Saturday, January 30, 2016

မွန်သုံးရပ်ကိုးကွယ်သောနတ်

မွန်လူမျိုးတို့သည် ရိုးရာနတ်

ကိုးကွယ်ကြသည်မှာ မြတ်စွာ
ဘုရားရှင် လက်ထက်ကပင်
ဆင်းသက်ခဲ့ကြောင့်
ရှေးမွန်ပညာရှိများက
ဆိုကြသည်။ မွန်ရိုးရာ
နတ်ဆင်းသက်မှုသည်လည်း
မြန်မာနိုင်ငံအောက်ပိုင်း
ရာမညတိုင်း မွန်သုံးရပ် ကနေ
ဆင်းသက် လာကြောင်းဟု ဆိုသည်။

မွန်သမိုင်း

မွန်သမိုင်း (သို့မဟုတ်) မွန်လူမျိုး ဘယ်ကစလာတာလဲ


သုဘိန္နနာဂရမြို့ပျက်ပြီးနောက် သထုံမြို့သို့ပြောင်းရွှေ့၍ ဥမိုမင်းဆက်(၅)ဆက်အုပ်ချုပ် လေသည်။ ထို့ နောက်သထုံမြို့တွင်ပင် သီဟသုဓမ္မရာဇာ- တိဿဓမ္မရာဇာ မည်သောမင်းမှစ ၍ မနူဟာမင်း အထိမင်းပေါင်း(၅၇)ဆက်အုပ်ချုပ်ပြီး သာသနာသက္ကရာဇ်၁၆၀၀ ခရစ်သက္ကရာဇ် (အေဒီ-၁၀၅၇)လောက်တွင် သထုံမြို့ကြီးနှင့်တကွ မွန်ရှင်ဘုရင်များ ကွယ်ပျောက်သွားလေသည်။

ကချင်သမိုင်း သုံးသပ်ချက်များ

BY LACHID KACHIN ON THURSDAY, AUGUST 2, 2012 AT 6:16PM · လိုင်ဇာ - ကချင်ပြည်မှ သမိုင်းပညာရှင်များနှင့် ဘာသာဗေဒပညာရှင်များအနက် နှစ်ခြင်းသိက္ခာတော်ရ ဆရာတော် ဦးဂျာဂွန်းသည် ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်သည်။ ကျောင်းသားအရေးတော်ပုံများ ကြီးကြီးမားမားဖြစ်ပွားခဲ့သည့် ၁၉၆၀-၁၉၇၀ ခုနှစ်များတွင် ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ သည်။

 ကျောင်းသားအရေးတော်ပုံများတွင် ပါဝင်ခဲ့သည်။ တစ်ချိန်က မြန်မာသင်ရိုးညွှန်းတမ်းအားဖြင့်သာ ကမ္ဘာ့အမြင်ကို ကန့်သတ်နားလည်ခဲ့ကြသော ကချင်လွတ်မြောက်ရေးအဖွဲ့၏ အမှုထမ်းများကို နိုင်ငံရေးသမိုင်းသင်ကြားပေးခြင်းဖြင့် ၎င်းတို့၏ အမြင်ကို ပြုပြင်ပြောင်းလဲစေရန် ဦးဆောင်ဦးရွက်ပြုလျက် ရှိသည်။

IP Address ကို ဓာတ်ပုံဖြင့် ဖမ်းယူခြင်း

လူတစ်ဦးတစ်ယောက်၏ IP Address ကို သိအောင်လုပ်သည့် နည်းလမ်းကို IP Grabbing လို့ ခေါ်ဆိုပါတယ်။ ကျွှန်တော်တို့ ဘာကြောင့် IP Address ကို သိဖို့လိုသလဲဆိုတာ မေးစရာရှိလာပါတယ်။ IP Address ဆိုတာ ပေးချင်တိုင်းပေးထားတာမဟုတ်ပါဘူး။ နိုင်ငံအလိုက် တိုင်းအလိုက် မြို့နယ်အလိုက် အတိအကျကို ပေးထားရပါတယ်။ အဲ့လိုပေးမထားဘူးဆိုရင် လမ်းကြောင်းတွေ ရှူပ်ထွေးသွားနိုင်ပါတယ်။ ဘာနှင့် အလားသဏ္ဍန်တူသလဲဆိုရင် တစ်မြို့နှင့် တစ်မြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းတွေနှင့် တူပါတယ်။

