Tuesday, March 7, 2017

ထမင်းချက်နည်းလျှို့ဝှက်ချက်များ

အိမ်ရှင်မများအတွက်ထမင်းချက်ရာတွင် အရသာသာမက ကျန်းမာရေးအတွက် အာဟာရဓါတ်တွေပါမဆုံးရှုံးစေမည့် အလွယ်တစ်ကူတစ်ခါတည်းပြီးပြည့်စုံစေမယ့် နည်းလေးများကို စုစည်း တင်ပြပေးလိုက်ရပါတယ်။

၁။ရှာလကာရည်
ထမင်းချက်ရာတွင်ရှာလကာရည်တစ်စက်၊နှစ်စက်ထည့်ပေးရုံဖြင့်ထမင်းရဲ့အနံ့အရသာကိုပိုပြီး
ထင်ပေါ်မွှေးပျံ့စေနိုင်မယ့်အပြင်ရာသီဥတုအလွန်ပူပြင်းပြီးထမင်းသိုးခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။
(ရှာလကာရည်နံ့လုံးဝမထွက်ပါ)

Facebook account လုံခြုံရေးအတွက် သိမှတ်စရာလေးများ

Facebook မှ သုံးနေပီး ဒီလောက်လေးတေတော့ သိထားသင့်ပါတယ် ...
မိမိ သုံးနေသော Facebook Acc ကို ကလိချင်သူများအတွက် 🙈🙈
ဆရာများကျော်သွားကြပါလို့✌✌✌
Save ထားပါ Share ထားပါ တစ်ချိန်အသုံးဝင်လာပါလိမ့်မယ် ....

Followers ဖွင့်နည်း
Account Setting ကို သွားပါ
Followers ထဲကို ၀င်ပါ (Facebook Birthday မှာ 18 နှစ်ပြည့်ဖို့ တော့ လိုတယ်နော် )
Friends ဆိုတဲ့နေရာမှာ Public ကို ပြောင်းလိုက်ပါ
အဲ့ဒါဆို Followers ဖွင့်ပြီးသား ဖြစ်သွားပါပြီ

Monday, March 6, 2017

မြန်မာပြည်အတွင်းရှိ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းများ

မြန်မာပြည်အတွင်းရှိ လက်နက်ကိုင်ထားတဲ့
အဖွဲ့အစည်းများစာရင်း ကို သိစေချင်လို့ပါ

(၁)ALP/ALA/RSLP ရခိုင်
(၂)CNF ချင်း
(၃) DKBA 5 ကလိုထူးဖော
(၄)KNPP ကယား
(၅)KNU ကရင်
(၆)KNLA ကရင်
(၇)NDAA-ESS ထူး ၎
(၈)NMSP မွန်
(၉)NSCN - K နာဂ

လိုရာသုံးဗဟုသုတခုနှစ်ခု

လိုရာသုံးဗဟုသုတခုနှစ်ခု

(1)----ရေ၀င်ဆန့်တွက်နည်း
(2)----သစ်တွက်နည်း
(3)----မြေတွက်နည်း
(4)----ဘိလပ်မြေတွက်နည်း
(5)----မြန်မာ ရတု ရေတွက်ပုံ
(6)----အကြိမ်ရေ ရေတွက်ပုံ
(7)----အသုံးဝင်သော နှစ်လုံးတွဲ အင်္ဂလိပ်

စကားတိုများ
♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤♤

ဆိုင်​ကယ်​​မော်​ဒယ်​ဖတ်​နည်း

ဆိုင်ကယ် ၁စီး ဝယ်ယူတော့ မည်ဆိုပါက အခြေခံအားဖြင့် သိသင့် သိထိုက်သော
မော်ဒယ် ဖတ်တက်အောင် ရည်ရွယ် ပါသည် ။

ဂွေဒိတ် ၊ ဆီတိုင်ကီ ဒိတ် ၊ အန်းဖရိမ်း ၊ အရှေ့ဖောက် ၊ ဂွဒေါက် မော်ဒယ် ၊ အိပ်ဇောပိုက် မော်ဒယ် စသည် အားဖြင့် အသီးသီး.. ..
17×1.20-1.4 S (အရှေ့ဂွေ ဟတ်ဘရိတ်)
17×1.20-1.4 W (အရှေ့ဂွေ ဒစ်ဘရိတ်)
17×1.40-1.4 W (အနောက်ဂွေ)

