Saturday, January 23, 2016

၁၃၇၇ခုနှစ်၊ အမေ့နေ့ကဗျာ-၁

အမေနေ့
~~~~
အမေ့မေတ္တာ
ပန်းရွှေကြာလို
ပမာနှိုင်းလို
မနှိုင်းဆိုဘူး
နေခြည်တွေ့ရင်
နွမ်းတတ်လို့ . . .

အမေ့မေတ္တာ
စမ်းရေပြာလို
ပမာနှိုင်းလို
မနှိုင်းဆိုဘူး
နွေခါရောက်ရင်
ခမ်းတတ်လို့ . . .

အမေ့မေတ္တာ
လစန္ဒာလို
ပမာနှိုင်းလို
မနှိုင်းဆိုဘူး
တိမ်လွှာလေးတွေ
ဖုံးတတ်လို့ . . .

အမေ့ဆီ
ဖုန်းဆက်လိုက်တိုင်း
လောက၌ရှိသော စကားသံတို့ထက်
အချိုမြိန်ဆုံးသော
နွေးထွေးသော
နေကောင်းတယ် မဟုတ်လား
ထိုစကားသံကို အမြဲကြားယောင်မိတယ် အမေ ။

အရှင်အိန္ဒြာဝုဓ၏ ၂၄.၁.၂၀၁၆၊ ၁၃၇၇ခုနှစ်
ပာသိုလ်လပြည့်အမေ့နေ ကဗျာအမှတ်တရ။

No comments:

Post a Comment