တဘက်လူ၏ IP Address အား ထောက်လှမ်းခြင်း

ဒီခေါင်းစဉ်ကို ရေးရတဲ့ ရည်ရွယ်ချက်ကတော့ ကျွှန်တော်တို့ ပတ်ဝန်ကျင်မှာ နေ့စဉ်နှင့်အမျှ မသမာသူများနှင့် ကြုံတွေ့ရလျှက် ရှိပါတယ် အထူးသဖြင့် အမျိုးသမီးများ ကြုံတွေ့ရတတ်ပါတယ်။ အခုလိုမျိုး Personal Attack လုပ်လာပြီဆိုပါက တဘက်လူသည် ဘယ်မှာနေထိုင်သည်။ အခုမည်သည့်နေရာမှ အင်တာနက်သုံးနေသည် စသည့် Location တည်နေရာကို ဖော်ထုတ်နိုင်ရန်အတွက် IP Address ကို သိရှိထားရမှာ ဖြစ်ပါတယ်။ တိုက်ခိုက်သူ၏ IP Address ကို သိရှိမှသာ ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ IP Address ကို ဖော်ထုတ်ရန်အတွက် အောက်ပါအတိုင်း အဆင့်ဆင့် လုပ်ဆောင်ပါ။

1. http://whatstheirip.com/ သို့ ၀င်ရောက်ပြီး မိမိ၏ Email Address ရိုက်ထည့်လိုက်ပါ။

ကချင်သမိုင်း သမိုင်း


ကချင်လူမျိုးများကို ဂျင်းဖောဟုလည်း ခေါ်ကြသည်။ နှုတ်ပြောသမိုင်းများအရ ဂျင်းဖောလူမျိုးများသည် တိဗက်...

သမိုင်း။ ။ ကချင်လူမျိုးများကို ဂျင်းဖောဟုလည်း ခေါ်ကြသည်။ နှုတ်ပြောသမိုင်းများအရ ဂျင်းဖောလူမျိုးများသည် တိဗက်ကုန်းမြင့်ဒေသမှ တောင်ဘက်သို့ တဖြည်းဖြည်းရွှေ့ပြောင်းလာ ကြပြီး တရုတ်ပြည် ယူနန်ဒေသတွင် ၁၅ ရာစုနှင့် ၁၆ ရာစုနှစ်များအတွင်း နေထိုင်ခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံဘက်သို့ ရွှေ့ပြောင်းလာကြပြီးနောက် ယနေ့ ကချင်ပြည်နယ်တွင် အခြေစိုက် နေထိုင်ခဲ့ကြ သည်။ မြန်မာနိုင်ငံတွင် နေထိုင်ကြသော ကချင်လူမျိုး၏ လူမျိုးစုများမှာ ဂျင်းဖေါ၊ လချိတ်၊ လဝေါ်၊ လီစူး၊ ရ၀မ်နှင့် ဇိုင်ဝါးတို့ ဖြစ်ကြသည်။

ပျူဟာ ဗမာလား ၊ ထားဝယ်လား

ဆရာကြီးဒေါက်တာသန်းထွန်းရဲ့ ပျူတွေ ဘယ်ရောက်သွားလဲ စာအုပ်ထဲမှာ ပျူတွေဘယ်ရောက်သွားလဲလို့ မေးရင် "ငါဒီမှာဟေ့ လို့ အော်လိုက်ချင်တာပဲ" ဆိုပြီး ရေးခဲ့ဖူးပါတယ်။
ဆရာကြီးဟာ အင်မတန် ပညာရှင်ပီသတဲ့ ပုဂ္ဂိုလ်လို့ပြောရမှာပါ။ သူစွမ်းနိုင်သမျှ ရှာဖွေလေ့လာခဲ့တဲ့ အထောက် အထားတွေအရ "ငါဒီမှာဟေ့လို့ အော်လိုက်ချင်တာပဲ" ဆိုတဲ့ စကားလောက်ကိုပဲ ပြောခဲ့တာပါ။

ရခိုင်သမိုင်းကြောင်းများ

(၁) ရခိုင်ရာဇ၀င်သစ်ကျမ်း(၁)