တပ်မတော်ဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့ /တံဆိပ် ရရှိသည့် ကာလသတ်မှတ်ချက်နှင့် သိမှတ်ဖွယ်ရာများ


တစ်နေ့ သော ရုံးဆင်းချိန်ညနေပိုင်းတွင် စာရေးသူမှာ တပည့်တစ်ဦးဖြစ်သူ တပ်ကြပ်ကြီး/စာရေး ဖြိုးကိုကိုဝင်း နှင့်အတူ ဆောင်ရွက်ဆဲရုံးလုပ်ငန်းများကို လက်စသတ်သိမ်းဆည်းနေချိန် မြို့တွင်းမှပြန်လာသော ယခုနှစ်တွင် သင်္ဂဟတံဆိပ် ပူပူနွေးနွေးရရှိခဲ့သည့် ဒုတိယအရာခံဗိုလ်/စာရေး သန်းအောင် ရောက်ရှိလာသည်။

ဒါန ဥပပါရမီ...

မျက်ကြည်လွှာ-နဲ့  သေဆုံးပြီးခန္ဓာ လှူဒါန်းခြင်း
အတွက် ကျွန်တော့်ဆီကို စုံစမ်းမေးမြန်းကြတယ်
ဘယ်လိုလှူရလဲ-ဘယ်နေရာမှာ လှူရလဲပေါ့
အဲလိုမေးမြန်းမှုတွေ ကြုံရတိုင်း ကျွန်တော်ကလဲ
ပြန်မေးဖြစ်တယ်- သေမှဘဲ ကိုယ့်မျက်ကြည်လွှာ
နဲ့  အသုံးမ၀င်တော့တဲ့ ခန္ဓာကြီးကို လှူချင်တာလား
ယခုအသက်ရှင်စဉ် မလှူချင်ဘူးလား။

ဆားဗစ်​တန်း

ပုံထဲမှာ နမူနာပြထားတာကတော့
ခြေလျင်တပ်ခွဲမှူးသင်တန်း တက်ရောက်ပြီးဖြစ်တဲ့
ဗိုလ်ကြီးအဆင့် တပ်ဆင်ရမဲ့ Service bar ပါ ..

နည်းစနစ်​ကျနဂါး​မောက်​စိုက်​ပျိုးခြင်း

နဂါးမောက်သီးမှာမြန်မာနိုင်ငံ အတွက် သစ်သီးပင် အသစ် တစ်မျိုးဖြစ်သည် ။ ဈေးကွက် အလားအလာကောင်း သဖြင့်စီးပွားဖြစ် စိုက်ပျိုးနိုင်သော သီးနှံ တစ်မျိုးဖြစ်ပါသည်။ အသီး ပုံသဏ္ဍာန်နှင့် အသီးအခွံ အရောင်(အနီနှင့်ပန်ရောင်) မှာ ဆွဲဆောင်မှု ရှိသဖြင့် အိမ်နှင့် စားသောက်ဆိုင်များပန်းခြံများတွင် အလှပင်အဖြစ် စိုက်ပျိုးနိုင်ပါသည်။ မူရင်းဒေသ မျိုးစု(Hylocerus) အောက်တွင်မျိုးစိပ်ပေါင်း(၂၆)ခုရှိ ရာမျိုးစိန်အလိုက်မူရင်းဒေသကွဲပြားပါသည်။ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသောမျိုးများ၏မူ ရင်ဒေသမှာမက္ကဆီကိုနိုင်ငံအလယ်ပိုင်းဒေသဖြစ်သည်။ ရာသီဥတု ရေငတ် ဒဏ်ခံနိုင်သော ရှားစောင်းနွယ်ဝင် အပင်မျိုးဖြစ်သည်။

လက်ထပ်ခြင်း ၂မျိုး

၁။ အာဝါဟ - ယောက်ျားကလေး၏ အိမ်တွင် မင်္ဂလာဆောင်ခြင်း။
၂။ ဝိဝါဟ - မိန်းကလေး၏ အိမ်တွင် မင်္ဂလာဆောင်ခြင်း။

