Wednesday, October 12, 2016

နာဂလူမျိုး


နာဂ ( ချင်းပြည်နယ် ) ဆွမ်မရ တောင်တန်း ဒေသ နှင့် မြန်မာပြည်မြောက်ဖျားပိုင်း တောင်ကုန်းထူထပ်ရာ ဒေသများတွင် နာဂလူမျိုးစုများ ပြန့်ကျဲစွာနေထိုင်ကြသည်။
ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူမျိုးနွယ်စု ဆင်းသက်ပုံ အရ တိဗက် အာသံမြန်မာ မျိုးနွယ် စု ဖြစ်သည်၊

နာဂ နှစ်သစ်ကူးပွဲတော်

အများစုမှာ ချင်းပြည်နယ် နေထိုင်သော်လည်း နာဂနှစ်သစ်ကူး ရိုးရာပွဲတော်ကို စစ်ကိုင်းတိုင်းတွင် ကျင်းပပြီး နောက် ချင်းပြည်နယ်တွင် ဆက်လက်ကျင်းပကြသည်။ စစ်ကိုင်းတိုင်းတွင် ကျင်းပသော မြို့နယ်များမှာ ခန္တီး၊ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့နယ်တို့ဖြစ်သည်။ နာဂနှစ်သစ်ကူးရိုးရာပွဲတော်သည် လူမှုရေးပွဲတော်ဖြစ်ပြီး ကုန်လွန်ခဲ့သော နှစ်တစ်နှစ်က အတွေ့အကြုံများကို ဖလှယ်ရန်နှင့်လာမည့်နှစ်သစ်တွင်တွေ့ကြုံနိုင်သောအခက်အခဲများကို ကြိုတင်ဖြေရှင်းရန် ကောင်းမွန်သော စီမံကိန်းများချမှတ်နိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။ အဆိုပါပွဲတော်တွင်လာမည့်နှစ်တွင်သီးနှံများတိုးတက်ဖြစ်ထွန်း၍ရာသီဥတုကောင်းမွန်ရန်နှင့်အိမ်မွေး တိရိစ္ဆာန်များ ရောဂါဘယကင်းဝေးစေရန် ဆုမွန်ကောင်းများတောင်းကြသည်။ နာဂနှစ်သစ်ကူးပွဲတော်ကိုနှစ် စဉ် ဇန်န၀ါရီလတွင် ကျင်းပလေ့ရှိသည်။

ကျင်းပရာနေရာ ပူတာအို၊ မြစ်ကြီးနား

ကျင်းပချိန် နှစ်စဉ် ဇန်န၀ါရီလ

No comments:

Post a Comment