“မြန်မာ” ဝေါဟာရ သမိုင်းကြောင်း

အောက်ဖော်ပြပါ ဆောင်းပါးတွင် တချို့သော အချက်အလက် အနည်းငယ်မှ အပ သမိုင်းအထောက်အထားဖော်ပြချက်များမှာ စုံလင်လှပေသည်။ ဗဟုသုတရစေရန် ဖော်ပြရင်း ပိုမိုပြည့်စုံစေရန် မူရင်းစာသားကို မပြုပြင်ပဲ အောက်ခြေမှ "မှတ်ချက်၊ ဖြည့်စွက်ချက်" အချို့ ထည့်သွင်းထားပါသည်။

စာရှူသူအနေဖြင့် "ဗမာ"ဟူသော ဝေါဟာရသည် ရှေးကျောက်စာ၊ပေစာ၊ ရာဇဝင်ကျမ်းတို့တွင် မရှိကြောင်း သတိပြုမိပေလိမ့်မည်။ ရှေးကာလက မြန်မာလူမျိုးပိုင်ဆိုင်ရာနယ်မြေကို မြန်မာပြည်၊ မွန်လူမျိုးပိုင်ဆိုင်ရာနယ်မြေကို မွန်ပြည်၊ ရခိုင်တို့နယ်မြေကို ရခိုင်ပြည်၊ ရှမ်းတို့နယ်ကို ရှမ်းပြည်ဟု ခေါ်ဝေါ်ကြောင်း သိရှိထားပါက စဉ်းစားသုံးသပ်ရာ၌ ပိုမိုလွယ်ကူပါမည်။

Facebook ရဲ့ Password ကိုသိတာ​တောင်​ Hack လို့ မရ​အောင်​ ပြုလုပ်​နည်း


“ဝ” သမိုင်း

“ဝ”တို့၏ လာရာလမ်း


“၀”တို့၏ ဒဏ္ဍာရီအရ ၎င်းတို့၏ မူလပေါက်ဖွားရာနေရာမှာ “နောင်ချို”ရေကန်ဖြစ်သည်။ သစ်တောကြီးများ ၏ အလယ်တွင် မိုးတိမ်များဖြင့် အုံ့ဆိုင်းနေသော မည်သည့် သက်ရှိသတ္တ၀ါမှ မနေရဲသာ ဤရေကန်ကြီး သည် နက်ရှိုင်း၍ အလွန်အေးမြသောကြောင့် ငါးများပင် အသက်ရှင်၍ မနေနိုင်၊ ရေကန်၏ လေးဘက် ထောင့်စွန်း ထောင့်တခုစီမှ ကျောက်ဆောင်ကြီး ၄ ခုသည် ကျောက်တောင်များ အဖြစ် တိုးထွက်လာပြီး၊ ယင်း “နောင်ချို” ကန်၏ ရေမှ ကမ္ဘာ့မြစ်ကြီးများကို ဖြစ်ပေါ်စေသည် ဟု ဆိုသည်။
“၀” လူမျိုးတို့သည် နောင်ချို ကန်၏ ရေမှ ပေါက်ဖွားလာကြခြင်း ဖြစ်ပြီး မနုဿလူသားများ ဖြစ်လာသော အခါ အလွန်ကြီးမား၍ မဲမှောင်သော “ပတ်ကတေ့” လှိုင်ဂူကြီး အတွင်း၌ နေထိုင်ကြသည်။ ထိုမှ မုဆိုးပညာ၊ လူခေါင်းဖြတ်သည့် လျှို့ဝှက်ချက်များကို သိလာပြီး လူဦးရေမှာလည်း များစွာတိုးပွားလာသည်ဟု ဆိုပါသည်။

မြန်မာလူမျိုးတို့သမိုင်း

မွန်ဂိုမျိုးနွယ်မှပေါက်ဖွားလာကြသော ပြည်ထောင်စုဖွားတိုင်းရင်းသားတို့သည် ပင်ရင်းဒေသဖြစ် သော မွန်ဂိုကုန်းပြင်မြင့်မှ မွန်ခမာ အုပ်စု၊ တိဗက်မြန်မာ အုပ်စုနှင့် ထိုင်းတရုတ်အုပ်စုဟူ၍ (၃) စုခွဲပြီး လျှင် မြန်မာပြည်သို့ ဝင်ရောက်လာခဲ့ကြသော လူမျိုးကြီးများဖြစ်သည်။
၁။ ဗမာ - ၉မျိုး 
၂။ ကချင် - ၁၂မျိုး 
၃။ ကယား - ၉မျိုး 
၎။ ကရင် - ၁၁မျိုး
 ၅၊ ချင်း - ၅၃မျိုး
 ၆။ မွန် - ၁မျိုး 
၇။ ရခိုင် - ၇မျိုး 
၈။ ရှမ်း - ၃၃မျိုး 
 စုစုပေါင်း - ၁၃၅မျိုး 

