Wednesday, October 12, 2016

ကရင်လူမျိုး (၁)


ကရင်လူမျိုးများသည် ရိုးသားကြိုးစားကြပြီး အေးဆေးသောဘဝကို လိုလားသူများဖြစ်ကြသည်။
လူမျိုးစုများ
ကရင်လူမျိုးတွင် စကောကရင် နှင့် ပိုးကရင် ဟူ၍ အဓိကလူမျိုးစုကြီး ၂ စုရှိသည်။ ထိုလူမျိုးစုကြီး ၂စုမှာ ဓလေ့စရိုက် နှင့် အသုံးပြုသော ဘာသာစကားတွင် ကွဲပြားခြားနားမှုများရှိသည်။ စကောကရင်လူမျိုးများသည် ယောက်ျားလေးများ၏ အမည်ရှေ့တွင် စော တပ်၍ ခေါ်ဝေါ်လေ့ရှိကြပြီး မိန်းကလေးအမည်ရှေ့တွင် နော် တပ်၍ ခေါ်ဝေါ်လေ့ရှိကြသည်။ ပိုးကရင်လူမျိုးများမှာမူ ယောက်ျားလေးများ၏ အမည်ရှေ့တွင် မန်း တပ်၍ ခေါ်ဝေါ်လေ့ရှိကြပြီး မိန်းကလေးအမည်ရှေ့တွင် နန့် တပ်၍ ခေါ်ဝေါ်လေ့ရှိကြသည်။
ကရင်လူမျိုးများနှင့် ရှေးဦးသမိုင်းအကျဉ်း

