Thursday, September 28, 2017

က်ီး​ေပါင္​းမူးသူမ်ားအတြက္​တဲ့

က်ီးေပါင္းေၾကာင့္မူးသူမ်ားအတြက္
ႏြယ္ျမက္သစ္ပင္ ေဆးဘက္ဝင္တဲ႕
"ဝါးမင္း" အေၾကာင္းမ်ွေဝခ်င္ပါတယ္။
လြန္ခဲ႕တဲ႕လက ကဖိုးေမာင္တေယာက္
ပက္လက္ကုလားထိုင္ေပၚကအထ,မွာ
မိုက္ခနဲမူးလြန္းတာေၾကာင့္
ဆရာဝန္ေျပးေခၚခဲ႕ရပါတယ္။

ဆရာဝန္ေရာက္လာလို႕
ေသြးေပါင္ခ်ိန္ေတာ့လည္းပံုမွန္
ေသြးခ်ိဳလည္းမရွိ မူးတာကလည္း
ခ်ာခ်ာလည္ ။
စမ္းသပ္ျပီးတဲ႕အခါ လည္ပင္းေၾကာရိုး
က်ီးေပါင္းေၾကာင့္မူးတာပါ တဲ႕။
ေဆးထိုးေဆးေသာက္လိုက္တဲ႕အခါ
သက္သာသြားေပမဲ႕အရွင္းမေပ်ာက္ပါဘူး
အိပ္ယာဝင္ အိပ္ယာထ မူးေနတုန္းပါဘဲ။
လမ္းေလွ်ာက္ရင္းလည္းတခါတရံ
မူးေနာက္ေနတုန္းမို႕ အထူးကုျပဖို႕
စီစဥ္ရပါေတာ့တယ္။
အထူးကုျပဖို႕စာရင္းေပးထားတုန္းမွာဘဲ
ကဖိုးေမာင္ရဲ႕ မိတ္ေဆြဘၾကီးဦးလွတင္က
ဓါတ္ပံုထည္းမွာျပထားတဲ႕ ဝါးပင္တပင္ကို
ခုတ္ယူေစျပီး ေသြးလူးခိုင္းပါတယ္။
အသက္၉၀ ဝန္းက်င္ဘၾကီးက
အာမခံပါတယ္ ။
"အဲ႕ဒိဝါးပင္ေလးကို
ေသြးျပီးလည္ပင္း ဂုတ္စသည္
နွံ႕စပ္ေအာင္လိမ္းအိပ္စမ္းပါကြာ။
ဘာအထူးကုမွမလိုပါဘူး"တဲ႕
ကဖိုးေမာင္ၾကီးကလည္း ဝမ္းသာအားရယူလာျပီး
ညဘက္နဲ႕ မနက္ခင္းေတြေသြးလူးေပးလိုက္တဲ႕အခါ
ယူျပစ္သလို ေပ်ာက္ကင္းသြားတာမို႕
အံ႕ၾသဝမ္းသာျဖစ္ၾကရပါတယ္။
အထူးကုဆီလည္းမေရာက္လိုက္ပါဘူး။
ျဖစ္ခါစမို႕ခ်က္ခ်င္းသက္သာပံုပါဘဲ။
နွစ္ရွည္လမ်ား ေခါင္းငံု႕ျပီးဂီတာတီးလာတဲ႕
ကဖိုးေမာင္မွ က်ီးေပါင္းမျဖစ္ခံနိုင္ပါ့မလား။
က်ီးေပါင္းေၾကာင့္မူးတတ္သူမ်ား
အသံုးတည့္ရင္သံုးၾကရေအာင္
ဝါးပင္ေလးကို ညြွန္းျပမ်ွေဝလိုက္ပါတယ္ရွင္။
ကဖိုးေမာင္ကေတာ့ အိုေကသြားပါျပီ။
တျခားအေၾကာအဆစ္နာသူမ်ားလည္း
သံုးနိုင္တယ္လို႕ဘၾကီးကေျပာပါတယ္။
"အနာ နဲ႕ ေဆး ေတြ႕ၾကပါေစ"
UNI