ဗမာ - ၉မျိုး
 ၁။ ဗမာစု - ဗမာ၊ ထားဝယ်၊ မြိတ်၊ ယော၊ ရဘိန်း၊ ကဒူး (ခုံးကူး) ၊ ဂဏန်း၊ ဆလုံ၊ ဖုန်း (ဖွန်)။

Tuesday, January 26, 2016

ဘလော့ဂါသမားများအတွက်blogger menu codeများ

           မိမိဘလော့ဂါကိုMenuအဆန်းလေးသုံးချင်သူများအတွက်ပါ

  1. မိမိဘလော့ကိုဝင်ပါပီးရင်အပေါ်ကdesignဆိုတာနိပ်ပါပီးရင်ဒီနောက်ကနာမည်ကိုသွားပါLayout   ဆိုတာနိပ်ပါပီးရင်နောက်ကကုတ်ကိုနိပ်ပါ(Add   a   Gadget or Add a Page element)
  2. ပီးရင်ကျလာတဲ့ဘောက်စ်ကဒီကုတ်ကိုနိပ်ပါ( HTML/JavaScript)
  3. ဒီနာမည်ကိုနိပ်လိုက်ရင်ဘောက်စ်လေးတစ်ခုထွက်လာပါမယ် HTML/JavaScript
  4. အဲ့လိုဘောက်စ်လေးကျလာပီဆိုရင်အောက်ကသုံးချင်တဲ့Menu codeကိုကော်ပီယူပီးHTML/JavaScript ဒျီနာမည်ဘောက်ထဲကိုထည့်လိုက်ပါ  အားလဲုံးကိုလိုချင်သလိုကုတ်တွေထည့်ပီပီးပီးဆိုရင်တော့အောက်ဆုံးက(save)ဆိုတာနိပ်ပါမကြိုက်ရင်ပြန်ပြောင်းယူလို့လဲရပါတယ်

အိပ်ခန်းထဲမှာထားသင့်တဲ့ အပင်လေးတွေ


အိမ်တွင်းစိုက် အပင်တွေဟာ လေထုကို သန့်စင်ပေးပြီး အောက်ဆီ ဂျင်ပြန်ထုတ်ပေးတဲ့အတွက် လူသားအကျိုးပြုပေးကြပါတယ်။ စိတ်ကို လန်းဆန်းပေါ့ပါးစေပြီး ကောင်းကောင်းအိပ်ပျော်စေဖို့ ကူညီပေးနိုင်တဲ့ အပင်လေးတွေရှိတာကြောင့် သိထားဖို့ ဖော်ပြပေး လိုက်ပါတယ်။

စံပယ်ပင်
စံပယ်ပန်းရနံ့သင်းသင်းလေးဟာ သဘာဝအိပ်ဆေးလေးတစ်ခုပါတဲ့။ ပန်းလေးတွေ ပွင့်နေတဲ့ စံပယ်ပင်လေးကို အိပ်ခန်းထဲထားခြင်းဖြင့် စိတ်ဖိစီးမှုတွေကို သက်သာစေပြီး နိုးထလာတဲ့အခါမှာလည်း လန်းဆန်း တက်ကြွစေတယ်လို့ ဆိုပါတယ်။

လာဗင်ဒါပင်
ဆပ်ပြာတုံး၊ ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်နဲ့ ရေမွှေးအိတ်လေးတွေ အများဆုံးထုတ်လုပ်လေ့ရှိတဲ့ လာဗင်ဒါပင်ဟာ အိပ်မပျော်ရောဂါတွေနဲ့ စိုးရိမ်ကြောင့်ကြ၊ ပူပန်မှုတွေကို သက်သာစေတယ်လို့ ဆိုပါတယ်။