ထီ့ဆေ့မေ့ယွား ခေါ် ထီးဆဲ့မဲ့ယွားလူမျိုးတိုင်းသည် မိမိတို့၏သမိုင်းကို သားစဉ်မြေးဆက်လက်ဆင့်ကမ်းသယ်ပိုးခဲ့ကြ၏။ သို့ဖြစ်၍ သမိုင်းဟူသည် ဖောာက်ဖျက်၍ ရနိုင်ကောင်းသော အရာမဟုတ်ပေ။ပုဂံရာဇ၀င်ကို တုတ်ထမ်းပြောရတယ် ဟု အဆိုရှိလျှင် ပုဂံရာဇ၀င်ထက် ရှေးကျသည့် ကျွန်ုပ်တို့ ကရင်တိုင်းရင်းသာတို့၏ ရှေးဦးသမိုင်းကို ပြန်ပြောင်းပြောရာတွင် သုတေသီတို့ အငြင်းပွားဖွယ်ရာရှိပါက အံ့သြစရာမဟုတ်ပေ။ကျွန်ုပ်တို့ ကရင်တိုင်းရင်းသားတို့သည် ရှေးကပင် လူကြီးမိဘများ၏ ဆုံးမစကားကို တရိုတသေမှတ်သားလိုက်နာတတ်ပြီး နောင်လာနောင်သားများအား ပြန်လည်သွန်သင်ဆုံးမခြင်းဖြင့် သမိုင်းအထောက်အထားများကို ခိုင်ခိုင်လုံလုံ ထိန်းသိမ်းလာ နိုင်ခဲ့သည်။ ယင်းသမိုင်းအထောက်အထားများအနက် ထီ့ဆေံမေ့ယွားခေါ် ထီးဆဲ့မဲ့ယွား ဒေသသည် ကရင်လူမျိုးတို့ တစ်ချိန်က အခြေချနေထိုင်ခဲ့သော နေရာဒေသဖြစ်ကြောင်းကို အများကကြားဖူးပြီးဖြစ်သော်လည်း ယင်း ထီ့ဆဲ့မဲ့ယွား ဒေသသည် မည်သည့်တိုင်းပြည်ဒေသ တွင် ရှိသည်ကို မှန်းဆမရနိုင်သူ များလှသည်။ထီ့ဆဲ့မဲ့ယွား ဟူသည် ရေစီးရာတွင် သဲတို့ မျောပါနေသော ဖြစ်ချောင်းဒေသ ဟု အဓိပ္ပါယ်ရသည်။ ယင်းဒေသကို မနုဿပထ၀ီဗေဒနှင့် သမိုင်းပညာရပ်များစသည်တို့ဖြင့် သိပ္ပံနည်းကျ လေ့လာရှာဖွေပါက တရုတ်ပြည်တောင်ပိုင်း တစ်နေရာတွင် လွန်ခဲ့သောနှစ်ပေါင်း (၃၅၀၀)လောက်က တည်ရှိခဲ့သော အိုအေစစ် ယဉ်ကျေးမှု ပုံသဏ္ဍာန်ဖြစ်ပြီး၊ မြစ်ကြောင်းတစ်လျှောက် စိုက်ပျိုး မွေးဖြူရေး အသင့်အတင့်လုပ်ကိုင်၍ အခြေချနေထိုင်ပြီး မိသားစု အိမ်ထောင်စုတို့ စုပေါင်းနေထိုင်ကြသည့် ဒေသဖြစ်သည်။ထိုဒေသတွင် ကရင်ရှေးဦးလူတို့သည် ရာစုနှစ်တစ်ဝက်ကျော် နေထိုင်ခဲ့ဟန်ရှိပြီး နောက်ပိုင်းတွင် မြစ်ချောင်းများတိမ်ကောမှုနှင့် မိုးရေလျှံမှုတို့ကြောင့် စိုက်ပျိုးခင်းများ လူနေအိမ်များပျက်ဆီးခဲ့ရပြီး တိုးပွားလာသော လူဦးရေအတွက် ထောက်ပံ့နိုင်သည့် အခြေအနေမရှိတော့သဖြင့် နေရာအသစ်ရှာဖွေရန် အုပ်စုခွဲပြီး တောင်ဘက်အရပ်များသို့ ရွှေ့ပြောင်းလာကြရာ ယနေ့အရှေ့တောင်အာရှဒေသအနှံ့ ပြန့်ကျဲနေထိုင်ကြသော ကရင်လူမျိုးစုများကို တွေ့ရခြင်းဖြစ်သည်။မို့ထိတ် ဖထိတ် ခေါ် မိုးထိ ပါးထိကရင်ရှေးဦးလူမျိုးတို့သည် အရှေ့တောင်အာရှဒေသအနှံ့ အစုစုပျံ့နှံ့ နေထိုင်ကြသော်လည်း ထီဆေ့မေ့ယွားဒေသမှ ထွက်လာစဉ်က အားလုံးတစ်ချိန်တည်း ထွက်လာကြသည်မဟုတ်ပဲ အနည်းဆုံး အုပ်စုကြီး နှစ်စု ထွက်လာကြသည်မှာ ထင်ရှားပါသည်။ ယင်းအုပ်စုနှစ်စုအနက် ရှေးဦးစွာ ထွက်လာကြသူများမှာ ဖခင်များ သို့မဟုတ် အကြားအမြင်ဗဟုသုတရှိပြီး အသက်ကြီးသော ယောက်ျားများဦးဆောင်ပြုသော အုပ်စုဖြစ်ပြီး ကောင်းမွန်သောဒေသအသစ်တွေ့ရှိပါက ကျန်ခဲ့သော မိသားစုများကို ပြန်ခေါ်ရန် ရည်ရွယ်ချက်ဖြင့် ထွက်လာကြပြီး ယင်းအုပ်စုတွင် လိုက်ပါသွားသူများကို နောင်ကာလတွင် ဖထိတ် သို့မဟုတ် ပါထိ ခေါ် ဖခင်အနွယ်ကရင်မျိုးနွယ်စုများဟု ခေါ်တွင်လာခဲ့သည်။ ကျန်ခဲ့သော မိသားစုများတွင် အတွေ့ကြုံပြည့်စုံသော မိခင်များ သို့မဟုတ် အမျိုးသမီးကြီးများက စီမံကွပ်ကဲ၍ ထိုဒေသမှ ထွက်ခွာသောကြသော မိသားစုများ သည် တစ်နေ့တွင် ပြန်လာခေါ်မည်ဟု မျှော်လင့်ချက်ဖြင့် ထီ့ဆေ့မေ့ယွား ဒေသတွင် နေထိုင်လာခဲ့ရာ နှစ်ပေါင်းကြာမြင့်လာသောအခါ သဘာဝဘေးရန်များနှင့် နောက်ထပ်ရွှေ့ပြောင်းလာကြသောအခြားလူမျိုးစုများရန်ကြောင့် ရှေးကထွက်ခွာသွားသော အုပ်စုနောက်သို့ ရှာဖွေလိုက်လာခဲ့ပြီး ယင်းတို့ကို ထီ့ဆေ့မေ့ယွားမှ မို့ထိတ် သို့မဟုတ် မိုးထိ ခေါ် မိခင်အနွယ်ဝင် ကရင်လူမျိုးများ ဖြစ်လာကြသည်ဟု သမိုင်းပညာရှင် အများစုက လက်ခံယုံကြည်ထားကြသည်။ဖထိတ်ခေါ် စကောကရင်အုပ်စုသည် မဲခေါင်မြစ်ကြောင်း သံလွင်မြစ်ကြောင်းများကို အဓိကအသုံးပြုပြီး တောင်ဘက်သို့ ရွှေ့ပြောင်းလာကြရာ ယနေ့တိုင် ယိုးဒယားပြည်၊ မြန်မာပြည်၊ ကမ္ဘောဒီးယားနှင့် ဗီယနမ်တောင်ပိုင်း၊ မလေးရှားမြောက်ပိုင်းဒေသများသို့တိုင်အောင် တောင်ပေါ်မြေပြန့်အနှံ့ နေထိုင်ကြသည်ကို တွေ့နိုင်ပါသည်။မို့ထိတ် ခေါ် ပိုးကရင်အုပ်စုသည် ဧရာဝတီမြစ်ကြောင်းတို့ကို အထူးသဖြင့် အသုံးပြုပြီး ဆင်းသက်လာခဲ့ကြရာ မြန်မာပြည်ဖြစ်ဝကျွန်းပေါ်ဒေသနှင့် ကရင်ပြည်နယ်ဒေသများတွင်လည်းကောင်း၊ ယိုးဒယားပြည်အနောက်ဘက်ခြမ်းဒေသများတွင် လည်းကောင်း ပျံ့နှံ့နေထိုင်သည်ကို တွေ့ရပေမည်။ကရင်သက္ကရာဇ်ရေတွက်ခြင်းဒုတိယအသုတ်ဖြစ်သော မို့ထိတ်ခေါ် ပိုးကရင်အနွယ်ဝင်တို့သည် ခမ(၇၃၉) နှစ်လောက်တွင် ပြည်ထောင်စုထဲသို့ စတင်ဝင်ရောက်လာပြီး ထိုကာလမှစ၍ ကျွန်ုပ်တို့ကရင်အမျိုးသာ သက္ကရာဇ်ကို သုတေသီတို့ရေတွက်၍ ယခုနှစ်ဆိုလျှင် ၂၇၄၈-ခုနှစ်သို့ ရောက်လာခဲ့ပါပြီ။သို့ဖြစ်၍ ယနေ့ ကျွန်ုပ်တို့ပြည်ထောင်စုအတွင်း ပြန်လည်ဆုံစည်းကြသော ဖခင်အနွယ်ဝင် စကောကရင် အုပ်စုနှင့် မိခင်အနွယ်ဝင် ပိုးကရင် အုပ်စုတို့မှာ တစ်ချိန်က ထီ့ဆေံမေ့ယွားတွင် တစ်ရွာတည်း သို့မဟုတ် တစ်အိမ်ထောင်စုတည်းနေထိုင်ခဲ့ကြသော မိဘများမှ တစ်မျိုးတည်း တစ်ခုတည်းသော သွေးရင်းသားရင်းညီအစ်ကိုများဖြစ်ကြောင်းကို ကရင်လူကြီးများက ဆုံးမပြောကြားခဲ့သော ပုံပြင်များ၊ ဆုံးမစကားများ၊ စကားပုံများအရ မှန်ကန်ကြောင်း ငြင်းဆိုစရာမရှိသည့်အပြင် ယင်းသမိုင်းစဉ်ကို ပိုမိုခိုင်လုံစေသည့် သမိုင်းအထောက်အထား