Wednesday, October 12, 2016

ဧရာဝတီ (သို့) ရာဇဝင်များရဲ့ သတို့သမီး


မြန်မာလူမျိုး ၊ မြန်မာ့ယဉ်ကျေးမှု နှင့် မြန်မာ့ သမိုင်းစဉ်သည် ဧရာဝတီမြစ်၏ ဝဲယာမြစ် ကမ်းပါး ပေါ် တွင် ဖြစ်တည် လာ၍ မြန်မာ နိုင်ငံကြီး သည်လည်း ဧရာဝတီမြစ် ဝဲယာ ကမ်းပါးပေါ်တွင် လူလား မြောက်၍ ဤမြစ် ဝဲယာ ၌ပင် ရှင်သန် တည်ရှိနေ ပေသည် ။ ဧရာဝတီသည် မြန်မာ နိုင်ငံ အတွင်း ၌ပင် စ၍ မြန်မာနိုင်ငံ တွင်ပင် ဆုံးသော မြန်မာ့ သဘာဝ အဝေးပြေး လမ်း မ ကြီး ဖြစ် သည် ။ တ ကောင်း ၊ ဟန်လင်း ၊ ဗိဿနိုး ၊ သရေ ခေတ္တရာ ၊ ပုဂံ ၊ ပင်းယ ၊ စစ်ကိုင်း ၊ အင်းဝ ၊ အမရပူရ ၊ ရတနာပုံ အစ ရှိသော မင်း နေပြည်တော် ကြီး များ သည် ဧရာဝတီမြစ် ဝဲယာ ကမ်းပါး ပေါ်တွင် ထွန်းကားခဲ့ ပြီး မြန်မာ တိုင်း ရင်းသား ပြည်သူတို့ ၏ ကိစ္စ အဝဝ သည် ဧရာဝတီ နှင့် ဆက်စပ် လျက် ရှိ သည် ။ ဧရာဝတီမြစ် ပို့ချခဲ့သော မြေပေါ်တွင် မြန်မာ့ ပထဝီဝင် ၊ မြန်မာ့ ရာဇ ဝင် ၊ မြန်မာ့ သမိုင်း ၊ မြန်မာ့ ဇာတိ ၊ မြန်မာ့ ယဉ်ကျေးမှု နှင့် မြန်မာနိုင်ငံ သား တို့  ဖြစ်ပေါ် လာပါသည် ။ လွန်စွာ လှပသော မြစ်ကျဉ်း ငါးခု နှင့် ပင် လယ် ထွက်ပေါက် ပါရှိသော အဖိုးတန် သဘာဝ ရတနာ ပင် ။ကမ္ဘာပေါ်တွင် မည် သည့်နိုင်ငံ မဆို လူဦးရေသာ လျှင်တိုးတက်မှု ရှိပြီး မြေကြီး တိုးတက်မှု ကား မရှိပေ ။ သို့သော် ဧရာဝတီ မြစ်၏ နုန်းတင် မြေနုများ ပို့ချမှု ကြောင့် အနှစ် (၁၀၀) ကြာတိုင်း မြစ်ဝ ကျွန်းပေါ်တွင် သုံးမိုင်မျှ ကျယ်ဝန်းသော မြေ ပမာဏကို မြန်မာပြည်သူ တို့အတွက် လက် ဆောင်ပေးလျက်ရှိ ပါသည် ။
ဧရာဝတီ၏ လက္ခဏာ သည် စည်းလုံးခြင်း ၊ ပေါင်းစည်းခြင်း ၊ အကျိုးတရား ကိုဖြစ်ထွန်း စေခြင်း ဟူသော ဝိသေသများ နှင့် ဒွန်တွဲလျက် ရှိသည် ။ ရှေး ကမ္ဘေ၊ ကမ္ဘာက တည်ရှိခဲ့ သော မြစ်ကြီးနား ပင်လယ်ကွေ့ သည် ဧရာဝတီ မြစ်၏ အစပင် ဖြစ်ပါသည် ။ ဧရာဝတီ မြစ်လောင်း ကို လွန်ခဲ့သော