ဇီဇဝါပင်
ဇီဇဝါပန်းရဲ့ ရနံ့သင်းသင်းလေးက စိတ်အေးချမ်းစေတာကြောင့် ဇီဇဝါပင်လေးတွေကို လည်း အိပ်ခန်းထဲမှာထားပေးသင့်တယ်လို့ သိရပါတယ်။

ရှားစောင်းလက်ပပ်ပင်
ရောင်ရမ်းနာတွေ၊ အမာ ရွတ်နဲ့ အပူလောင်တာတွေကို အ ကောင်းဆုံးကုသနိုင်တဲ့ သဘာဝ ဆေးပင်ရှားစောင်းလက်ပပ်ဟာ လေထုထဲက မမြင်နိုင်တဲ့ ဓာတု ပစ္စည်းတွေကို ဖယ်ရှားသန့်စင် ပေးတာကြောင့် အိပ်ခန်းတွေနဲ့ အိမ်အတွင်းပိုင်းမှာ ထားပေးသင့် ပါတယ်။ အိမ်ထဲမှာ ဓာတုပစ္စည်းတွေ ဘယ်လောက်ပျံ့လွင့်နေ သလဲဆိုတာကို အပင်ပေါ်မှာ ပေါ်လာတဲ့အညိုရောင် အစက်အ ပြောက်တွေကိုကြည့်ရင် သိနိုင်ပါ သတဲ့။

အင်္ဂလိပ်တိုက်ကပ်နွယ်ပင်
စိုက်ပျိုးရလွယ်ကူတဲ့ လေ ထုသန့်စင်အပင်လေးဖြစ်ပြီး အိပ် ခန်းထဲမှာထားပေးတဲ့အခါ စိတ် အေးချမ်းပြီး ကောင်းကောင်းအိပ် ပျော်စေပါတယ်။

credit by 7day daily ဂျာနယ်

Saturday, January 23, 2016

အမေများနေ့


အမေများနေ့.........
ဒီကနေ့ဟာဆိုရင်
မြန်မာနိုင်ငံမှာသက်မှတ်တဲ့
ပြာသိုလ်လပြည့်အမေ့နေပေါ့။

အမေဟာ
ငါတို့ကို ဘယ်ဆီကလာခဲ့မှန်လည်း
မသိခဲ့ပေမဲ့ ကျေနပ်စွာလက်ခံခဲ့တယ်။

** ဗုဒ္ဓဘာသာဝင်တို့အား ဘုရားယုံခဲ့သည် **

ဘုရားအဖြစ်သို့ ရောက်တော်မူပြီး အဇပါလညောင်ပင်ရင်း၌ မြတ်စွာဘုရား သီတင်းသုံးနေစဉ် မာရ်နတ် လာရောက်၍ "အရှင်ဘုရားတောင့်တသည့် ဘုရားအဖြစ်သို့ ရောက်ရှိပါပြီ၊ လောကထဲ လှည့်လှည်နေခြင်းဖြင့် ဘာအကျိုးမှ မရှိပါ၊ ပရိနိဗ္ဗာန် ပြုတော်မူပါ" ဟု တိုက်တွန်းလျှောက်ထား၏။ မြတ်စွာဘုရားက-
၁။ ဝိယတ္တာ-ငါဘုရား၏ တပည့်သားသမီးဖြစ်သော ရဟန်း, ရဟန်းမ, ဒါယကာ, ဒါယိကာမ၊ ပရိသတ်(၄)ပါးတို့သည် သစ္စာလေးပါးကို ထိုးထွင်း၍ သိတတ်သော ပညာဉာဏ်ဖြင့် ထက်ထက်မြက်မြက် မရှိကြသေး။
၂။ ဝိနီတာ-မဆုံးမရသေး။
၃။ ဝိသာရဒါ-ကြောက်ရွံ့ခြင်းကင်းစွာဖြင့် မရဲရင့်ကြသေး။

၁၃၇၇ခုနှစ်၊ အမေ့နေ့ကဗျာ-၂

အမေ....အမေ....အမေ
အမေ့မေတ္တာ ပန်းရွှေကြာနှင့်
ပမာနှိုင်းဆို မပြောလိုဘူး
ထိုပန်းကြွေကာ နွမ်းတတ်လို့။