များက ယနေ့အရှေ့တောင်အာရှဒေသရှိလူမျိုးစုများ၏သမိုင်းကို လေ့လာခြင်းအားဖြင့် ယင်းတို့အနက် ကျွန်ုပ်တို့ ကရင်လူမျိုးစုများ၏ အတိတ်သမိုင်းကြောင်းကိုလည်းမှန်ကန်စွာ လေ့လာတွေ့ရှိနိုင်ပါသည်။ကရင်ဟု ခေါ်တွင်ခြင်းကရင်လူမျိုးစုများကို ပညာရှင်များက ထိုင်းတရုတ်အနွယ်ဝင်များဟု မှတ်တမ်းတင်ကြသည်။ ပညာရှင်တို့၏ တင်ပြချက်အရ လူတို့၏ ဦးခေါင်းခွံအနေအထားနှင့် နှာခေါင်းအနေအထားအရလည်းကောင်း၊ စကားဝေါဟာရ ဘာသာဗေဒအရလည်းကောင်း သတ်မှန်ခေါ်တွင်ခြင်းဖြစ်သော်လည်း ကရင်လူမျိုးစုများမှာ ထိုင်း တရုတ် အုပ်စုများကဲ့သို့ပင် မွန်ဂိုအနွယ်ဝင်များဖြစ်ကြသည်။အရှေ့တောင်အာရှရှိ လူမျိုးအတော်များများက ယန် ဟု ခေါ်ကြပြီး၊ မြန်မာလူမျိုးများက ကရင်ဟုခေါ်ကြသည်။ ကရင်ဟူသော အခေါ်ကို မည်သည့်အချိန်ကစပြီး ခေါ်ကြသည်ကို အတိအကျတင်ပြရန် ခက်ခဲသော်လည်း ယင်းအခေါ်သည် အင်းဝခေတ်မတိုင်မီ စတင်ခေါ်ထွင် ခဲ့ဟန်ရှိသည်။ မြန်မာလူမျိုးတို့၏ အယူအဆအရ ကရင်လူမျိုးများကို ရှမ်းလူမျိုး(၃၀)တွင် ထည့်သွင်း၍ မှတ်တမ်းတင်ခဲ့ရာ ကွေ့ရှမ်းလူမျိုးများကိုလည်းကောင်း ဂျွမ်းလူများကိုလည်း ကောင်း၊ ကရင်လူမျိုးများဟု ဒေသတစ်လျှောက် ခေါ်တွင်ကြခဲ့သည်ဟု သမိုင်းပညာရှင်အချို့ က ယူဆကြသည်။အချို့ပညာရှင်များက တစ်ချိန်က ဧရာဝတီမြစ်ကမ်းတွင် နေထိုင်ခဲ့ဖူးသော ကမ်းယံလူမျိုးမှားမှ ကရင်လူမျိုးများဖြစ်လာသည်ဟူ၍လည်းကောင်း၊ ပျူလူမျိုးများအား ယနေ့ ပိုးကရင်ဖြစ်လာသည်ဟူ၍လည်းကောင်း ယူဆကြသည်။ယနေ့ရခိုင်ပြည်နယ်ဒေသတစ်ချို့တွင် ကမ်းယံ လူမျိုးအနည်းငယ်ကို တွေ့နိုင်ရာ ယင်းတို့မှာ ကရင်လူမျိုးမှားနှင့်မတူကြောင်းကိုလည်းကောင်း၊ ပျူလူမျိုးများသည် ပျောက်ကွယ်သွားပြီဟု သမိုင်းပညာရှင်အချို့က ယူဆကြသော်လည်း အမှန်မှာ ယနေ့တိုင်အောင် ပျူလူမျိုးတို့၏ အဆက်အနွယ်ကို ပဲခူးတိုင်းအနောက်ဖက်ခြမ်းနှင့် ပြည်မြို့တစ်ဖက်တွင် အနှံ့အပြားတွေ့ရှိနိုင် ပါသည်။ သို့ရာတွင် ထိုသူတို့အားလုံးမှာ သူတို့ကိုယ်တိုင် မြန်မာလူမျိုးများဟု ယုံကြည်ကြပြီး မြန်မာလူမျိုးများအသွင်သို့ လုံးဝပြောင်းလဲသွားခြင်းသာဖြစ်သည်။ သို့သော် မြန်မာစစ်စစ်များ နှင့် အရောင်အသွေးမတူခြင်း၊ စကားပြောရာတွင် အသံဝဲပုံ တစ်မျိုးတစ်ဖုံထူးခြားခြင်းတို့ ကြောင့် ပျူလူမျိုးများကို ပိုးကရင်ဖြစ်လာသည်ဆိုသော ယူဆချက်မှာ မမှန်နိုင်ပါ။ သို့ရာတွင် ရှေးပျူယဉ်ကျေးမှုထွန်းကားချိန်တွင် ပျူလူမျိုးများနှင့် ပိုးကရင်အနွယ်အ၀င်များတို့ ရောနှော ခဲ့ကြသည့် လက္ခဏာအထောက်အထားကား ထည့်သွင်းစဉ်းစားရပေမည်။အဘယ့်ကြောင့်ဆိုသော် ယနေ့ကရင်လူမျိုးတို့၏ ရိုးရာဓလေ့အချို့သည် ထိုခေတ် ပျူယဉ်ကျေးမှု အချို့တို့နှင့် နီးစပ်သည်ကို တွေ့ရှိနိုင်ခြင်း၊ မည်လည်သမိုင်းတွင် ပျူမင်း များ ဟူသော အရေးအသားနှင့်ပတ်သက်၍ ပျူမှာ လူမျိုးများကို ဖော်ပြရာဖြစ်သကဲ့သို့ ပြုံး ဟူသော အခေါ်မှာ မြန်မာစကားသံအရ ယရစ်သံပျက်ဖြစ်၍ ပရုံး ဟူသောအသံထွက်ပြီး သံမှန်အနေအထားသို့လေ့လာပါက ပရုံး ဖလုံး ဖလုံ ဟူသော အသံများရဲ့ မူလဇစ်မြစ်ဖြစ်နိုင် ပြီး ယင်းအခေါ်သည် ယနေ့ ပိုးကရင် တို့ မိမိကိုယ်ကိုခေါ်သော ဖလုံ ဟူသော အခေါ်နှင့် အသံထွက်တူသည်ကို တွေ့ရသည်။ထို့အပြင် နိုင်ငံခြားသားများ၏ မှတ်တမ်းဝင်အခေါ်အရ ပြည်မြို့ကို ပရုံး ဟုခေါ်ခြင်းသည် ယင်း ဒေသတွင် တစ်ချိန်က ယနေ့ ဖလုံ ခေါ်သော ပိုးကရင်လူမျိုးစုတို့ နေထိုင်ရာ ဒေသအဖြစ်ဖြင့် ထင်ရှားခဲ့ကြောင်းကို ရှေးကရင်လူကြီးများအဆိုနှင့် ယှဉ်ပြီးသိနိုင်ပါသည်။မြန်မာသမိုင်းတွင် ပါရှိသည့် မွန် မြန်မာတို့ နှစ်ပေါင်း(၄၀)စစ်ပွဲကာလတွင် မြန်မာမင်းများ၏ အရှေ့ဘက်စစ်ကြောင်းဖြစ်သော စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်တွင် အများစုနေထိုင်သော စကောကရင် လူမျိုးစုများကို မြန်မာမင်းတို့၏ စစ်တပ်များတွင် ပါဝင်စေခြင်းဖြင့်လည်းကောင်း၊ မွန်မင်းများကြီးစိုးရာ ဒေသဖြစ်သော မြစ်ဝကွန်းပေါ်နှင့် အောက်ပိုင်းရှိပိုးကရင်လူမျိုးစုများကို မွန်မင်းများ၏ စစ်တပ်တွင် ပါဝင်စေခြင့်ဖြင့်လည်းကောင်း၊ ကရင်လူမျိုးနှစ်စုအား မွန် မြန်မာတို့က ခွဲခြားခေါ်ဝေါ်ခြင်းဖြင့် စကောကရင်အုပ်စုကို မြန်မာကရင်များ၊ ပိုးကရင်အုပ်စုကို မွန်ကရင် သို့မဟုတ် တလိုင်းကရင်များဟူ၍လည်းကောင်း ယနေ့တိုင်အောင် တစ်ချို့ခေါ်ဝေါ် နေကြသေးသည်။သုတေသီတစ်ချို့က တောင်ငူမင်းဆက်ကို ကရင်လူမျိုးတို့ စတင်တည်ထောင်ကြောင်း အဆိုရှိကြသည်။ ယင်းအဆိုမှာ များစွာ လျှော်ကန်လှပေသည်။ အကြောင်းမှာ မွန်-မြန်မာစစ်ပွဲ ကာလတွင် စကောကရင်လူမျိုးစုတို့သည် စစ်ရေး အုပ်ချုပ်ရေးအတွေ့အကြုံနှင့် နယ်မြေဒေသ စုစည်းနေထိုင်မှုများကြောင့် တောင်ငူမင်းဆက်ကို စတင်တည်ထောင်ရန် အင်အားအထူးကောင်းမွန်လျက်ရှိမည်မှာမလွဲပေ၊ မည်သို့ပင်ဆိုစေကာမူ သမိုင်းတွင် ကရင်လူမျိုးတို့ မှတ်တမ်းမ၀င်သည်မှာ ကရင်လူ မျိုးတို့၏ အေးဆေးစွာ နေထိုင်လိုသောစိတ်ဓာတ်နှင့်စည်းလုံးညီညွတ်မှု အားနည်းသော သဘာဝတို့ကြောင့် အခြားလူမျိုးများ၏လက်အောက်တွင် ကာလကြာမြင့်စွာ နေထိုင်ကြရကာ မိမိတို့ဓလေ့ထုံးစံတစ်ချို့ နှမျောဖွယ်ရာ ဆုံးရှူံးရခြင်းနှင့် တစ်ဒေသနှင့် တစ်ဒေသဆက်သွယ်ရန် ဝေးလံခက်ခဲသော နေရာဒေသများတွင် နေထိုင်ကြရလေသည်။
ကရင်နှစ်သစ်ကူးနေ့နှင့် ကရင်သက္ကရာဇ်

