ကြည်းနူးပျော်ရွှင်မိပါတယ်။ ဆရာတော်တစ်ပါးကပြောဘူးတယ်။ "လူဆိုတာက ကုန်ပစ္စည်းတစ်ခုလိုပဲ ထုတ်ကုန်အစုအဖွဲ့ရှိရင် ကုန်တံဆိပ်ဆိုတာရှိရတယ်" တဲ့။ ဒါကတော့ ကျွန်တော်တိုရွာရဲ့ ဂုဏ်ယူဝမ်းမြောက်ဖွယ် လိုဂိုလေးတစ်ခုကို အောင်မြင်စွာမှတ်တမ်းတင်နိုင်ခဲ့ပါပြီး။ဝမ်းမြောက်ဂုဏ်ယူစွာ မှတ်တမ်းတင်အပ်ပါတယ်။
Logo မှာပါဝင်တဲ့ခုနှစ်တွေကတော့ ဒီသန်တန်းကြီးကို စင်တင်တည်ထောင်ခဲ့တဲ့နှစ်ဖြစ်ပါတယ်။
ဝတ်အသင်းကြီးကိုစတင်တည်ထောင်ခဲ့တာကတော့ ပိန္နဲကုန်းတောင်ရွာရဲ့ ပဉ္စမမြောက် ကျောင်းထိုင်ဆရာတော် ဦးသောဘိတ ဦးဆောင်တည်ထောင်ထားခဲ့သောဝတ်အသင်းဖြစ်ပါတယ်။
ဝတ်အသင်းအမည်ကိုတော့" မြနန္ဒာ' အမျိုးသမီးဝတ်အသင်း" လို့
အမည်ကိုဆရာတော်ကပေးခဲ့ပါတယ်။
သို့ပေမဲ့လည်း နှစ်ပေါင်းများစွာ ပိန္နဲကုန်းတောင်ရွာဝတ်အသင်းလို့သာ
သုံးဆွဲပါများလာတော့ မြနန္ဒာဆိုတဲ့ အသင်းနာမည်ကို ယခုဝတ်အသင်းဝင်လူငယ်တွေက
မသိရှိတော့တာဖြစ်ပါတယ်။
ဒါကြောင့် ယခုနှစ်(၂၀၁၇)မှာ နာမည်မှည့်ဖို့ဖြစ်လာပါတယ်။
နာမည်ကို ယခုဆဋ္ဌမမြောက်ကျောင်းထိုင်ဆရာတော် ဦးသောဘိတနဲ့ ဦးဥတ္တမ၊ ရွာဝတ်အသင်းအဖွဲဝင်များနဲ့တိုင်ပင်ပြီး သာသနပါလဝတ်အသင်းလို အမည်မှည့်ခဲ့ပါတယ်။
ဝတ်အသင်းအမည်မှည့်ပြီးမှ ရွာသူကြီးဟောင်း ဦးသန်အောင်၏ပြောကြာချက်အရ
ဝတ်အသင်းနာမည်ရှိသေးကြောင်း သိရှိရပြီး" မြနန္ဒာ" နဲ့ "သာသနပါလ" ဆိုတဲ့နာမည်နှစ်ခုအနက်
သာသနပါလ ဆိုတဲ့ နာမည်ကို အတည်ပြုလိုက်ကြတာဖြစ်ပါတယ်။
ဖြေရှင်စရာမလိုအပ်တဲ့ကိစ္စလေးအတွက် ဘာကြောင့်ဖြေရှင်းပြနေရသလည်းဆိုတော့ သမိုင်းကောင်းဆိုတာ ဘယ်တော့မှ တိမ်ကောပျောက်ကွယ်ရိုးမရှိပါဘူး၊
တိမ်ကောလုနီးပါဖြစ်နေတဲ့ သမိုင်းကိုတောင် နောင်လာနောင်သားတွေက
ပြန်လည်ဖော်ထုတ်ရိုးရှိကြတာမို့ ဒီလိုဂိုနဲ့ ဝတ်အသင်းဖြစ်ပေါ်လာပုံ သမိုင်းကြောင်းလေးကို
ဂုဏ်ယူစွာမှတ်တမ်းတင် ဖော်ပြအပ်ခြင်းဖြစ်ပါတယ်။
No comments:
Post a Comment