Wednesday, October 12, 2016

ခါကာဘိုရာဇီတောင်


အရှေ့တောင်အာရှတွင် အမြင့်ဆုံးဖြစ်သည့် ခါကာဘိုရာဇီတောင် သည် အမြဲတစေ ရေခဲဖုံးလွှမ်းနေသော ဒေသတစ်ခုဖြစ်သည်။ ယခု အခါတွင်တော့ သစ်ပင်သစ်တောများ ထုတ်ယူသုံးစွဲမှု၊ ရှားပါးအပင်များ၊ ရေခဲတောင်ဒေသတွင် ပေါက်ရောက် သည့်အပင်များအား ထုတ်ယူသုံးစွဲမှု များလာခြင်းက ဂေဟစနစ်ကို ပျက်စီး လာစေသည်။ ရေခဲလိုင်းများကို မြင့်တက်လာစေသည်။
ရေခဲတောင်ဒေသတွင် အမြင့်ပေ ၄၀၀၀ ၀န်းကျင်မှစ၍ အပင်ကြီးများ မပေါက်ရောက်နိုင်ပေ။ ကျူဝါးပင်များနှင့် တောင်ပေါ်မြက်ခင်းများ ပေါက်ရောက်လေသည်။ ကျူဝါး မြက်ဂေဟစနစ်သည် ရေခဲလိုင်းကို သတ်မှတ်ပေးသည်။ ယင်းဂေဟစနစ် ကြောင့်လည်း ရေအရင်းအမြစ်ရှိနေသည်။ ကျူဝါးမြက်ဂေဟစနစ်နှင့် အတူ မီတာ ၃၀၀၀ တွင် ၀က်သစ်ချ၊ ထင်းရှူး၊ မေပယ်လ်နှင့် မိုးမခပင်များ ပေါက်ရောက်သေးသည်။ အပြန် အလှန်အကျိုးပြုနေသော ဂေဟစနစ် များပင်ဖြစ်သည်။
ယခုအခါ ခါကာဘိုဒေသနှင့် ဖုန်ကန်ရာဇီ တောင်ခြေဒေသတို့၌ ထင်း နှင့် အခြားအသုံးပြုမှု၊ စီးပွားဖြစ် ထုတ်ယူသုံးစွဲလာမှုတို့က ဂေဟစနစ် ကို ပျက်စီးလာစေခဲ့ပြီ။
''ကျူဝါးမြက်ဂေဟစနစ်တွေ ပျက်စီးလာတဲ့အတွက် အခုဆိုအပူချိန်တွေ မြင့်တက်လာတယ်။ ရေခဲဖုံးဒေသ တွေမှာ ရေခဲတွေအချိန်စော အရည်ပျော်ကျလာတယ်။ ရေခဲလိုင်းတွေက လည်း အမြင့်ပေ ၃၅၀၀ ကနေ ၄၀၀၀ လောက်အထိ မြင့်တက်သွားတယ်။ အရင်တုန်းက ရေခဲလိုင်းကို အမြင့်ပေ ၇၀၀၀ လောက်မှာစပြီး တွေ့နိုင်ပေမယ့် လွန်ခဲ့တဲ့ လေး၊ ငါးနှစ်လောက်ကစပြီး ရေခဲလိုင်းတွေကို ပေ ၁၀၀၀၀ ကျော် လောက်မှာမှ စတွေ့ရပါတော့တယ်''ဟု ကချင်ပြည်နယ်မှ ရုက္ခဗေဒပညာရှင် က သုံးသပ်ပြသည်။

No comments:

Post a Comment