ကရင်နှစ်သစ်ကူးနေ့ သလေး၊ ထိုင်ခေါက်ဖိုး၊ ပြာသိုလဆန်း (၁)ရက်သည် ၁၉၃၈ ခုနှစ်တွင် ပေါ်ပေါက်လာ၏။ ဂေဇက်ဝင် နိုင်ငံတော်ရက်အားနေ့ဖြစ်၍ နိုင်ငံတ၀ှမ်းလုံးရှိ ကျောင်းများ၊ ရုံးများ၊ အလုပ်ရုံများ၊ ဘဏ်တိုက်ကြီးများ ပိတ်ကြရ၏။ပြည်သူလူထုအားလုံး ၀မ်းသာအားရဖြစ်၍ မဆုံးနိုင်ပေ။ နောင်လည်း ကရင်နှစ်သစ်ကူး ပွဲတော်နေ့သည် နှစ်စဉ်လာဦးမည် ဖြစ်သောကြောင့် မင်္ဂလာကျက်သရေရှိသော နိုင်ငံတော်ရက်အား တရက်ပိုလာမည်ဖြစ်ရကား လုပ်သားပြည်သူလူထု ကျောင်းသား ကျောင်းသူတို့ ၀မ်းမြောက်၍ မဆုံးနိုင်ပေ။ အချို့သော ကရင်အမျိုးသားတို့ကား မိမိတို့ အမွေအနှစ်ဖြစ်သည့် ပျောက်ကွယ် တိမ်မြုပ်နေသော နေ့ထူးနေ့မြတ်ကို ပြန်လည်ရရှိကြသဖြင့် မည်မျှပီတိဖြစ်သည်ကို စာအားဖြင့် ရေးသားဖော်ပြခြင်းငှာ မစွမ်းနိုင်ပေ။ကရင်နှစ် သစ်ကူးနေ့နှင့်အတူတကွ ကရင်သက္ကရာဇ် ပါလာ၏။ ၎င်း သက္ကရာဇ်မှာ အံ့သြဘွယ်ရာ ဖြစ်နေပေသည်။ ကမ္ဘာသုံးသက္ကရာဇ် ၁၉၈၀ ထက် အသက် ၇၃၉ နှစ်ကြီးနေရကား ကရင်လူမျိုးတို့သည် ကမ္ဘာအံ့ဖွယ်တခုကို တီထွင်လိုက်ခြင်း ဖြစ်နေသည်ဟု ဆိုကြသည်။ အံ့သြကြသည်။ ဟာသပြုကြသည်။ သို့သော် ဟာသပြုထိုက်၊ ဆိုထိုက်၊ အံ့သြထိုက်ပေသည်။ တွေးလေ၊ တွေးလေ၊ ပို၍ပင် အံ့သြဆန်းကြယ်လေပင် မဟုတ်ပါလော။
ကရင်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ

