Saturday, January 23, 2016

ဘယ်သူမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါ


တကယ်တော့ အင်စတာဂရမ်ပေါ်မှာ မြင်တွေ့နေရတဲ့ မော်ဒယ်တွေဆီက အလှတရားတွေဟာလည်း တကယ်တော့ အစစ်အမှန်မဟုတ်ဘူးလို့ ဆိုပါတယ်။

အင်စတာဂရမ်ပေါ်မှာ လူသိများတဲ့ ကြံ့ခိုင်ရေး မော်ဒယ်တစ်ဦးက သူမရဲ့ ဗိုက်ခေါက်ထွက်နေတဲ့ ဓာတ်ပုံတစ်ပုံကို အင်တာနက်မှာ တင်လိုက်ပြီး လူတွေကို အသိတစ်ခု မျှဝေလိုက်ပါတယ်။ အင်စတာဂရမ်လို၊ ဖေ့စ်ဘွတ်ခ်လိုနေရာတွေမှာ တွေ့မြင်နေရတာတွေဟာ တကယ်တော့ အစစ်အမှန်တွေ မဟုတ်ဘူးဆိုတဲ့ အသိတရား တစ်ခုကို အဆိုပါ မော်ဒယ်က ပြောပြခဲ့တာပါ။



အင်စတာဂရမ်မှာ ပုံတင်တဲ့အခါ မိန်းကလေးအများစု ချစ်စရာကောင်းတဲ့ပုံ၊ ကိုယ်ဟန်လှတဲ့ပုံတွေကိုသာ ရွေးတင်တတ်ကြပါတယ်။ ဒါကို မြင်ပြီး အားကျသူ ပျိုမေတွေလည်းရှိမှာပါ။ အထူးသဖြင့် လေ့ကျင့်ခန်းလုပ်၊ ကျန်းမာရေးလိုက်စားတဲ့ မော်ဒယ်တွေကို တွေ့ရတဲ့အခါ အားကျတတ်ကြပါတယ်။ ဒါပေမဲ့ ဘယ်သူမှ မပြည့်စုံဘူးဆိုတဲ့အတိုင်း လှပါတယ်ဆိုသူတွေတောင် အားနည်းချက် ကိုယ်စီတော့ ရှိကြစမြဲပါ။



သူမ အရင်တင်ဖူးတဲ့ အင်စတာဂရမ်ဓာတ်ပုံတွေမှာ ခန္ဓာကိုယ်က ဘာမှပြောစရာ မရှိလောက်အောင် လှပေမဲ့ အခုပုံမှာတော့ ဗိုက်ခေါက်သားတွေ အတိုင်းသားမြင်နေရပါတယ်။ ဓာတ်ပုံနဲ့ အတူ သူမက အသိပေးချင်တဲ့ မက်ဆေ့နှစ်ခုရှိတယ်လို့ ဆိုပါတယ်။ ပထမတစ်ခုကတော့ ဘယ်သူမှ မပြည့်စုံဘူး(No one is perfect) ဆိုတာကိုသာ သိစေချင်လို့ဖြစ်ပါတယ်။


နောက်တစ်ချက်ကတော့ လူတွေအားလုံး ကိုယ့်မှာ ပိုင်ဆိုင်ထားတဲ့ ခန္ဓာကိုယ်ကို သဘောကျနှစ်သက်ကျဖို့ ဖြစ်ပါတယ်တဲ့။ ဗိုက်ကလေးချပ်နေမှ၊ ခန္ဓာကိုယ်ကောက်ကြောင်းလေး ထင်နေမှ ကျန်းမာတာမဟုတ်ပါဘူးလို့ သူမက ရေးသားထားပါတယ်။ လူတွေအားလုံး ကိုယ့်ရဲ့ ခန္ဓာကိုယ်က ဘယ်လိုပုံစံကို ပိုင်ဆိုင်ထားပါစေ စိတ်ပျက်စရာ မလိုဘဲ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်အောင် ကြိုးစားကြပါလို့ ပြောပါတယ်။ အင်စတာဂရမ်မှာ ပြီးပြည့်စုံတယ်လို့ ထင်ရတဲ့ အလှတရားတွေနောက်မှာ ပြီးပြည့်စုံမှု မရှိဘူးဆိုတာ သူမက ထုတ်ဖော်လိုက်တာ ဖြစ်ပါတယ်။

Source : Metro
Photos : Instagram

No comments:

Post a Comment