Saturday, January 30, 2016

IP Address ကို ဓာတ်ပုံဖြင့် ဖမ်းယူခြင်း

လူတစ်ဦးတစ်ယောက်၏ IP Address ကို သိအောင်လုပ်သည့် နည်းလမ်းကို IP Grabbing လို့ ခေါ်ဆိုပါတယ်။ ကျွှန်တော်တို့ ဘာကြောင့် IP Address ကို သိဖို့လိုသလဲဆိုတာ မေးစရာရှိလာပါတယ်။ IP Address ဆိုတာ ပေးချင်တိုင်းပေးထားတာမဟုတ်ပါဘူး။ နိုင်ငံအလိုက် တိုင်းအလိုက် မြို့နယ်အလိုက် အတိအကျကို ပေးထားရပါတယ်။ အဲ့လိုပေးမထားဘူးဆိုရင် လမ်းကြောင်းတွေ ရှူပ်ထွေးသွားနိုင်ပါတယ်။ ဘာနှင့် အလားသဏ္ဍန်တူသလဲဆိုရင် တစ်မြို့နှင့် တစ်မြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းတွေနှင့် တူပါတယ်။
ကာလမ်းတွေကို အသွားလမ်း သပ်သပ် အပြန်လမ်း သပ်သပ်ဆိုပြီး ဖန်တီးပေးထားရပါတယ်။ အသွားလမ်း အပြန်လမ်း တိတိကျကျ သတ်မှတ်မထားဘူးဆိုရင် ထိခိုက်မှူ့တွေ ဖြစ်ပွားနိုင်ပါတယ်။ IP Address ကို သိမယ်ဆိုရင် ထို IP Address သည် မည်သည့် နိုင်ငံ မည်သည့် တိုင်း မည်သည့် မြို့နယ် မည်သည့် နေရာ မှ ဖြစ်သည် ဆိုတာကို အတိအကျ ဖော်ထုတ်နိုင်ပါတယ်။ IP Address သည် နောက်ယောက်ခံ လိုက်ဖို့အတွက် အဓိက ကျသော အရာတစ်ခုဖြစ်ပါသည်။ ဒါကြောင့် Anonymous Hacker များသည် တစ်ခုခုကို တိုက်ခိုက်တော့မည်ဆိုပါက မိမိတို့၏ IP Address ကို အရင်ဆုံး ဖျောက်ပြီးမှ တိုက်ခိုက်တတ်ကြပါတယ်။

ကျွှန်တော်တို့ ပတ်ဝန်းကျင်မှာ နေ့စဉ်နှင့်အမျှ အတိုက်အခိုက်များနှင့် ကြုံတွေ့ရလျှက်ရှိပါတယ်။ တိုက်ခိုက်သူများကို ဖော်ထုတ်နိုင်ရန်အတွက် IP Address ကို သိရှိထားဖို့လိုအပ်ပါတယ်။ အထူးသဖြင့် Cyber Bully သမားတွေက အမျိုးသမီးများကို ပစ်မှတ်ထားပြီး တိုက်ခိုက်တတ်ကြပါတယ်။ ထိုသို့တိုက်ခိုက်လာပါက ကြောက်ရွံ့မနေဘဲ အောက်ပါနည်းအတိုင်း တိုက်ခိုက်သူ၏ IP Address ကို ဖော်ထုတ်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များသို့ အချက်အလက်များနှင့် တကွ တိုင်တန်းပါ။

IP Grabbing လုပ်ဆောင်ရန်အတွက် အောက်ပါအတိုင်း အဆင့်ဆင့် လုပ်ဆောင်ပါ။

1. http://www.fuglekos.com/ip-grabber/index.html ပေးထားသော Link သို့ဝင်ရောက်ပါ။



2. Choose File ကို ရွေးချယ်ပြီး မိမိ လိုချင်သည့် ဓာတ်ပုံကို ရွေးချယ်ပါ။
Choose Password တွင် ကြိုက်နှစ်သက်ရာ Password ကို ရိုက်ထည့်ပါ။
Repeat Password တွင် Password ကို ထပ်မံရိုက်ထည့်ပါ။
Email Address ကို ထည့်ပါ။ ထို့နောက် Upload ကို နှိပ်ပါ။



3. ထည့်သွင်းလိုက်သော အချက်အလက်များကို Email သို့ ပို့ဆောင်ပေးမည် ဖြစ်သည်။



4. Email ကို ဖွင့်လိုက်သောအခါ Activation Link ကို မြင်တွေ့ရမည်ဖြစ်သည်။ ထို Activation Link ကိုဖွင့်ပြီး အချက်အလက်များကို ရယူပါ။



5. Activation Link ကို နှိပ်ပြီး Active လုပ်ပါ။



6. Activation Link ကို နှိပ်လိုက်သောအခါ တဘက်လူသို့ ပေးပို့ရန်အတွက် Image Link ရလာမည် ဖြစ်သည် ထို Link ကို မှတ်သားထားပါ။



7. Your image and in folder တွင် ပေးထားသော အချက်အလက်များကို မြင်တွေ့ရမည်ဖြစ်သည်။ ထိုအချက်အလက်များကို မှတ်သားထားပါ။ ထို့နောက် ပေးထားသော Link တွင် your image and in folder and password များဖြင့် ၀င်ရောက်ပါ။ ၀င်ရောက်သည့်အခါ quote ( ‘ )များကို ထည့်သွင်းစရာမလိုပေ။
http://www.fuglekos.com/ip-grabber/index.html


Check LOG ကို နှိပ်ပြီး ၀င်ရောက်ပါ။

8. IP Address များကို Grab လုပ်နိုင်မည့် Web Page ကို မြင်တွေ့ရမည် ဖြစ်သည်။



9. အဆင့် ၆ တွင်ရရှိထားသော Image Link ကို တဘက်လူကို ပေးပို့လိုက်ပါ။ တဘက်လူက ထိုလင့်ကို နှိပ်မိလိုက်သောအခါ IP Grab လုပ်မည့် Web Page တွင် နှိပ်မိလိုက်သူ၏ အချက်အလက်များကို မြင်တွေ့ရမည် ဖြစ်သည်။



10. Map Lookup တွင် ၄ ခုထဲမှ ကြိုက်နှစ်သက်ရာ တစ်ခုကို နှိပ်လိုက်ပါက တည်နေရာကိုပါ တစ်ပါတည်း ဖော်ပြပေးမည် ဖြစ်သည်။



အထက်ပါ နည်းလမ်းဖြင့် တဘက်က Cyber Bully လုပ်သူများများကို ဖော်ထုတ်နိုင်ပါတယ်။ ပညာလိုလား လူအများတို့ တိုက်ခိုက် ခံရခြင်းမှ ကင်းဝေကြပါစေဗျာ။

http://www.news-myanmar.info IP Address ကို ဓာတ်ပုံဖြင့် ဖမ်းယူခြင်း - News-Myanmar http://www.news-myanmar.info/2015/11/ip-address.html#ixzz3yjcnwPDA
http://www.news-myanmar.info

News Myanmar မှ ကူးယူဖေါ်ပြပါသည်

No comments:

Post a Comment