Thursday, October 13, 2016

ကုလားတန်မြစ်

အရှည် 
ဖြတ်သန်းရာ ဒေသ ရခိုင်ပြည်နယ်
မြစ်လက်တက်များ ရေဆင်းဧရိယာ 
အဆုံးသတ်စီးဝင်ရာ ဘင်္ဂလားပင်လယ်အော်

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ဒေသရှိ ရေဆင်းများမှတဆင့် ကုလားတန်မြစ်စီးဆင်းလာပြီး၊ မြန်မာနိုင်ငံ ချင်းပြည်နယ်၏ ကျဉ်းမြောင်းသည့် လျှိုမြောင်တောင်တန်းများကို ဖြတ်သန်းစီးဆင်းလာကာ အရှည် ကီလိုမီတာ ၃၅၀ မျှ စီးဆင်းလာပြီးနောက် ရခိုင် ပြည်နယ် စစ်တွေမြို့ အနီးတွင် ဘင်္ဂလားပင်လယ်အော် အတွင်းသို့ စီးဝင်ပါသည်။ မြစ်၏အောက်ပိုင်းတွင် ကျယ်ဝန်းသည့် မြေဆီသြဇာကြွယ်ဝသော မြစ်ဝှမ်းလွင်ပြင်အဖြစ် ပေါ်ထွန်းလာပြီး ၁၁၀ ကီလိုမီတာအထိ ကျယ်ဝန်းပါသည်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့ အထက်ပိုင်းမှသည် စစ်တွေမြို့အထိ စတုရန်းကီလိုမီတာ ၃,၆၄၀ ကျယ်ဝန်းသည့် မြစ်ဝှမ်းလွင်ပြင်ကို ဖြစ်ပေါ်စေပါသည်။

လူသူမထိတွေ့ရသေးသည့် သစ်တောရိုင်းများနှင့် ရှားပါးတိရိစ္ဆာန်များ မြစ်အထက်ပိုင်းဒေသ တစ်လျှောက်တွင် နေထိုင်ကြပြီး၊ တိုင်းရင်းသား လူမျိုးများသည်လည်း ဤမြစ်ကိုမှီတင်း၍ သက်မွေးနေထိုင်နေကြပါသည်။ မြစ်ကြောင်း တစ်လျှောက်ရှိ မြို့များတွင် လူဦးရေ စုစုပေါင်း တစ်သန်းခန့်အထိ နေထိုင်ကြသည်ဟု ခန့်မှန်းရပါသည်။

ကိုးကား
© 2009 မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ယက် (BRN)

No comments:

Post a Comment