Saturday, December 15, 2018

ပြင်ဦးလွင်မြို့နယ် ပိန္နဲကုန်းကျေးရွာ ဆိုလာမီးလင်းရေးဆောင်ရွက် အိမ်ခြေ ၁၅ဝ ကျော်၊ စာသင်ကျောင်းနှင့် လမ်းများ မီးလင်း

ပြင်ဦးလွင် စက်တင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ပိန္နဲကုန်း(တောင်)ကျေးရွာတွင် ရတနာပုံဆိုလာကုမ္ပဏီမှ လှူဒါန်းသည့် ဆိုလာမီးလင်းရေးဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၃၁ ရက်က အဆိုပါကျေးရွာ၌ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် တက်ရောက်အားပေးချီးမြှင့်ပြီး ဆိုလာမီးလင်းရေးဆိုင်းဘုတ်ကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးသည်။

Sunday, December 9, 2018

လူထုဦးလှ သို့မဟုတ် တစိမ့်စိမ့် အပြုံးရှင်

၁။ခါတိုင်းလိုပါပဲ။ သံတံခါးနီကြီးရှေ့ ရပ်ပြီး တံခါးကို အသာအယာ ဆွဲဖွင့်ပြီး ပြန်စေ့၊ ထို့နောက် မြက်ခင်းစိမ်း နုလေးပေါ် ဖြစ်လျှောက်၍ စာကြည့်တိုက် တံခါးဝ အရောက်တွင် လက်နှိပ်စက်သံ တဖြောက်ဖြောက်ကို ကြားလိုက်ရသည်။