၁၉၄၈ခုနှစ်ဖေဖော်ဝါရီလ (၃) ရက်နေ့ တွင် KNU ကရင်အမျိုးသားအစည်းအရုံးက ဖဆပလ အစိုးရထံ ပရင်ပြည်ပေးရန် စာရေးတောင်းဆိုခဲ့သည်။ စာကို တလအတွင်း (၁၉၄၈) ခုနှစ်၊ မတ်လ (၃) ရက်နေ့ နောက်ဆုံးထားပြီး ဖစပလ အစိုရမှ KNU ထံ အကြောင်းပြန်ရန်၊ ပြန်စာမရရှိပါက (သို့ မဟုတတ်) ကရင်ပြည်ပြန်ပေးဖို့ ရန် ငြင်းဆိုပါက ကရင်အမျိုးသားများ ခြေတလှမ်း တက်လှမ်းမည်ဟု ပါရှိပါသည်။ ကရင်ပြည်တောင်းဆိုစာ ပိုမိုလေးနက်စေရန် ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ ၌ မြန်မာတပြည်လုံးရှိ ကရင်အမျိုးသားများအားလုံး ကရင်ပြည်လိုလားကြောင်း မြို့ ပေါ်တက်၍ ကရင်လူဆန္ဒပြပွဲ ကျင်ပရန် ဆုံးဖြတ်ခဲ့ကြသည်။ ယင်ဆုံးဖြတ်ချက်အတိုင်း (၁၉၄၈) ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ တွင် မြန်မာပြည်တပြည်လုံးရှိ ကရင်အမျိုးသားများမြို့ ပေါ်တက်၍ ကရင်ပြည်လိုလားကြောင်း ကရင်လူထူဆန္ဒပြပွဲ ကျင့်ပလေသည်။ အောက်မြန်မာပြည် ကရင်အများစု ရှိရာဒေသများတွင်သာမက မြောက်ဖက်မြစ်ကြီးနားမှ တောင်ဖက်မြိတ်မြို့ အထိ၊ ရှမ်းပြည်နယ်တွင် နမ့်ခမ်း၊ ကွတ်ခိုင်၊ လားရှိုး၊ တောင်ကြီး၊ ကျိုင်းတုံ၊ မြန်မာပြည်အလယ်ပိုင်းတွင် မိတ္ထီလာ၊ ချောက်၊ ရေနံချောင်း စသည်ဖြင့် တပြည်လုံးတွင် ဆန္ဒပြကြသည်။ ရန်သူ ဖဆကလ မှလည်း ခြိမ်းခြောက်နှောက်ယှက်တားမြစ်ခြင်းကို အမျိုးမျိုးပြုလုပ်ခဲ့သည်။ သို့ သော် နှောက်ယှက်တားမြစ်ခြင်း အမျိုးမျိုးကြားမှ ကရင်တမျိုးသားလုံး (၂) ရက်၊ (၃) ရက်ခရီးများချီတက်၍ ဆန္ဒပြရာ ကရင်အမျိုးသား၊ အမျိုးသမီးပေါင်း (၄)သိန်းကျော် အသံတိတ် ဆန္ဒပြ၍ ထိုနေ့ ရက်အထိ မြန်မာပြည်သမိုင်းတွင် အကြီးမားဆုံး ဆန္ဒပြပွဲဖြစ်ခဲ့သည်။ ကရင်အမျိုးသားမျးသည် ကြွေးကြော်သံ (၄) ချက်ဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။

