Saturday, January 30, 2016

မွန်သမိုင်း

မွန်သမိုင်း (သို့မဟုတ်) မွန်လူမျိုး ဘယ်ကစလာတာလဲ


သုဘိန္နနာဂရမြို့ပျက်ပြီးနောက် သထုံမြို့သို့ပြောင်းရွှေ့၍ ဥမိုမင်းဆက်(၅)ဆက်အုပ်ချုပ် လေသည်။ ထို့ နောက်သထုံမြို့တွင်ပင် သီဟသုဓမ္မရာဇာ- တိဿဓမ္မရာဇာ မည်သောမင်းမှစ ၍ မနူဟာမင်း အထိမင်းပေါင်း(၅၇)ဆက်အုပ်ချုပ်ပြီး သာသနာသက္ကရာဇ်၁၆၀၀ ခရစ်သက္ကရာဇ် (အေဒီ-၁၀၅၇)လောက်တွင် သထုံမြို့ကြီးနှင့်တကွ မွန်ရှင်ဘုရင်များ ကွယ်ပျောက်သွားလေသည်။

ထို့ကြောင့် မွန်တို့သည် သထုံဒေသတွင်ဘုရားမပွင့်မီနှစ်ပေါင်းငါးရာလောက်မှစ၍ မြို့ပြပြည် နယ်ထူထောင်ပြီး မင်းလုပ်အုပ်ချုပ်ခဲ့သောသူများဖြစ်ကြောင်းသိရလေသည်။မနူဟာမင်းဆက်ကို စတင်ထူထောင်သော သီဟသုဓမ္မရာဇာ - တိဿဓမ္မရာဇာလက်ထက်တွင် မြတ်စွာဘုရားရှစ် ဝါရသောအချိန်၌ သထုံဒေသသို့ ရဟန္တာများခြံရံလျှက် ဒေသစာရီကြွချီလာပြီး တရားဟောခြင်း၊ ဓာတ်တော်များကို ချီးမြင့်ခြင်းစသည့်များကိုပြုလုပ်ခဲ့သည်ဟုမွန်မှတ်တမ်းများအရသိရလေသည်။ ထို့ကြောင့် မွန်တို့သည် ဘုရားလက်ထက်တော်မှစ၍ မနူဟာမင်းအထိနှစ် ပေါင်းတစ်ထောင့် ခြောက်ရာကျော် သထုံဒေသတွင် မင်းလုပ်အုပ်ချုပ်သူများ ဖြစ်သည်ဟုဆိုရပေမည်။
၁။သီဟသုဓမ္မရာဇာ-ဗန္ဓဒေဝီ၊
၂။ သီရိဓမ္မသောကရာဇာ-သန္တီမိတြာဒေဝီ၊
၃။ဓမ္မဿီရာဇာ သီရိဒေဝီ၊
၎။ ဓမ္မဒဇ္ဖရာဇာ-သုဝဏ္ဏဒေဝီ
၅။ အင်ကုရရာဇာ -နန္ဒဒေဝီ
၆။ ဗလဒေဝရာဇာ ရမ္မဒေဝီ၊
၇။ သီရိရာဇာ -ဘန္ဒြဒေဝီ၊
၈။ ဇောတရာဇ-အဂ္ဂဝိမလာဒေဝီ၊
၉။ သီရိဓမ္မသောကရာဇာ- သုဓမ္မါဒေဝီ၊
၁၀။ ဥဒယရာဇာ-သုရုစီဒေဝီ၊
၁၁။ ကာလဝဏ္ဏရာဇာ -သုဓမ္မဒေဝီ
၁၂။ အာဇိန္နကရာဇာ -သုကာဒေဝီ
၁၃။ မဟာသာလရာဇာ -သီလဒေဝီ ၊
၁၄။ ဥရုဏ္ဏရာဇာ- ပြဘာဒေဝီ ၊
၁၅။ နရသုရရာဇာ-သိဟဒေဝီ၊
၁၆။ မဟာဘန္ဒြရာဇာ-သုဘဒ္ဒဒေဝီ ၊
၁၇။ အနုဝရရာဇာ- အနုလာဒေဝီ၊
၁၈။ သိရိဂုတ္တရာဇာ-ဂဇ္ဇဒေဝီ၊
၁၉။ ဥရုဏ္ဏကရာဇာ-ဗန္ဓုကတီဒေဝီ၊
၂၀။ ယုဂန္ဓရာဇာ- သိင်္ဂလဒေဝီ၊
၂၁။ သုနန္ဒရာဇာ-သုနန္ဒဒေဝီ ၊
၂၂။ ဗြဟ္မဒတ္တရာဇာ - အစလဒေဝီ၊
၂၃။ ပုညရာဇာ -ဘောဂဒေဝီ၊
၂၄။ အဝိကရာဇာ- စိတ္တဒေဝီ ၊
၂၅။ပုရောဝဓိတရာဇာ-သုသံဒ္ဒယဒေဝီ၊
၂၆။သာဓုရာဇာ -ရတ္တဒေဝီ၊
၂၇။ ဓမ္မပါလ-ဒက္ခဒေဝီ၊
၂၈။ သုဒဿနရာဇာ-သုဒ္ဓဒေဝီ
၂၉။ ယောဂဒိယရာဇာ ပဒုမ္မဒေဝီ၊
၃၀။အသက္ကရာဇာ-သုမနဒေဝီ၊
၃၁။ပဒုမ္မရာဇာ-ဂန္ဓဒေဝီ၊
၃၂။ ဗန္ဓု ရာဇာ - ရမ္မကဒေဝီ၊
၃၃။ သီလရာဇာ - သမ္မဒေဝီ၊
၃၄။ မဟိသရာဇာ- သုဝဏ္ဏမာလာဒေဝီ၊ ၃၅။ဗလိကရာဇာ -သမ္မာဝါစာဒေဝီ၊
၃၆။ ဇဗ္မုဥတ္တရရာဇာ-စိတ္တဒေဝီ၊
၃၇။ ဒေဝရာဇာ - သုဓမ္မဒေဝီ၊
၃၈။ကေသရရာဇာ - ဓမ္မပါလဒေဝီ၊
၃၉။မုဏိရာဇာ-ဒေဝဓိတဒေဝီ၊
၄၀။သက္ကရာဇာ-ပြဘာဝတီဒေဝီ၊
၄၁။ကုသရာဇာ - ဂန္ဓဒေဝီ၊
၄၂။နရဓိတရာဇာ- ကေသာနီဒေဝီ၊
၄၃။ဝေလုရာဇာ- သိဟဒေဝီ၊
၄၄။စိတ္တရာဇာ- ဥမဒ္ဒယန္တီဒေဝီ ၊
၄၅ ။ ဗန္ဓရာဇာ - ဗန္ဓုဝတီဒေဝီ၊
၄၆။ ဒီဃရာဇာသုဝဏ္ဏဒေဝီ၊
၄၇။ သိဝိရာဇာ- သုဒ္ဓဒေဝီ၊
၄၈။ဥရကရာဇာ- ကာမေဇာပညာဒေဝီ၊
၄၉။ညေတ္တိရာဇာ- ညာတိက ဒေဝီ၊
၅၀။သိရိဓမ္မာသောရာဇာ-ရာမ္မသာရဒေဝီ၊
၅၁။မဟာစိတ္တဝရာဇာ-သုစိတ္တဒေဝီ၊
၅၂။ ဗန္ဓရရာဇာ ဗန္ဓုဒေဝီ၊
၅၃။ဇယသုမနရာဇာ-သုမကာဒေဝီ၊
၅၄။ ဗန္ဓရာဇာ-ဓနုဒေဝီ၊
၅၅။အဇီန္နရာဇာ-သုမနဒေဝီ၊
၅၆။ဥဒိန္နရာဇာ-ရတနမာလာဒေဝီ၊
၅၇။မနူဟာရာဇာ-နင်္ဂလာဒေဝီ။
ထိုသို့မင်းဆက်(၅၇)ဆက်နှစ်ပေါင်းတစ်ထောင်ခြောက်ရာကျော်မွန်တို့ သထုံဒေသတွင်မင်း လုပ်အုပ်ချုပ်စဉ်ထင်ရှားသောအဖြစ်အပျက် .
(၁) နဝမမြောက်မင်းဆက်ဖြစ်သော သီရိဓမ္မသောကရာဇာမင်းကြီးလက်ထက်၊သာသနာသက္ကရာဇ် ၂၃၆ခုနှစ်တွင် မဇျ္စိမဒေသမှ ဗုဒ္ဓဘာသာပြန့်ပွားရေးအတွက် သောဏထေရ်နှင့်ဥတ္တရ ထေရ်တို့ သထုံသို့ရောက်လာခြင်းနှင့်
(၂) မင်းဆက်(၂၇)ဆက်မြောက်ဖြစ်သော ဓမ္မပါလာနှင့် ဒက္ခဒေဝီတို့ သထုံတွင်မင်းလုပ်စဉ် သာသနာသက္ကရာဇ် ၉၀၀ကျော်လောက်တွင် ရှင်မဟာ ဗုဒ္ဓ္ခဃာသသည် သီဟိုဋ်ကျွန်း သို့ ထွက်ခွာ၍ ပိဋကတ်တော်များကို သွားရောက်ကူးယူသောအချိန်အခါပင်ဖြစ်လေသည်။
သာသနာ သက္ကရာဇ် ၉၀၀ ကျော်သည် ခရစ်သက္ကရာဇ်လေးရာစု(အေဒီ-၃၅၆) ဖြစ်လေသည်။ သထုံဒေသတွင်မွန်တို့ တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေစဉ် ရန်ကုန်ဘက်တွင်လည်းဥက္ကလာပ မင်း က တြိဂုမ္ဘမြို့ကို တည်ထောင်အုပ်ချုပ်နေသည်ကိုလည်းတွေ့ရလေသည်။ ဥက္ကလာမင်းသည် ဘုရားမပွင့်မီ အချိန်လောက်ကတည်းက မင်းလုပ်နေဟန်ရှိလေသည်။ အဘယ်ကြောင့် ဆိုသော် တဖုဿနှင့် ဘလ္လိကညီနောင်နှစ်ပါး မြတ်စွားဘုရားထံမှ ဆံတော်များကို ရန်ကုန်သို့ ယူဆောင် လာရာတွင် ဥက္ကလာပမင်းသည် ရန်ကုန်တွင်မင်း လုပ်အုပ်ချုပ်လျက်ရှိကြောင်း မွန်သမိုင်း မှတ်တမ်းအရ သိရလေသည်။ ဥက္ကလာပမင်းသည် ရွှေတိဂုံစေတီကို စတင်တည်ဆောက်သောဘုရင် ဖြစ်ပြီး မင်းဆက် (၃၂)ဆက်တို့က ရွှေတိဂုံဘုရားအား ပြုပြင်ပူဇော်ကြသည် ဟုသိရသည်။ ရန်ကုန်ဘက်တွင် ဥက္ကလာပမင်းက တြိဂုမ္ဘမြို့ကို တည်ထောင်အုပ်ချုပ်သကဲ့သို့ ယခုကျောက်တန်းမြို့နယ်၊ပါဒကြီးကျေးရွာတည်ရှိရာအရပ် တွင်လည်း ပါဒနိုင်ငံတစ်နိုင်ငံကို တည် ထောင်သည် ဟူ၍ သိရပေသည်။ သထုံဒေသတွင် မနူဟာမင်းဆက် ၅၇-ဆက်ကို ပထမ တည် ထောင်သော သီဟသုဓမ္မရာဇာ(တိဿဓမ္မသီဟရာဇာ) လက်ထက်တွင် သားတော်ကြီး တိဿ သောဂန မင်းသားအားနောက် ပါ အခြွေအရံများနှင့် အတူသထုံပြည်၏အနောက်မြောက်အရပ်တွင် တိုင်းသစ်ပြည်သစ်တည် ထောင်ရန်စေလွှတ်ခဲ့ရာ ယခုပါဒကြီး ကျေးရွာရှိရာ အရပ်သို့ရောက်သည့် အခါ ဤအရပ်ဒေသသည်ကုန်းမြေပြန့်လည်းဖြစ်၊ပင်လယ်ကမ်းခြေနှင့်လည်းနီစပ်သဖြင့်နန်းတည် ရန်သင့်၏ဟု