Showing posts with label IP. Show all posts
Showing posts with label IP. Show all posts

Saturday, January 30, 2016

IP Address ကို ဓာတ်ပုံဖြင့် ဖမ်းယူခြင်း

လူတစ်ဦးတစ်ယောက်၏ IP Address ကို သိအောင်လုပ်သည့် နည်းလမ်းကို IP Grabbing လို့ ခေါ်ဆိုပါတယ်။ ကျွှန်တော်တို့ ဘာကြောင့် IP Address ကို သိဖို့လိုသလဲဆိုတာ မေးစရာရှိလာပါတယ်။ IP Address ဆိုတာ ပေးချင်တိုင်းပေးထားတာမဟုတ်ပါဘူး။ နိုင်ငံအလိုက် တိုင်းအလိုက် မြို့နယ်အလိုက် အတိအကျကို ပေးထားရပါတယ်။ အဲ့လိုပေးမထားဘူးဆိုရင် လမ်းကြောင်းတွေ ရှူပ်ထွေးသွားနိုင်ပါတယ်။ ဘာနှင့် အလားသဏ္ဍန်တူသလဲဆိုရင် တစ်မြို့နှင့် တစ်မြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းတွေနှင့် တူပါတယ်။

တဘက်လူ၏ IP Address အား ထောက်လှမ်းခြင်း

ဒီခေါင်းစဉ်ကို ရေးရတဲ့ ရည်ရွယ်ချက်ကတော့ ကျွှန်တော်တို့ ပတ်ဝန်ကျင်မှာ နေ့စဉ်နှင့်အမျှ မသမာသူများနှင့် ကြုံတွေ့ရလျှက် ရှိပါတယ် အထူးသဖြင့် အမျိုးသမီးများ ကြုံတွေ့ရတတ်ပါတယ်။ အခုလိုမျိုး Personal Attack လုပ်လာပြီဆိုပါက တဘက်လူသည် ဘယ်မှာနေထိုင်သည်။ အခုမည်သည့်နေရာမှ အင်တာနက်သုံးနေသည် စသည့် Location တည်နေရာကို ဖော်ထုတ်နိုင်ရန်အတွက် IP Address ကို သိရှိထားရမှာ ဖြစ်ပါတယ်။ တိုက်ခိုက်သူ၏ IP Address ကို သိရှိမှသာ ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ IP Address ကို ဖော်ထုတ်ရန်အတွက် အောက်ပါအတိုင်း အဆင့်ဆင့် လုပ်ဆောင်ပါ။

1. http://whatstheirip.com/ သို့ ၀င်ရောက်ပြီး မိမိ၏ Email Address ရိုက်ထည့်လိုက်ပါ။