ကရင်ပြည်ချက်ခြင်းပြန်ပေး၊
ကရင်တကျပ်၊ ဗမာတကျပ်၊
လူမျိုးရေးအဓိကရုဏ်း အလိုမရှိ၊
ပြည်တွင်းစစ်အလိုမရှိ

စသည့်ကြွေးကြော်သံများပါသော ပိုစတာများ ကိုင်စွဲပြီး မြို့ များအတွင်းလှည့်လည်၍ ငြိမ်းချမ်းစွာအသံတိတ် ဆန္ဒပြကြရာ မြန်မာပြည်သမိုင်းတွင် စည်ကမ်းအရှိဆုံး ဆန္ဒြုပပွဲအဖြစ် သမိုင်းတွင်ရစ်ခဲ့သည်။ ဤနိုင်ငံရေး ကြွေးကြွော်သံများသည် ကရင်လူမျိုးများအနေနှင့် အခြားလူများနည်းတူ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို လိုလားကြောင်း ပြည်တွင်းစစ်ကိုမလိုလားကြောင်း၊ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနှင့်သာ တရားမျှတစွာ ဖြေရှင်းလိုကြောင်း ပွင့်ပွင့်လင်းလင်း ဖော်ပြခြင်းဖြစ်သည်။ ကရင်ကံကြမ္မာ ပရင်ဖန်တီးခွင့်ရရှိရေးနှင့် ပတ်သက်သည့် ကရင်အမြိုးသားရေး လှုပ်ရှားမှုသမိုင်းကြီးသည် နိုင်ငံရေးသမိုင်းတစု၊ သာမန်လူတစု၏ လှုပ်ရှားမှုမဟုတ်ဘဲ တမျိုးသားလုံးလက္ခဏာ ဆောင်သည် ပရင်အမျိုးသားရေး လှုပ်ရှားမှုကြီး ဖြစ်ကြောင်းကို ကရင်လူထူဆန္ဒပြပွဲကြီးက ဖေါ်ထုပ်ပြသလိုက်ခြင်း ဖြစ်သည်။ တဆက်တည်းမှာပင် ပရင်အမျိုးသားလှုပ်ရှားမှုနှင့် ကရင်တော်လှန်ရေးသည် ပြည်ပသွေးထိုးမှုကြောင့်ဖြစ်ပေါ်လာခြင်း မဟုတ်ကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်။ ကရင်အမျိုးသားထု ဆန္ဒပြပွဲ၏ နိုင်ငံရေးအဓိပ္ပါယ် ကရင်တမျိုးသားလုံး၏ နိုင်ငံရေးအသိ မျိုးချစ်ပြည်ချစ် စိတ်ဓါတ်ကို မွေးထုပ်ပြသည့်နေ၊ ပရင်တမျိုးသားလုံး၏ စည်းလုံးညီညွတ်မှုကို ဖော်ထုပ်ပြသည့်နေ့ ၊ ကရင်အမျိုးသားများ၏ ဇာတိသွေး၊ ဇာတိမာန်ကို ရဲရဲတောက် ဖော်ထုပ်ပြသည့်နေ့ ၊ နိုင်ငံရေး လက်ဦးမှုကို ကရင်များရယူသည့်နေ့ ၊ ကရင်ကို ကမ္ဘာက ပိုမိုသိစေသည့်နေ့ ပင်ဖြစ်သည်။ အဆိုပါအကြောင်းများကြောင့် (၁၉၅၃) ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်မှ (၂၅) ရက်နေ့ အထိ ဖာပွန်မြို့ တွင်ကျင့်ပသော ကော်သူလေးပြည်လုံးဆိုင်ရာ ကွန်ကရက်မှ ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ ကို ကရင်အမျိုးသားနေ့ ဟု သတ်မှတ်ကျင့်ပရန် မြစ်ဝကျွန်းပေါ်အမှတ် (၁) ခရိုင်ဥက္ကဌ ဦးကျော်အေးက အဆိုပြုပြီး မြစ်ဝကျွန်းပေါ် အမှတ် (၁) တပ်မမှုး ဗိုလ်ချုပ်ပေါ်ထူးက ထောက်ခံ၍ ကွန်ကရက်ကိုယ်စားလှယ်များက ကန့် ကွက်သူလုံးဝမရှိဘဲ တညီတညွတ်တည်း အတည်ပြုလိုက်ရာ ကရင်လူထူ ဆန္ဒပြပွဲဖြစ်သည့် ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ သည် ကရင်အမျိုးသားနေ့  ဖြစ်လာလေသည်။
ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အသိအမှတ်ပြုခြင်း ဥပဒေကြမ်း ၁၉၃၇

ဥပဒေကြမ်းအမှတ် ၂၆။ ၁၉၃၇။

နိဒါန်း

ကရင်အမျိုးသားများ နှစ်သစ်ကူးနေ့ အသိအမှတ်ပြုခြင်း ဥပဒေကြမ်းကို ထုတ်ပြန်ရန် လိုအပ်လျှက်ရှိသည်။ ထိုသို့သော အကြောင်းကြောင့် အောက်ပါအတိုင်း ပြဋ္ဌာန်းလိုက်သည်။