ကြံရွယ်ပြီး မဟာသက္ကရာဇ် (၉၈) ခုနှစ်တွင် မြို့နန်းသစ် တည်ထောင်လျက် ပါဒ နိုင်ငံတော်ဟု သတ်မှတ်ခေါ် တွင်လျက် ပါဒမင်းဆက်ကို စတင်ခဲ့လေသည်။ ပါဒနေပြည်တော်တွင် စိုးစံခဲ့ကြသော မင်းများမှာ(၁) တိဿဘောဂသေနမင်း(မြို့နန်းတည် မင်း)၊(၂) တိဿနရသေနမင်း၊(၃)မြစောနောင်မင်း၊(၄) ဟံသာသေနမင်း၊(၅)ရာဇစောနောင်မင်း၊ (၆)နန်းစောရှင်မင်း၊(၇) ဇဟသေနမင်း၊ (၈) နာဂသီဟမင်း၊(၉)ရာဗေဒကမင်း၊(၁၀)နရကျော်မင်း၊ (၁၁)တွတ္ထနာဂမင်း၊(၁၂)အနုပီယမင်း၊(၁၃) ဒေါဓဟံမင်း၊(၁၄)ကန္နဝဇ္ဖမင်း၊ (၁၅)စောရဟန်မင်း၊ (၁၆)ဇေဏျဒကမင်း၊(၁၇)ဇေယျကျော်ထင်မင်း၊(၁၈)အောင်ဇေယျမင်း၊ ၊(၁၉) မင်းစောနှောင်မင်း၊ (၂၀)ကော့ဒွတ်မင်း၊(၂၁)ရာဇသေဝမင်း၊(၂၂)ရာဇကောဓမင်း၊(၂၃)နေသူရမင်း၊(၂၄)ကန္ဒမင်း၊(၂၅) နရာသဟမင်း၊(၂၆)စေပုလ္လမင်း၊(၂၇)ဝသူဇလမင်း၊(၂၈)စောဖျားကျော်မင်း၊(၂၉)တနုကမင်း၊(၃၀) စောဘုန်းကြွယ်မင်း၊(၃၁)စောစောနောင်မင်း၊(၃၂) စောဂလာမင်း၊(၃၃)မွန်မင်း၊(၃၄)နရန္ဒမင်းတို့ ဖြစ်ကြပါသည်။ ထိုမင်းဆက်(၃၄)ဆက်တွင် ထင်ရှားသောအဖြဟ်အပျက်များမှာမင်းဆက်ခုနှစ်ဆက်မြောက် ဖြစ်သောဇယနမင်းလက်ထက်၊ သာသနာသက္ကရာဇ် (၈၄)ခုနှစ်တွင် အိန္ဒိယ မဟာဗောဓိမှ ရဟန္တာ အရှင်မြတ်များ ပင့်ဆောင်လာသော ဆံတော် ၊ သွားတော်နှင့်ဓမ္မကဂိုဏ်း ရေစစ်တော်တို့ကို မှော်ဝန် မြစ်၏အလည်ပေါ်ထွန်းနေသော ဂဝံကျောက်ကျွန်းပေါ်တွင် စေတီတည်ပြီး ဌာပနာထားက “ ကျိုက် မျှော်ကလော့ ” စေတီဟုဘွဲ့အမည် သတ်မှတ်ခဲ့သည်။ မွန်အမည်မှန်မှာ “ ကျိုက်တံၜကလောံ” (ကျာ်- ဘုရားစေတီ၊ တံၜ-ကျောက် ၊ ကလောံ-အတုံး ၊ ကျောက်တုံးပေါ်တွင် တည်ထားသောစေတီ)ဟု အဓိပ္ပါယ်ရသည်။ ၎င်းနောက် သာသနာသက္ကရာဇ် ၂၃၈ မင်းဆက်(၁၁)ဆက်မြောက် တွတ္ထနာဂမင်း သီဟိုဋ် ကျွန်းသို့ တိုင်းခန်းလှည့်လည်စဉ် မဇ္ဈိမဒေသမှသာသနာပြုရဟန္တာအရှင်မြတ်များကြွလာတော်မူ သည်နှင့်ကြုံပြီး ရဟန္တာ အရှင်သူမြတ်များထံမှ ရရှိသည့် ဆံတော်ဓာတ်တစ်ဆူနှင့် ဓာတ်တော် ကိုး ဆူ ကို မူလကျိုက်မျှော်ကလော့(ကျိုက်တၜံကလော့ )စေတီတွင်ထပ်မံဌာပနာလျက် ကျိုက်မှော် ဝန်းဟူသော ဘွဲ့အမည်တော် သတ်မှတ်လေသည်။ မွန်အမည်မှာ ( ကျာ်- စေတီဘုရား ၊တၜံ- ကျောက်၊ ဝါန် -ဂဝံ)“ ဂဝံကျောက်ပေါ်တွင်တည်ထားသော ဘုရား” ဟု အဓပ္ပါယ်ရသည်။ ပါဒနိုင်းငံတော်သည် ပထမမြောက်ဘုရင် တိဿဘောဂသေနမင်းမှ (၁၁)ဆက်မြောက် တွ တ္ထနာဂမင်းကြီး တိုင်အောင် သာသနာတိုးတက်ကြီးပွာရန်ဆောင်ရွက်ခဲ့ကြပြီး ကျန်မင်းဆက်အများ စုမှာ အချင်းချင်းတိုက်ခိုက်နန်းလုနေကြသဖြင့် ပါဒနေပြည်တော်သည် နန်းသက်နှစ် နှစ်ရာခန့် အတွင်း မင်းဆက်ပျက်သုန်းခြင်း အဖြစ်သို့ ရောက်ရှိခဲ့ပေသည်။ သထုံ၊ ရန်ကုန် နောက်သာသနာသက္ကရာဇ် ၁၁၁၆၊ တပို့တွဲလပြည့်ကျော် တစ်ရက်နေ့ တွင် သံသာဝတီမြို့ကို တည်ထောင်သော သမလ၊ ဝိမလညီနောင်နှစ်ပါးသည် သထုံမှထွက်ခွာသွား ပြီး ပဲခူး၊ ဟံသာဝတီကိုတည်ထောင်သောသူများ ဖြစ်လေသည်။ ပဲခူး ၊ဟံသာတီတွင်သမလမှစ၍ မင်းဆက်(၁၇)ဆက်အုပ်ချုပ်ပြီးနောက် ပဲခူးမြို့လည်း ဆိတ်သုဉ်း ပျောက်ကွယ်သွားပြန်သည်။
၁။ သမလမင်း ၂။ ဝိမလမင်း၊ ၃။ အသားမင်း၊ ၄။ အရိန္ဒမမင်း၊ ၅။ မဟိသမင်း၊ ၆။ နာ ဂိန္ဒမင်း၊၇။ မိဂ္ဂဒီပ(အကြီး)မင်း၊ ၈။ ဂဇ္ဇဒီပိယမင်း၊ ၉။ ကရိဝိကမင်း ၊ ၁၀။ ပဉ္စာလမင်း၊ ၁၁။အတ္တသာ ရမင်း၊ ၁၂။ အနုရာမမင်း၊ ၁၄။ မိဂ္ဂါဒီပ(အငယ်)မင်း၊ ၁၄။ အဂ္ဂသောမန္တမင်း၊ ၁၅။ ဥပလရာဇမင်း၊ ၁၆။ ပုန္နရိကမင်း ၁၇။ တိဿမင်း -သုဘဒ္ဒါဒေဝီ။ သမလ၊ဝိမလမင်းဆက်(၁၇)ဆက်တွင် ထင်ရှားသောအဖြစ် အပျက်များမှာ…………
(၁) သမလ၊ဝိမလမင်းတို့က ရွှေမော်ဓောဘုရားကို စတင်တည်ဆောက်ခြင်း၊ (၂) အသားမင်းသာက အိန္ဒိယမှလာသော ကုလား လူစွမ်းကောင်း လမ်းဗာနှင့် ထိုးသတ် ရာတွင် အောင်ပွဲရရှိခြင်း၊ (၃) မင်းဆက် (၁၃) ဆက်မြောက် မဂ္ဂါဒီပ (အငယ်)မင်းက ရွှေသာလျှောင်းဘုရားကို တည်ဆောက်ခြင်း၊ (၄) နောက်ဆုံးမင်းဆက် (၁၇)ဆက် ဖြစ်သော တိဿမင်းသည် မိစ္ဆာအယူတွင်သက်ဝင် ယုံကြည်ရာ၌ သုဒ္ဒါအမျိုးသမီးက တိဿမင်းအား ဗုဒ္ဓဘာသာ အယူဝါဒ ဘက်သို့ပြန်လည် ယုံကြည်လာအောင် စွမ်းဆောင်နိုင်းခြင်း၊ စသည့်အဖြစ်အပျက်များကို