Saturday, January 23, 2016

၁၃၇၇ခုနှစ်၊ အမေ့နေ့ကဗျာ-၂

အမေ....အမေ....အမေ
အမေ့မေတ္တာ ပန်းရွှေကြာနှင့်
ပမာနှိုင်းဆို မပြောလိုဘူး
ထိုပန်းကြွေကာ နွမ်းတတ်လို့။

အမေ့မေတ္တာ စမ်းရေပြာနှင့်
ပမာနှိုင်းဆို မပြောလိုဘူး
ထိုစမ်းနွေမှာ ခမ်းတတ်လို့။
အမေ့မေတ္တာ လစန္ဒာနှင့်
ပမာနှိုင်းဆို မပြောလိုဘူး
ထိုလတိမ်မှာ ဖုံးတတ်လို့။


အမေ့မေတ္တာ နှိုင်းစရာတွေ့
ကာရန်မေ့သည် အမေ့မေတ္တာ
ရေသီတာ....။

ပဋိသန္ဓေ ဆယ်လနေ၍
မြုတေမျက်နှာ မြင်သောခါက
နံ့သာပန်းမျိုး မဉ္ဇူမျိုးသို့
မြတ်နိုးလှမော ချစ်သဘောမြင်
ကျော်စောထင်အောင် စီးပွားဆောင်သည်
ဘုန်းခေါင်မိခင် ကျေးဇူးရှင်။ ။

(အရှင်ကောဝိဒ-ကဒူး)

No comments:

Post a Comment