အနှစ် ၆၅ သန်းက စတင် မွေးဖွားခဲ့ ပြီး မိမိ စီးဆင်း ဖို့ ရာ မြစ်ကြောင်း ကို မိမိ ဘာသာ ပို့ချ လမ်းထွင်၍ မိမိ ဘဝကို ပင်ပမ်း ကြီးစွာ တည်ဆောက် ထားသော မြစ် တစ်စင်း ဟုတင်စား ချင်ပါသည် ။ ဧရာဝတီ သည် မြစ် တစ်စင်း ဟူ၍ မိမိ ကိုယ်ကို မိမိ တည်ဆောက်ရသော ကာလသည် နှစ်သန်းပေါင်း ၂၀ မျှရှိ၍ မြစ်တစ်စင်း ဟု ပီပီပြင်ပြင် ရှိလာသော ကာလသည် အနှစ် ၄၅ သန်း ကြာ မြင့်သည် ။ဧရာဝတီ မြစ် သည် စတင် ပေါ်ပေါက် မွေးဖွားချိန် မှစ၍ နုန်းမြေ အနယ်ပို့ ချမှုများကို အဆက်မပြတ် ပို့ချရာမှ မြန်မာနိုင်ငံ၏ မြေသားသည် ခိုင် မာသော မြေကြီးဖြစ်လာ သည် ။ ဧရာဝတီ သည် မြန်မာ နိုင်ငံ အတွက် မနေ မနား ပို့ချမှု များ ပြုကာ မရပ်တန့်ပဲ တည်ဆောက်မှု ပြုနေသော မြစ် ကြီး တစ်စင်း ဖြစ်သည် ။ မြစ်ကြီးနား ပင်လယ်ကွေ့ ၊ ဗန်းမော် ပင်လယ်ကွေ့ ၊ ကသာ ပင်လယ်ကွေ့ ၊ မန္တလေး ပင်လယ်ကွေ့ ၊ ပြည်ပင်လယ်ကွေ့ ဟူ၍ ထောင်စုနှစ်များစွာ ဖြတ်ကျော်လျက် မြေသားများကို တဖြည်းဖြည်း ပို့ချ မှုသည် ယခုအချိန်တွင် မုတ္တမ ပင် လယ်ကွေ့တိုင် ရောက်ရှိနေ ပြီဖြစ်သည် ။
မည်သည့် အချိန်အခါက ဧရာဝတီ ဟုအမည်နာ မပေးခဲ့ သနည်းဟု စူးစမ်း ကြည့်သော် မြစ်ဘေး ဝဲယာ ကမ်းပါး နေ ရှေး လူများသည် ဘာသာစကား စတင် ပြောတတ် ချိန်မှ စ၍ ဤမြစ်ကြီး ကိုလက်ညှိုးထိုး လျက် ဧရာဝတီ ဟုစတင် အသံပြု ခေါ်ခဲ့ ကာ အက္ခရာ တင် နိုင် သောအခါ ဧရာဝတီ ဟုပင် ရေးသား ခဲ့ မည်ဟု ယူဆ နိုင်ပါသည် ဧရာဝတီ မြစ် ဆို သော အမည် နာမ သည် ကြီးကျယ်သော မြစ်ကြီး ၊ ဧရာ မြစ်ကြီး ၊ ဆင် မြစ်ကြီး ၊ မြစ်မင်း မဟာ ဟု အဓိပ္ပါယ် ရှိပါသည် ။ Airawati အိုင်ရာဝတီ (ဝါ) ကြီးကျယ် ခမ်းနား ခြင်း ကို လည်း ရည်ညွှန်း ပါသည် ။ သက္ကတ ဘာသာအရ ပရုပဏိ ဟုခေါ်၍ ခွန် အားသစ် များကို ပေးကမ်းသော အင်သစ်အားသစ်ကို ဖြည့်ဆည်း ပေးသော Giver of Refreshment ဟု ဘာသာ ပြန်နိုင်ပါသည် ။ ဆရာကြီး ပါရဂူ က ဧရာ ၏ အနက် အဓိပ္ပါယ်မှာ “ နတ်သမီး ” ဖြစ်သည် ။ ဧရာဝတီ (သို့) ဣရာ ဝတီ သည် နာမသစ် မဟုတ်ပေ ။ တရုတ်တို့ မှတ်တမ်းမှတ်ရာ များထဲတွင် အေဒီ ၈၀၁ တွင်စတင် တွေ့ရလျက် လိရွှေ (မြစ်လှ) ဟုရေးသားခဲ့သည် ။ မန် ရှူတို့ ကလည်း အေဒီ-၈၆၄ တွင် လုပေးမြစ် ဟု မှတ်တမ်းတင်ထား သည် ။
ဧရာဝတီသည် မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ် ၏ မြို့ တော် မြစ်ကြီး နား မြို့၏ မြောက်ဘက် ၂၇ မိုင် အကွာ တွင် မေခဆိုသော မြစ်နှင့် မေလိခ ဆိုသော မြစ်တို့ ပေါင်းစုံ လျက် ကြီးမား ရှည်လျား သော မြစ်ကြီး အဖြစ် တောင်ဘက် ဘင်္ဂ လားပင်လယ် ထဲသို့ စီးဝင်လေသည် ။ အိန္ဒိယ နိုင်ငံ " သတ္တသိန္ဓရ " ( မြစ်ခုနှစ် စင်း ) ထဲမှ ယနေ့ ရာဝီဟုတွင်သော မြစ် သည် ဧရာဝတီ ဖြစ်သည် ။ ထို့ကြောင့် အိန္ဒိယ ရှိမြစ်တစ်စင်း အမည်ကို မြန်မာ တို့ က နှစ်သက်၍ ယူသုံး ထားကြောင်း ဆရာကြီး ပါရဂူ ကယူ ဆဟန်တူပါသည် ။ ဆရာဝင်းလတ်မှလည်း ဧရာဝတီမြစ် ၏ ရှေးဟောင်းအမည် မှာ Airavati ဟု သက္ကတ ဘာသာဖြင့် မဟုတ်ပဲ ပါဠိ ဘာ သာဖြင့် အင်ဒြာဆင် တောင်ကုန်း အမည် ရှိ နတ်သမီး Airavatiအမည်မှ ဆင်း သက်လာသည်မြန်မာ လိုစာလုံး ပေါင်း လိုက်သော အခါ ဧရာဝတီ ဖြစ်သွား သည် ဟုဆိုထား ပါသည် ။
ဧရာဝတီ ဆိုသော ဝေါဟာရ အမည်ကို မြန်မာ ကျောက်စာ အထောက်အထား များ ကို ဖြင့် အေဒီ ၁၄၃၀ လောက် တွင်မှ တွေ့ရပါသည် ။ အေဒီ ၁၄၃၀ တွင် ရေး ထိုးထား သော မိုးညှင်း မင်းတရား ကျောက်စာ တွင် အစောဆုံး တွေ့ရသည် ဟုဆိုရပါမည် ။ ယင်း ကျောက်စာ တွင် ဧရာဝတီမြစ် အမည်ကို ဧရာမ္လစ်ဟု စတင် ဖော်ပြထား ပါသည် ။ အေဒီ ၁၄၄၄ တွင် အင်းဝခေတ် ဘုရင် နရပတိ ရေးထိုးခဲ့ သော ထူပါရုံ ဘုရား မြန်မာ ကျောက်စာ တွင် တွေ့ ရသလို အေဒီ ၁၅၀၉ တွင် ရှင် မဟာသီလဝံသ ရေးထိုးထားသော ရတနာ ဗိ မာန်ကျောင်း ကျောက်စာ တွင် လည်း ဧရာဝတီ ဟူသော အသုံးအနှုန်း နှင့် မြန်မာ ဟူသော စကားလုံး ကို ထင် ရှားစွာ တွေ့မြင်ရပါသည်။ မြန်မာ့ ရာဇ ဝင် ကျမ်းများတွင် ဧရာဝတီ မြစ်ကို အစော ဆုံး အဖြစ် တွေ့ရသည် မှာ ဆရာ တော် ရှင်မဟာသီလဝံသ ၏ရာဇဝင် ကျော်တွင် ဖော်ပြထားခြင်း ဖြစ်၏ ။ မြန်မာတို့ ၏ ပထဝီဝင် ကျမ်း ဖြစ်သော ဇမ္ဗူ့ဒီပ ဥဆောင်း ကျမ်း(၁၉၆၀ ၊ ဂျေအက်စ် ဖန်နီဗဲလ် နှင့် ဒေါက်တာ ဖေမောင်တင် တည်းဖြတ် ) ၏ နိုင်ငံရေး ပထဝီဝင် တွင် နယ်မြေများ ကို ညွှန်ပြရာ၌ ဧရာဝတီ မြစ်ကို ဥပမာ ထား ၍ ဖော်ပြ သည်ကို တွေ့ရပါသည် ။ ဇမ္ဗူ့ကွန်ချာကျမ်း တွင် ပျူမင်း အခန်းတွင် " မြစ်ကား ဧရာဝတီ ၊ ပြည်ကား ဟံသာဝတီ ၊ ထိုပြည်တွင် အစ ကား ပျူတို့ မင်းပြုသည် " ဟုဖော်ပြ ထား သည်။
ဧရာဝတီ သည် မြန်မာတို့အား သားစဉ် မြေးဆက် ပြုစု ကျွေးမွေး ခဲ့သော မြစ် တစ်စင်း ဖြစ်သည် ။ မြန်မာ့ စိုက်ပျိုးရေး လုပ်ငန်း အရပ်ရပ် သည် ဧရာ ဝတီ မြစ်နှင့် ၎င်း၏ မြစ်လက်တက် များ၏ ရေကို များစွာ မှီခို အားထား ရ၍ မြေသြဇာ မကူပဲ စိုက်ပျိုး နိုင်သည် ။ အလေးချိန် ကြီးမား သော အရာဝတ္ထု များကို အစဉ် အလာအားဖြင့် ဧရာဝတီ မြစ်ကြောင်းမှသာ သယ်ယူပို့ဆောင် ရခဲ့ကြသည် ။ ရှေးက မြန်မာ့ ရေ တပ်မတော် ကြီး များ လေ့ကျင့်ရာ ၊ ဖြတ် သန်းရာ ၊ တိုင်ပွဲဝင်ရာ အောင်ပွဲခံရာ ရေလမ်းကြောင်း လည်းဖြစ်သည် ။ ဧရာ ဝတီ သည် မြန်မာ နိုင်ငံအား ကြီး မားသော ဆင်းရဲ ဒုက္ခ ပေးတတ်သော မြစ် တစ်စင်း မဟုတ်ပါ ။ ရေယာဉ်တွေ ခုတ်မောင်းသွားလာ နိုင်တဲ့ သဘာဝ ရေ လမ်းကြောင်း ၁၅၃၄ မိုင် ရှိပြီး မြန်မာနိုင်ငံရဲ့ သဘာဝ ရေလမ်းကြောင်း အ ရှည်ဆုံး ဖြစ်ရုံမက အရေး အပါဆုံး မြစ်လည်း ဖြစ်ပါသည် ။ ထို့ကြောင့် မြန်မာနိုင်ငံနှင့် ဧရာဝတီသည် ခွဲခြား၍ မရနိုင် ပါကြောင်း သမိုင်း သက်သေ တည်မှ တင်ပြလိုက်ပါသည် ။
သျှင်လေညင်း ။ ၂၀ ၊ ၈ ၊ ၂၀၁၃ ။
ကိုးကား ။ ။ ချစ်စံဝင်း ဧရာဝတီ သည် မြန်မာပြည် ။

No comments:

Post a Comment