အမေ့မေတ္တာ စမ်းရေပြာနှင့်
ပမာနှိုင်းဆို မပြောလိုဘူး
ထိုစမ်းနွေမှာ ခမ်းတတ်လို့။
အမေ့မေတ္တာ လစန္ဒာနှင့်
ပမာနှိုင်းဆို မပြောလိုဘူး
ထိုလတိမ်မှာ ဖုံးတတ်လို့။

၁၃၇၇ခုနှစ်၊ အမေ့နေ့ကဗျာ-၁

အမေနေ့
~~~~
အမေ့မေတ္တာ
ပန်းရွှေကြာလို
ပမာနှိုင်းလို
မနှိုင်းဆိုဘူး
နေခြည်တွေ့ရင်
နွမ်းတတ်လို့ . . .

ဘယ်သူမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါ


တကယ်တော့ အင်စတာဂရမ်ပေါ်မှာ မြင်တွေ့နေရတဲ့ မော်ဒယ်တွေဆီက အလှတရားတွေဟာလည်း တကယ်တော့ အစစ်အမှန်မဟုတ်ဘူးလို့ ဆိုပါတယ်။

ခံတွင်းနံ့ဆိုးတာ ပျောက်စေမယ့် နည်းလမ်းကောင်းများ


စကားပြောလိုက်တိုင်း အနံ့အသက်မကောင်းဘူးဆိုရင်တော့
 ဆောင်ရန်၊ရှောင်ရန်တွေကို သိထားဖို့ လိုပါမယ်။

ခံတွင်းနံ့ဆိုးတာက မိမိကိုယ်တိုင်အတွက်ရော တခြားလူတွေအတွက်ပါ စိတ်ကသိကအောင့် ဖြစ်ရတဲ့ကိစ္စကြီးပါ။ တစ်ခါတစ်လေ ကိုယ်က သတိမထားမိဘဲ ပြုမူနေမိတဲ့ အရာတွေက ခံတွင်းနံ့ကို ဆိုးဝါးစေနိုင်တာကြောင့် ဒါလေးတွေ သတိထားဖို့ လိုပါတယ်။

၁။ ရေသောက်ပါ


အာခံတွင်းက ခြောက်ကပ်နေရင်လည်း ခံတွင်းနံ့ဆိုးတတ်ပါတယ်။ ခံတွင်းက လုံလောက်တဲ့ စိုစွတ်မှု မရှိတဲ့အခါ ခံတွင်းနံ့ဆိုးစေတဲ့ ဘက်တီးရီးယားတွေကို ဖြစ်စေနိုင်လို့ ရေသောက်ပေးဖို့လိုပါတယ်။

၂။ သွားနဲ့ခံတွင်း ကျန်းမာရေး
တစ်နေ့နှစ်ကြိမ် သွားတိုက်ဖို့ လိုပါမယ်။ ညအိပ်ယာမဝင်မီ သွားကို မဖြစ်မနေ တိုက်ပေးပါ။ သွားကြားထဲက စားကြွင်းစားကျန်တွေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားဖို့ floss လို့ ခေါ်တဲ့ ကြိုးလေးနဲ့ ရှင်းလင်းနိုင်ပါတယ်။

၃။ လျှာကို သန့်ရှင်းပါ

သွားကို တိုက်နေရုံနဲ့ မပြီးပါဘူး။ လျှာကို သန့်ရှင်းပေးဖို့လည်း လိုပါတယ်။ ဘရပ်ရှ်အနု (သို့မဟုတ်) လျှာခြစ်တံကိုသုံးပြီး လျှာရဲ့အနောက်ဘက် အရင်းပိုင်းကနေ အဖျားပိုင်းအထိဆီကို ဆွဲချပွတ်တိုက်ပေးရမှာပါ။

၎။ သကြားရှောင်ပါ
သကြားများများစားခြင်းကလည်း ခံတွင်းနံ့ဆိုးခြင်းကို ဖြစ်စေပါတယ်။ ခံတွင်းနံ့ဆိုးလို့ ပူရှိန်းနဲ့ ပီကေတွေ ဝါးမယ်ဆိုရင်တောင်မှ သကြားမပါတာကို ရွေးချယ်သင့်ပါတယ်။

၅။ သွားတိုက်တံ

သွားတိုက်တံကို ပြန်ကြည့်ပါဦး။ သုံးတာ ၂ လ ကျော်နေပြီဆိုရင်တော့ အသစ်လဲလှယ်လိုက်ပါ။ သူက သင့်သွားတွေ သန့်ရှင်းဖို့ ကောင်းကောင်းအလုပ်မလုပ်နိုင်တော့တဲ့အခါ ခံတွင်းနံ့ဆိုးကို ဖြစ်စေတာပါပဲ။

၆။ လေးညှင်း
