Thursday, September 28, 2017

ဗန်​ဒါသီးရဲ့ ကျန်းမာ​ရေး အကျိုး​ကျေးဇူး




မြန်မာပြည်မှာ ဗန်ဒါပင်(ဗန်ဒါသီး)လို့ အလွယ်ခေါ်လေ့ရှိတာကြောင့်၊“ဗာဒံပင်” ဆိုတဲ့ သူ့ မူလအမည် ပျောက်ကွယ်နေပါတယ်။အင်္ဂလိပ်အမည်ကတော့ Indian Almond ပါတဲ့။

ဆီးချိုအတွက်​ ​သင်္ဘာမညှိးအစွန်း

ဒီပန်းပင်ဟာ ဆေးဖက်ဝင် ပန်းတစ်မျိုး ဖြစ်ပါတယ်။
အဓိက ဆေးဖက်ဝင်တာကတော့ အရွက် နှင့် အမြစ် ဖြစ်ပါတယ်။
သူ၏ အရွက် အရင့်များကို ခူးဆွက်၍ ကျိုချက် သောက်သုံးပေးခြင်းဖြင့်..."Diabetes "လို့ခေါ်တဲ့ ဆီးချို ရောဂါကို ပျောက်ကင်း သက်သာစေပါတယ်။
သူ၏ အရွက်အနု အသေးများကို တဖန်ခူးဆွက်၍ ကျိုချက် သောက်သုံးပါက"Stomach camps "အစာအိမ် ကြွက်တက်ခြင်း ရောဂါကို ပျောက်ကင်း သက်သာစေပါတယ်။
သူ၏ အမြစ်ကို ရေစင်အောင် ဆေးကြောပြီး ပြုပ်သောက်ပါက"Intestinal parasitism"လို့ခေါ်တဲ့ အူအတွင်း ကပ်ပါးရောဂါ အမျိုးမျိုးကို ပျောက်ကင်း သက်သာစေပါတယ်။
အမြစ်ဟာ သွားကိုက်ရောဂါကို ပျောက်ကင်း သက်သာစေပြီး ကင်ဆာရောဂါ မဖြစ်အောင် ကြိုတင် ကာကွယ် တားဆီးပေးပါတယ်။
နောက်တစ်နည်း အမျိုးသမီးများ ကိုယ်ဝန်ဖျက်ချသည့် နေရာမှာလည်း များစွား အသုံးဝင်တယ် အာနိသင်ပြင်းတယ်လို့ ရေးသားဖော်ပြထားပါတယ်။
တော်တော် ဆေးစွမ်းထက်တဲ့ အပင်ဖြစ်ပါတယ်..အချို့သော ဆေးစာ အခေါ်အဝေါ်များကို ဘ၀ခါးခါးက အကုန်မသိတော့ အခြားပျောက်ကင်း နိုင်သည့် ရောဂါ တော်တော်များများ ကျန်ရှိနေပါသေးသည်။
သူ၏ အရည်ဟာ ခါးသက်မှု့ ရှိပါတယ်။ယုံကြည်စွာ သောက်သုံးပါ ကျွန်တော် အာမခံပါတယ်။
#credi to ဘ၀ခါးခါး✏
( ဆီးချိုအတွက်ဆို ပန်းအဖြူ သုံးရပါတယ်လို့ ပြောပါတယ် )

ကျီး​ပေါင်းမူးသူများအတွက်​တဲ့

ကျီးပေါင်းကြောင့်မူးသူများအတွက်
နွယ်မြက်သစ်ပင် ဆေးဘက်ဝင်တဲ့
"ဝါးမင်း" အကြောင်းမျှဝေချင်ပါတယ်။
လွန်ခဲ့တဲ့လက ကဖိုးမောင်တယောက်
ပက်လက်ကုလားထိုင်ပေါ်ကအထ,မှာ
မိုက်ခနဲမူးလွန်းတာကြောင့်
ဆရာဝန်ပြေးခေါ်ခဲ့ရပါတယ်။

Wednesday, September 27, 2017

စတော်ဘယ်ရီသီးလေးများနဲ့ ဝိုင်ဖောက်ကြရအောင်

တရုတ်မလေး Li Zi Qi ရဲ့ စတော်ဘယ်ရီသီးလေးတွေနဲ့
ကိုယ်တိုင် အိမ်မှာ ဝိုင်လုပ်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။
အလွယ်လည်းရ ကိုယ်တိုင်လည်းလုပ်ယူခွင်းရတဲ့အတွက် 
အန္တရာယ်လည်း ကင်းဝေးောစမှာဖြစ်ပြီး 
ကျန်းမာရေးအတွက်လည်း အထောက်အကူပြုစေမှာပါ။

Video credit by Li Zi Qi & Gao Shang Chinese Learning Hub



ကြာရွက်​ အမဲထမင်းပေါင်း လုပ်နည်းလေးပါ။

တရုတ်မလေး Li Zi Qi ရဲ့ ကြာရွက်​ထမင်းပေါင်းလေးပါ။
ရိုးရှင်းလွယ်ကူပြီး စားရတာအရမ်းအရသာရှိမဲပုံပါပဲ မြန်မာပြည်မှာဆို 
ချစ်တီးထမင်းလိုမျိုးပေါ့။
ချစ်တီးထမင်းကတော့ ငှက်ပျောဖက်​နဲ့ထုတ်ပြီး 
ဒီအမဲထမင်းပေါင်းလေးကတော့ ကြာရွက်​ကလေးနဲ့ပေါင်းပြီး
အသွင်လည်း ဆန်းပြာသလို အရသာလည်း ဆန်းပြားမှာ 
အမှန်ပါပဲ။ စမ်းသပ်ကြဖို့တော့မမေ့နဲ့နော်။