လူမျိုး ၁၀၁ပါး အကျဉ်းတွက်နည်း

၁။ မြန်မာ၇မျိုး
၂။ တလိုင်း ၄မျိုး
၃။ ရှမ်း ၃၀ မျိုး
၎။ ကုလား ၆၀ မျိုး

ဗဟုသုတမှတ်ဘွယ်

သူငယ်ချင်းတို့ရေ...
ခရီးထွက်တဲ့အခါ လှေနဲ့သွားရင် ၄ ယောက်.... 
လှည်းနဲ့သွားရင် ၆ ယောက်... 
ကားနဲ့သွားရင် ၉ ယောက်... မသွားကြနဲ့နော်။ 
မဖြစ်မနေဒါမျိုးကြုံလာရင် "မောင်ကျောက်ခဲရေ ငါတို့နဲ့လိုက်ခဲ့" ဆိုပြီး ကျောက်ခဲတစ်လုံးကောက်ထည့်သွားရင် ဘာမှမဖြစ်ပါဘူး။ 
(လှေ လေး... လှည်းခြောက်... ကားကိုးယောက်) လို့ အဆိုရှိပါတယ်။

credit by Phone Htut Tin

ရတုများ

၁ နှစ်မြောက် = စက္ကူရတု
၂ နှစ်မြောက် = ဂွမ်းရတု
၃ နှစ်မြောက် = သားရေရတု
၎ နှစ်မြောက် = ပိုးရတု
၅ နှစ်မြောက် = သစ်သားရတု
၆ နှစ်မြောက် = သကြားရတု
၇ နှစ်မြောက် = သက္ကလပ်ရတု
၈ နှစ်မြောက် = ကြေးရတု
၉ နှစ်မြောက် = ဥဿဖရားရတု
၁၀ နှစ်မြောက် = သံဖြူရတု

သင်္ချာယူနစ်များ၊အလေးချိန်ယူနစ်များ

သင်္ချာယူနစ်များ
အလေးချိန်ယူနစ်များ
မြန်မာ့အလေးချိန်စနစ် ၃၆ ပရမာဏုမြူ = ၁ အဏုမြူ ၃၆ အဏုမြူ = ၁ လိက္ခာမြူ ၇ လိက္ခာမြူ = ၁ သန်းဦးခေါင်း ၇ သန်းဦးခေါင်း = ၁ မုန်ညင်းလုံး ၃ မုန်ညင်းလုံး = ၁ နှမ်းလုံး ၄ နှမ်းလုံး = ၁ ဆန်လုံး ၄ ဆန်လုံး = ၁ ချင်းရွေး ၈ ချင်ရွေး = ၁ ပဲ ၅ ပဲ = ၁ မတ် ၂ မတ် = ၁ ငါးမူး ၂ ငါးမူး = ၁ ကျပ် ၅ ကျပ် = ၁ ပို ၂၀ ပို = ၁ ပိသာ ၄ ပိသာ = ၁တုလာ ၄ တုလာ = ၁ ပုံ ဗြိတိသျှအလေးချိန်စနစ် ၁၆ ဒရမ် = ၁ အောင်စ ၁၆ အောင်စ = ၁ ပေါင် ၁၄ ပေါင် = ၁ စတုံ ၂ စတုံ = ၁ ကွာတ ၄ ကွာတ = ၁ ဟန်နြိတ် ၂၀ ဟန်နြီတ်= ၁ တန်(တန်ရှည်) မတ်ထရစ်အလေးချိန်စနစ် ၁၀၀၀ မိုက်ခရိုဂရမ် = ၁ မီလီဂရမ် ၁၀ မီလီဂရမ် = ၁ စင်တီဂရမ် ၁၀ စင်တီဂရမ် = ၁ ဒက်စီဂရမ် ၁၀ ဒက်စီဂရမ် = ၁ဂရမ် ၁၀ ဂရမ် = ၁ ဒက်ကာဂရမ် ၁၀ ဒက်ကာဂရမ် = ၁ ဟက်တိုဂရမ် ၁၀ ဟက်တိုဂရမ် = ၁ကီလိုဂရမ် ၁၀ ကီလိုဂရမ် = ၁ မီရီယာဂရမ် ၁၀ မီရီယာဂရမ် = ၁ကွင်တယ်။