လေးညှင်းပွင့်တွေက တကယ်ပဲ အလုပ်ဖြစ်ပါတယ်။ ခံတွင်းနံ့ သိပ်ဆိုးလာရင် လေးညှင်းပွင့်လေးတွေ ဝါးပေးပါ။ အနံ့အသက်တွေ ပျောက်ကင်းစေတဲ့အပြင် ဘက်တီးရီးယားတွေကိုလည်း တိုက်ထုတ်ပေးနိုင်စွမ်း ရှိပါတယ်။

၇။ သစ်သီးစားပါ




အရည်ရွှမ်းတဲ့ သစ်သီးတွေနဲ့ အမျှင်ဓာတ်ပါတဲ့ သစ်သီးတွေကို ရွေးချယ်စားသုံးပါ။ ဥပမာပြောရရင် နာနတ်သီးလို အသီးမျိုးက သင့်ရဲ့ ခံတွင်းကိုရှင်းစေပြီး အနံ့ဆိုးတွေကိုပါ လျော့ပါးစေလိမ့်မယ်။

စေတီဆိုတာ အုတ်ပုံမဟုတ်

><><<အုပ်ခဲပုံကြီးကို ဦးချနေခြင်းမဟုတ်>><><>
>>>>>တစ်ခုချင်းစီ၏ အဓိပ္ပါယ် အကျဉ်းများမှာ -
(၁)တံခွန်တိုင်=မာန(ရတနာ ၃ ပါးအား ဖူးမျှော်မာန်လျော့ ကန်တော့ရန်)
(၂)ပန်းတင်ခုံ=ပတ္ထနာ - နိဗာန်ရောက်ကြောင်း ဆုတောင်းရန်
(၃)ရှစ်မြှောင့်=မွေးခြင်း(၄)မျိုး+သေခြင်း(၄)မျိုးကို နှလုံးသွင်းဆင်ခြင်ကြရန်
(၄)ကြီဝင်း-၅ခု=ဂတိ-၅ပါးမှလွတ်အောင် ကြိုးစားကြရန်
(၅)ခါးစည်း=သီလ/သမာဓိ/ပညာ ဟူသော သိက္ခာ-၃ပါးဖြင့် ခါးကိုစည်းနိုင်ကြရန်
(၆)ခေါင်းလောင်း=မိမိတို.၏ ကုသိုလ်ကောင်းမှုများကို ကုသိုလ်ငတ်မွတ်နေသောသတ္တ၀ါများသို. မျှဝေ(share)ပေးရန်

အင်္ဂလိပ် + မြန်မာဘုရားရှိခိုး

(A) THE COMMON PRAYER အများသုံးဘုရားရှိခိုး
1. May I worship the Buddha. မြတ်စွာဘုရားကို ရှိခိုးပူဇော်ပါ၏
2. May I worship the Dhamma. တရားတော်ကို ရှိခိုးပူဇော်ပါ၏
3. May I worship the Samgha. သံဃာတော်ကို ရှိခိုးပူဇော်ပါ၏
Okasa, Okasa, Okasa
1. For the elimination of all offences committed by deed speech or thought.
သြကာသ သြကာသ သြကာသ ကာယကံ ၀စီကံ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်းအကျိုးငှာ
2. I respectfully and humbly raise my hands together three times in obeisance, adoration, worship and subdued pride to the Buddha Jewel, the Dhamma Jewel, and the Samgha Jewel ; once, twice, thrice I pray O my Lord, Sir.
ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရားရတနာ တရားရတနာ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေအလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏အရှင်ဘုရား။

မင်္ဂလာပါ

မင်္ဂလာပါလို နှုတ်ခွန်းဆက်ပါရစေခင်ဗျာ။
ဒါကတော့ ကျွန်အကောင်ရဲု့ပထမဦးဆုံး အဖွင့်ပေ့လေးဖြစ်ပါတယ်။
တက်နိုင်သလောက် လေ့လာမိသလောက်ကို ကျိုးစားလိုတင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာ။