဘူး။ သုညဒီဂရီအောက် အမြဲရောက်နေမွာပါပဲ။ 

ဘာကြောင့်လဲဆိုတော့
စိတ်ဆိုတာ မကောင်းမှုမှာပဲ ပျော်လေ့ရှိတာမလား ဒါကြောင့် စိတ်ကို ကောင်းမှု၊ မကောင်းမှုမှာ မြင့်မြတ်တယ်၊ မမြင့်မြတ်ဘူး မတိုင်းတာပါနဲ့၊ ရလာဘ်က အမြဲအောက်ဆုံးမှာ ဖြစ်နေမှာပါပဲ။

ဒါကြောင့်လဲ?
မြတ်စွာဘုရားရှင်က မြင့်မြတ်မှု၊ မမြင့်မြတ်မှုကို သီလတရားနဲ့ တိုင်းတာခိုင်းတာပေါ့။ သီလတစ်ခုကို စောင့်ထိမ်းဖို့ လွယ်လွယ်နဲ့ ရခဲ့အောင်မြင်ခဲ့တယ်မထင်ပါနဲ့။ တကယ်တော့ သီလတစ်ခုအတွက် စိတ်ဓာက်ကောင်းတွေက စစ်ပွဲပေါင်း အရာ၊ အထောင်၊ အသောင်းများစွာ ကျော်ဖြတ်လာခဲ့ရတာပါ။

ဒါကြောင့်မို့
စိတ်ဓာက်တွေကို တိုက်ရိုက်မဝေဘန်ပါနဲ့ ကိုယ်ကျင့်တရားတိုင်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုလိုက်ပါ။ သီလတရားတိုင်းဟာ စိတ်ယုတ်စိတ်ရိုင်းတို့ကို အောင်ပွဲရဲ့ ရလာဘ်တြွေဖစ်နေလို့ပါပဲ။

Wednesday, December 18, 2019

စာကြည့်တိုက် ရန်ပုံငွေ လှူဒါန်းခြင်း





Zg

***** မဂ်လာနေ့ရက်များကို ပိုင်ဆိုင်ခွင့်ရခဲ့ခြင်း *****

အရှင်ဘုရားတို့ဟာ တပည်တော်များရဲ့ နှလုံးသားအိမ်တံခါးကိုဖွင့်ပြီး ဦးနှောက်တွေကို အလင်းရောင်ပေးခဲ့ပါပြီဘုရား။

ဒါကြောင့် အရှင်ဘုရားတိုဟာ တပည့်တော်များ ပိန္နဲကုန်းရွာအတွက်တော့ လမ်းပြကြယ်များပဲဖြစ်ပါတယ်ဘုရား။

Saturday, January 19, 2019

မေမေမငိုပါနဲ့ သားဗိုက်​မဆာပါဘူး။




" မေမေ "

"ဘာလဲ သား..."

"ဟိုကောင်လေး ဆော့နေတဲ့ အရုပ်လေးမျိုးလေး
လိုချင်တယ် မေမေ"

"နောက်ကျတော့ ဝယ်ပေးမှာပေါ့ သားရယ်"

"တကယ်နော်"