ကျီးပေါင်းကြောင့်မူးသူများအတွက်
နွယ်မြက်သစ်ပင် ဆေးဘက်ဝင်တဲ့
"ဝါးမင်း" အကြောင်းမျှဝေချင်ပါတယ်။
လွန်ခဲ့တဲ့လက ကဖိုးမောင်တယောက်
ပက်လက်ကုလားထိုင်ပေါ်ကအထ,မှာ
မိုက်ခနဲမူးလွန်းတာကြောင့်
ဆရာဝန်ပြေးခေါ်ခဲ့ရပါတယ်။
ဆရာဝန်ရောက်လာလို့
သွေးပေါင်ချိန်တော့လည်းပုံမှန်
သွေးချိုလည်းမရှိ မူးတာကလည်း
ချာချာလည် ။
စမ်းသပ်ပြီးတဲ့အခါ လည်ပင်းကြောရိုး
ကျီးပေါင်းကြောင့်မူးတာပါ တဲ့။
ဆေးထိုးဆေးသောက်လိုက်တဲ့အခါ
သက်သာသွားပေမဲ့အရှင်းမပျောက်ပါဘူး
အိပ်ယာဝင် အိပ်ယာထ မူးနေတုန်းပါဘဲ။
လမ်းလျှောက်ရင်းလည်းတခါတရံ
မူးနောက်နေတုန်းမို့ အထူးကုပြဖို့
စီစဉ်ရပါတော့တယ်။
အထူးကုပြဖို့စာရင်းပေးထားတုန်းမှာဘဲ
ကဖိုးမောင်ရဲ့ မိတ်ဆွေဘကြီးဦးလှတင်က
ဓါတ်ပုံထည်းမှာပြထားတဲ့ ဝါးပင်တပင်ကို
ခုတ်ယူစေပြီး သွေးလူးခိုင်းပါတယ်။
အသက်၉၀ ဝန်းကျင်ဘကြီးက
အာမခံပါတယ် ။
"အဲ့ဒိဝါးပင်လေးကို
သွေးပြီးလည်ပင်း ဂုတ်စသည်
နှံ့စပ်အောင်လိမ်းအိပ်စမ်းပါကွာ။
ဘာအထူးကုမှမလိုပါဘူး"တဲ့
ကဖိုးမောင်ကြီးကလည်း ဝမ်းသာအားရယူလာပြီး
ညဘက်နဲ့ မနက်ခင်းတွေသွေးလူးပေးလိုက်တဲ့အခါ
ယူပြစ်သလို ပျောက်ကင်းသွားတာမို့
အံ့သြဝမ်းသာဖြစ်ကြရပါတယ်။
အထူးကုဆီလည်းမရောက်လိုက်ပါဘူး။
ဖြစ်ခါစမို့ချက်ချင်းသက်သာပုံပါဘဲ။
နှစ်ရှည်လများ ခေါင်းငုံ့ပြီးဂီတာတီးလာတဲ့
ကဖိုးမောင်မှ ကျီးပေါင်းမဖြစ်ခံနိုင်ပါ့မလား။
ကျီးပေါင်းကြောင့်မူးတတ်သူများ
အသုံးတည့်ရင်သုံးကြရအောင်
ဝါးပင်လေးကို ညွှန်းပြမျှဝေလိုက်ပါတယ်ရှင်။
ကဖိုးမောင်ကတော့ အိုကေသွားပါပြီ။
တခြားအကြောအဆစ်နာသူများလည်း
သုံးနိုင်တယ်လို့ဘကြီးကပြောပါတယ်။
"အနာ နဲ့ ဆေး တွေ့ကြပါစေ"
Credit by စိုက္​ပ်ဳိး​ေရးနဲ႔အ​ေထြ​ေထြ ဗဟုသုတ

No comments:

Post a Comment