ခေါင်းစဉ်ငယ် ၁။

(၁) ဤဥပဒေကို ကရင်အမျိုးသားများ နှစ်သစ်ကူးနေ့ အသိအမှတ်ပြုခြင်း ဥပဒေ ၁၉၃၇ ဟု ခေါ်တွင်စေရမည်။ (၂) ဤဥပဒေသည် ဘုရင်ခံက ကြေညာချက် ထုတ်ပြန်သည့်နေ့မှ အစပြု၍ အထူးသဖြင့် ယခုကြေငြာသော အချိန်မှစ၍ ချက်ခြင်း အာဏာတည်စေရမည်။ (၃) ဤဥပဒေသည် ဗြိတိသျှမြန်မာနိုင်ငံ တ၀ှမ်းလုံးကို အာဏာသက်ရောက်စေရမည်။

ရှင်းလင်းချက် ၁။

(၁) ကရင်အမျိုးသားများဆိုသည်မှာ ၎င်းတို့၏ အမျိုး၊ ဇာတိ၊ ဘာသာအယူဝါဒ၊ ယုံကြည်ကိုးကွယ်မှုတို့နှင့် မသက်ဆိုင်ဘဲ အားလုံးသော ကရင့်မျိုးနွယ်များ၊ မျိုးနွယ်စုများ၊ မိသားစုဝင် အနွယ်တူ လူမျိုးများ အားလုံးကိုဆိုလိုသည်။

(၂) ကရင်အမျိုးသားများ နှစ်သစ်ကူးနေ့သည် အခြားသော တိုင်းရင်းသားများ၊ ပြည်သူများ၊ အမျိုးသားများ၏ နှစ်သစ်ကူးနေ့ အတိုင်းပင် အတိအကျ အဓိပ္ပါယ်ရပေသည်။ ကောင်းမြတ်သောနှစ်၏ ပထမနေ့ဖြစ်သည်။ ကရင်အမျိုးသားများ နှစ်သစ်ကူးနေ့သည် မြန်မာပြက္ခဒိန် ပြာသိုလဆန်း (၁)ရက်နေ့နှင့် ဆီလျှော်သည့်အတိုင်း ကရင်ပြက္ခဒိန်နှစ်အရ ‘သလေး၊ ထိုက်ခေါက်ဖိုး လဆန်ုး (၁)ရက် သို့မဟုတ် (၂) ရက်တွင် ကျရောက်ပေသည်။

နှစ်သစ် အလို့ငှာ ဤနေ့ရက်သို့ ကျရောက်သောအခါ ကရင်အမျိုးသားများသည် ၀ါးအိမ်သစ်များကို တည်ဆောက်ခြင်း၊ ပစ္စည်းဟောင်းများကို ပြုပြင်ခြင်း၊ တောင်ကုန်းထူထပ်သော နေရာသစ်တို့၌ တောင်ယာသစ်များကို သတ်မှတ်ခြင်းတို့ကို ပြုလုပ်ကြသည်။ ဤကိစ္စများကို အားလုံးသောကရင်များက နေရာတိုင်းမှာ အသိအမှတ်ပြုကြသည်။ ရုပ်တုကိုးကွယ်သူ ကရင်များက နတ်များကို ကိုးကွယ်ပသခြင်းဖြင့် လည်းကောင်း၊ ဗုဒ္ဓဘာသာ ကရင်များက ဘုရားရှိခိုးခြင်း၊ ကျောင်း ဇရပ်သွားခြင်း၊ သံဃာတော်များထံမှ တရားနာယူခြင်းတို့ဖြင့် လည်းကောင်း၊ ခရစ်ယာန်ဘာသာဝင်များက ဆုတောင်း ဘုရားရှိခိုးခြင်း စသည်တို့အပြင်သက်ဆိုင်ရာ ယုံကြည် ကိုးကွယ်မှုအလိုက် ကရင်မျိုးနွယ် အားလုံးသည် ကြီးစွာသော စည်းဝေးခြင်းများ ပြုကြလျှက် စုရုံးကြသော သက်ဆိုင်ရာ ဘာသာရေး ပွဲတော်များ၊ ပျော်ပွဲရွှင်ပွဲများကို ကရင်များ နေထိုင်ရာ ဒေသတိုင်းတွင် ပြုလုပ်ကြပေသည်။ သို့ဖြစ်၍ ကရင်အမျိုးသားတို့၏ သမိုင်းတွင် ဤနေ့ရက်များသည် အကြီးကျယ်ဆုံးသော ပျော်ပွဲရွှင်ပွဲနေ့များ ဖြစ်ကြပေသည်။

ကြေငြာချက်၏ အကြောင်းအကျိုးများ

တိုင်းရင်းသား လူမျိုးစုများကိုယ်တိုင် ၎င်းတို့၏ ရှေးရိုးစဉ်လာ ထုံးတမ်းဓလေ့များကို စောင့်ထိန်းခြင်း၊ မြင့်မြတ်သော ဘာသာရေးတရားနှင့် စပ်ဆိုင်သောနေ့များကို အသိအမှတ်ပြုခြင်း တို့သည် ဗြိတိသျှအစိုးရ၏ ထာဝရ နိုင်ငံရေး မူဝါဒဖြစ်ပေသည်။ သို့ဖြစ်၍ မြန်မာပြည်လူမျိုးစုတို့၏ ဘာသာရေးနှင့် စပ်ဆိုင်သော နေ့များ၊ မြင့်မြတ်သောနေ့များကို ဗြိတိသျှ အစိုးရက အသိအမှတ် ပြုသည်ကို ကျွန်ုပ်တို့ မြင်တွေ့ကြရသည်။ တိုင်းရင်းလူမျိုးများ မဟုတ်ကြသော တရုတ်၊ ဥရောပသားတို့သည် သူတို့နှင့်အတူ သူတို့၏ ဘာသာရေးနှင့်ဆိုင်သော မြင့်မြတ်သောနေ့များကို ကျွန်ုပ်တို့၏ မြေပေါ်သို့ ဆောင်ယူခဲ့ကြသည်။ ၎င်းကို ဗြိတိသျှ အစိုးရအနေဖြင့် အစိုးရ ရုံးပိတ်ရက်၊ အားလပ်ရက်အဖြစ် အသိအမှတ်ပြုခဲ့ပေသည်။

