Wednesday, July 25, 2018

ဝါဆိုသင်္ကန်းအ​ကြာင်း သိ​ကောင်းစရာ

ဝါဆိုရည်မှန်း မြတ်သင်္ကန်း…
++++++++++++++++

ထေရဝါဒ ရဟန်းတော်များရဲ့ ဝါဆိုရာ ဝါတွင်းကာလ အချိန်နီးကပ်လာတာနဲ့အမျှ ဗုဒ္ဓဘာသာ မြန်မာများရဲ့ ရဟန်းတော်များ ဝါတွင်းကာလ ဝတ်ရုံအသုံးပြုနိုင်ရန် ရည်မှန်းပြီး လှူဒါန်းကြတဲ့ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲများဟာလည်း တဖြည်းဖြည်း အချိန်လုလာကြတာကို သတိထားမိလာပါတယ်။ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းမယ့် ရက်ကို အလုအယက် ဖြစ်လာကြတဲ့အပိုင်းမှာ တစ်ချို့က ဝါဆိုသင်္ကန်းကို ဝါမဆိုခင်ပဲ ဆက်ကပ်လှူဒါန်းကောင်းတယ်လို့ ထင်နေကြတဲ့ အတွက်ကြောင့်ဖြစ်သလို တစ်ချို့လည်း ဝါဆိုသင်္ကန်း အလှူဟာ ဝါမဆိုခင်လှူမှ ပိုပြီးကုသိုလ်ရကာ ဝါတွင်းသုံးလလုံးလုံး မိမိတို့ လှူဒါန်းထားတဲ့ သင်္ကန်းကို အပြည့်အဝ ဝတ်ရုံသုံးဆောင်နိုင်ကြမှာ ဖြစ်တယ်လို့ လက်ခံယုံကြည်ထားကြတဲ့ အတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

Monday, July 23, 2018

ဝါဆိုသင်္ကန်းနှင့်​ မိုး​ရေခံသင်္ကန်း

▬▬▬▬▬▬ஜ۩۞۩ஜ▬▬▬▬▬
               "ဝါဆိုသင်္ကန်း"
                       နှင့်
             "မိုးရေခံသင်္ကန်း"
                  လုံးဝ မတူပါ…
▬▬▬▬▬▬ஜ۩۞۩ஜ▬▬▬▬▬

Facebook မှာ
"ဝါဆိုသင်္ကန်း"နှင့် "မိုးရေခံသင်္ကန်း"ကို
အတူတူ"ဟု ရေးသားထားသည်ကို တွေ့ရပါသည်။
မဟုတ်ပါ။