တွေ့ရှိရလေသည်။ မြန်မာပြည်အောက်ပိုင်းသထုံ ၊ ရန်ကုန် နှင့် ပဲခူးဒေသတို့တွင် မွန်တို့သည်မြို့ရွာတည် ထောင်ပြီး အုပ်ချုပ်မင်းလုပ်နေစဉ် ထိုင်းနိုင်းငံတောင်ပိုင်းတွင်လည်း လပ်ပူရီ(LOBURI) မြို့ ကို မြို့တော်အဖြစ် တည်ထောင်က ဒွါရဝတီပြည်ကိုတည်ထောင်သော ဘုရင်များလဲရှိသည် ဟု သိ ရလေသည်။ ဒွါရဝတီကို အုပ်ချုပ်နေစဉ် ၁၀ရာစု၁၁ရာစုလောက်တွင်ထိုင်းနိုင်းငံအရှေ့ကမ္ဘောဒီးယား ပြည်မှ မွန်ခမာအနွယ်ဖြစ်သော ခမာလူမျိုးများ ဝင်ရောက်တိုက်ခိုက်သေကြောင့် ဒွါရဝတီ မှ မွန်တို့သည် ထိုင်းနိုင်းငံ မြောက်ပိုင်းသို့ပြောင်းရွေ့ပြီး လန်ဖွန်ဒေသတွင် မြို့ပြတည်ထောင်အုပ် ချုပ်ပြန်လေသည်။ ထိုဒေသတွင် အုပ်ချုပ်မင်းလုပ်သူမှာ “ကျမ်ဒေဝီ” ဟူသော ဘုရင်မဖြစ်ပြီး မြို့၏ အမည်မှာ “ ဟရိပုဉ္စ” ဟုခေါ်တွင်လေသည်။ ဟရိပုဉ္စတိုင်းသည် ထိုင်းနိုင်းငံတွင် မွန်တို့နောက်ဆုံး အခြေစိုက် တည်ထောင်သော နေရာဖြစ်သည်ဟု သိရလေသည်။ အဘယ်ကြောင့်ဆိုသော် ၁၂ ရာစု ပြီးနောက် ထိုင်းနိုင်းငံတွင်းသို့ ယိုးဒယား လူမျိုးများ ဝင်ရောက်ပြီး နောက်မွန်များ ကွယ်ပျောက် သွားသည်ကို တွေ့ရသောကြောင့် ဖြစ်လေသည်။ ထိုင်းနိုင်းငံတွင် ၁၂ ရာစုပြီးနောက် မွန်တို့သည်မြို့ပြတည်ထောင်ပြီး အုပ်ချုပ်မင်းလုပ်နိုင်း ခြင်း မရှိသော်လည်ုးမြန်မာပြည်တွင်း၌မူကား ဝါရီရူးမင်းသည် မုတ္တမမြို့တွင် ကောဇာသက္ကရာဇ် ၆၄၃ခု(အေဒီ၁၂၈၁)တွင် မွန်မင်းဆက်အသစ်ကို စတင်တည်ထောင်နိုင်းသောသူဖြစ်သည်။ ဝါရီရူး မင်းဆက်တွင် မင်းပေါင်း(၁၈)ဆက်သည် မုတ္တမနှင့် ဟံသာဝတီမြို့များကိုတည်ထောင်အုပ်ချုပ်ကြ လေသည်။ ဝါရီရူးမင်းဆက်၏ နောက်ဆုံးမင်းဆက်မှာ “သူရှင်တကာရုပ္ပိ” ပင်ဖြစ်ပြီး ကောဇာသက္က ရာဇ် ၉၀၀(အေဒီ - ၁၅၃၈)လောက်တွင် မွန်မင်း ဆက်သည် တောင်ငူမှ မင်းတရားရွှေထီးနှင့် ဘုရင့်နောင်တို့၏ စွမ်းရည်သတ္တိကြောင့် ကွယ်ပျောက်ရပြန်လေသည်။ မင်းအမည် မင်းပြုသည့်နှစ် ၁။ဝါရီရှူမင်း ၆၄၃ - ၆၆၈ မုတ္တမ(အေဒီ၁၂၈၁ - ၁၃၀၆) ၂။မကဒါမင်း ၆၆၈ - ၆၇၂ မုတ္တမ ၃။စောအောမင်း ၆၇၂ - ၆၈၅ မုတ္တမ ၄။စောဇိတ်မင်း ၆၈၅ - ၆၉၂ မုတ္တမ ၅။ဇိတ်ဗန်မင်း (ရ) ရက် မုတ္တမ ၆။အိုင်ကန်ကောင် (၄၉) ရက် မုတ္တမ ၇။ဗညားအိုင်လယ် ၆၉၂ - ၇၁၀ မုတ္တမ ၈။ဗညားအူး ၇၁၀ - ၇၃၁ မုတ္တမ(အေဒီ၁၃၄၈ - ၁၃၈၅) ၇၃၁ - ၇၄၅ မုတ္တမ ဟံသာဝတီ ၉။ရာဇာဓိရာဇ် ၇၄၅ - ၇၈၃ ဟံသာဝတီ(အေဒီ၁၃၈၅ - ၁၄၂၃) ၁၀။ဗညားဓမ္မရာဇာ ၇၈၃ - ၇၉၀ ဟံသာဝတီ ၁၁။ဗညားရန် ၇၉၀ - ၈၀၈ ဟံသာဝတီ ၁၂။ဗညားဗရော ၈၀၈ - ၈၁၁ ဟံသာဝတီ ၁၃။ဗညားကျန်း ၈၁၁ - ၈၁၄ ဟံသာဝတီ ၁၄။လိပ်မွန်ထော်(ဗညားဒိဗ္ဗ) (ရ)လ ဟံသာဝတီ ၁၅။ရှင်စောပု ၈၁၄ - ၈၃၂ ဟံသာဝတီ ၁၆။ဓမ္မစေတီမင်း ၈၃၂ - ၈၅၃ ဟံသာဝတီ ၁၇။ဗညားရန်(ဗညားရာ) ၈၅၃ - ၈၈၈ ဟံသာဝတီ ၁၈။သူ့ရှင်တကာရုပ္ပိ ၈၈၈ - ၉၀၀ ဟံသာဝတီ (အေဒီ၁၅၂၆ - ၁၅၃၈) ဝါရီရှူးမင်းဆက်တွင် ထင်ရှားသောဘုရင်များမှာ ဝါရီရှူးအပြင်မင်းဆက်ရှစ်ဆက်မြောက် ဖြစ်သော ဗညားအူးမင်းသည် မုတ္တမမှ ဟံသာဝတီတွင် ထီးနန်းတည်ဆောက်ကာ ပြောင်းရွှေ့အုပ် ချုပ်လေသည်။ ဟံသာဝတီမြို့တော်ကို ကောဇသက္ကရာဇ် ၇၂၆ တွင်တည်ဆောက်လေသည်။ဗညားအူး၏သားတော် ရာဇာဓိရာဇ်မှာလည်း ဤမင်းဆက်တွင် ထင်ရှားသော ဘုရင်တစ်ပါးဖြစ်ခဲ့လေသည်။
ရာဇာဓိရာဇ်ပြီးနောက် ရှင်စောပုနှင့် ဓမ္မစေတီမင်းတို့သည်လည်းအလွန်ထင်ရှားကျော်ကြား ကြသော မွန်ဘုရင်များ ဖြစ်ကြလေသည်။ ဝါရီရှူးမင်းဆက်သည် ကောဇာသက္ကရာဇ်(၉၀၀)လောက်တွင် ကုန်ဆုံး
သွားပြီးနောက် နောက်ဆုံး မွန်ဘုရင်တစ်ပါးအနေဖြင့် ပေါ်ထွန်းလာသူမှာ ဗညားဒလပင်ဖြစ်လေသည်။
ဗညားဒလ သည် ကောဇာသက္ကရာဇ်(၁၁၀၈) ခုနှစ် (အေဒီ ၁၇၄၇ - ၁၇၅၉)တွင် ဟံသာဝတီကို စုစည်းတည် ထောင်ပြီး မင်းလုပ်အုပ်ချုပ်ရာ(၁၁၁၉) ခုနှစ် တိုင်ပင် ဖြင့်တော့သည်။ ဗညားဒလသည်
ဦးအောင် ဇေယျ၏ စွမ်းရည်သတ္တိကို မယှဉ်နိုင်သဖြင့် ကျဆုံးသွားရလေသည်။
ထိုအချိန်မှစ၍မြန်မာပြည်တွင် နောက်ထပ်မွန်တို့ ထပ်မံပြီး မြို့ပြတည်ထောင်ကာ မင်းလုပ်အုပ်ချုပ်သော
ဘုရင်ဟူ၍ ယနေ့တိုင် မပေါ်ထွန်းလာခဲ့ပေ။

MP$ YOU မှ ကူးယူဖေါ်ပြပါသည်။

No comments:

Post a Comment