မြန်မာနိုင်ငံ၏ ဒုတိယအရေးအပါဆုံး တိုင်းရင်းသား လူမျိုးဖြစ်သည့် ကရင်အမျိုးသားများမှာမူ မည်သည့်မြင့်မြတ်သော နေ့နှင့် ဘာသာရေးနှင့်ဆိုင်သောနေ့မျှ အသိအမှတ်ပြုခြင်း မခံရသေးပေ။

အမှန်တကယ် လိုအပ်နေသည်ဖြစ်၍ ကြီးစွာသော သံဝေဂကြီးရလျှက် ကရင်ခေါင်းဆောင်များနှင့် သက်ကြီးသူများ တို့သည် အသိအမှတ်ပြုပေးရန် အားထုတ်ကြိုးပမ်း ခဲ့ကြပေသည်။ ဤကိစ္စကို အစိုးရထံ မေးမြန်းကြ၏။ ထင်ရှားပေါ်လွင်အောင် ဆောင်ရွက်ခဲ့ကြသည်။ သို့မဟုတ် အစိုးရက အသိအမှတ်ပြုရန် အောင်မြင်စွာ ဆောင်ရွက်ခဲ့ကြသည်။

ငြိမ်းချမ်း၍ ဥပဒေကိုစောင့်သိသော၊ သစ္စာရှိသော၊ တခါက ဗြိတိသျှအစိုးရ၏ ချီးမြှင့် မြောက်စားခြင်းကို ခံခဲ့ရသော ကရင်အမျိုးသားများသည် ယခုကဲ့သို့ သိသာစွာ ငြိမ်တိတ်နေသည်မှာ ၀မ်းနည်းဖွယ် ဖြစ်ပါသည်။ သည်ကနေ့ အခြေအနေတွင် အမျိုးသားလှုပ်ရှားမှုဖြင့် ကရင်အမျိုးသားတို့သည် နေရာတကာမှာ လူမသိ၊ သူမသိဖြစ်နေကြရသည်ကို မိမိတို့ဘာသာ မိမိတို့ မြင်တွေ့လာကြရသည်။

သူတို့၏ ပြင်းပြသောဆန္ဒများ၊ အစဉ်မပြတ် အချိန်တိုင်း၌ ရယူလိုမှုနှင့် တရားဥပဒေအရ ညီညွတ်လျှက် ထိုက်သင့်သော တောင်းဆိုမှုများကြောင့် မသိကျိုးကျွံ လျစ်လျူပြုမှုများကို ပျက်ပြယ် စေခဲ့သည်။ ယနေ့ ကရင်အနွယ်ဝင်များနှင့် ကရင့်ရိုးရာရှေးဟောင်း ဓလေ့ထုံးစံများကို ထိန်းသိမ်း စောင့်ရှောက်ရန် မြန်မာပြည်သစ်၏ ဖွဲ့စည်းပုံ ဥပဒေအသစ်အရ အခြားသော တိုင်းရင်းသားလူမျိုးများ နှင့် ရင်းမြစ်တူညီစွာ အရေးပါသော လူမျိုးတမျိုးဖြစ်သည့် အတိုင်း မိမိတို့၏ ရခွင့်ရလမ်းများကို အသိအမှတ်ပြုစေရန် အစိုးရထံမှောက် တင်ပြခဲ့ပေသည်။

ထို့ကြောင့် ကရင်အမျိုးသားတို့သည် မြန်မာနိုင်ငံ၌ ဒုတိယ အရေးပါသော တိုင်းရင်းသားများ ဖြစ်ကြ၍လည်းကောင်း၊ အတိတ် ပစ္စုပ္ပန် ၂-ဋ္ဌာန၌ အစိုးရအပေါ် သစ္စာရှိသော တိုင်းရင်းသားလူမျိုးများ ဖြစ်ကြ၍ လည်းကောင်း၊ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ကို မြန်မာလ ပြာသိုလဆန်း (၁) ရက်နေ့ သို့မဟုတ် (၂)ရက်နေ့ကို သတ်မှတ် ပြဋ္ဌာန်းပေးလိုက်သည်။ အမျိုးသားများ၏ ပွဲတော်များ၊ ရိုးရာဓလေ့များကို စောင့်ထိန်းခြင်းသည် မလိုအပ်ဘဲလျှက် အခြားသော တိုင်းရင်းသားများနှင့် တသီးတခြားကွဲလွဲအောင် ဆောင်ရွက်ကြရန် မဟုတ်ပေ။ အမျိုးသားရေးနှင့် စပ်ဆိုင်သော ကွဲလွဲမှုများ၊ သီးခြားရှိမှုများသည် ပြဿနာမဟုတ်ပါ၊ ဂုဏ်သိက္ခာတက်စရာများသာ ဖြစ်သည်။

မြန်မာနိုင်ငံရှိ ကရင်တိုင်းရင်းသားများသည် မြန်မာ တိုင်းရင်းသားများသာ ဖြစ်ကြသည်။ အနွယ်တူများအဖြစ်သာ သိရှိနေကြပါသည်။ ကရင် တိုင်းရင်းသားများအနေဖြင့် သူတို့၏ ရှေးဟောင်း ဓလေ့ထုံးတမ်းများ

No comments:

Post a Comment