Wednesday, December 6, 2017

တန်​ဖိုးစစ်

ကျ​နော်​ ဒီစာကိုဖတ်​ကြည့်​ပြီ တန်​ဖိုးစစ်​လိုအမည်​​ပေးမိပါတယ်​။ မူရင်းစာ​ရေးသူ ကိုစိုးထိုက်​ကိုလဲ ရင်​ထဲ့က လှိုက်​လှဲစွာ ​ကျေးဇူးတင်​ရှိပါတယ်​။

တန်​ဖိုးစစ်
သူငယ်​ချင်း​… မင်း​သောက်​တဲ့အရက်​က ​သေး​ပေါက်​ရင်​ ​ရွှေပြန်​ထွက်​ကျတာလား..?
တစ်​ကိုယ်​လုံးက တန်​ဖိုး​တွေ တွက်​ပြ​တာ ​ခေတ်​စားလာ​တော့ကြုံဖူးတာ​လေး ​ပြောပြချင်​တယ်​..


ဟိုးတစ်​​လောက အန်​ကယ်​တစ်​​ယောက်​ သူ့နာရီချွတ်​ပြီး။ " ဒီနာရီဘယ်​​လောက်​တန်​မယ်​ထင်​လဲ မှန်းကြည့်​" ဆိုပြီး ကျွန်​​တော့်​ကို​​မေးတယ်​။ (သူကချမ်းသာ ​အောင်​မြင်​​နေတဲ့ ကုမ္ပဏီပိုင်​ရှင်​တစ်​ဦးပါ)

“မမှန်းတတ်​ဘူးခင်​ဗျ” လို့​ပြောလိုက်​​တော့ သူက ပြန်​​ပြောတယ်​.. အ​မေရိကန်​​ဒေါ်လာ ၆သိန်း တန်​တယ်​တဲ့.. မြန်​မာ​ငွေနဲ့ဆို သိန်း ၇၈၀၀ ​ကျော်​တန်​တာ​ပေါ့..
(အမ​လေးဗျ… အံ့သြလို့မပြီး​သေး..)
“ဟိုပွဲ ဒီပွဲ အခမ်းအနား​တွေမှာ တစ်​ခါလာလည်း ဒီနာရီ တစ်​ခါလာလည်း ဒီနာရီ ဖြစ်​​နေမှာစိုးလို့ ဒေါ်လာ ၆သိန်း ၇သိန်း တန်​ နာရီချည်း ၅ လုံး​လောက်​ ၀ယ်​ထားတယ်​” ဆို​တော့….. ဟို​က်……ရှားဘား…. ကျွန်​​တော်​ ပက်​လက်​လန်​သွားတယ်​…
(ကိုယ်​​တွေ တစ်​မျိုးလုံး တစ်​​ဆွေလုံးပိုင်​ဆိုင်​မှုကို​ပေါင်းရင်​​တောင်​ သူ့နာရီတစ်လုံးဖိုး​မရှိဘူး..)

ဒါ​ပေမဲ့…. အခု​တော့ အဲ့ဒီနာရီထဲက တစ်​လုံးပြီး တစ်​လုံးပြန်​​ရောင်း​နေပြီတဲ့.. ” စီးပွား​ရေးအတွက်​​ငွေလိုလို့လား..အန်​ကယ်​..” လို့​မေးလိုက်​​တော့...

” မဟုတ်​ဘူး ..ဆင်းရဲတဲ့ ​ဝေးလံ​ခေါင်​ဖျားက က​လေး​တွေ စာသင်​နိုင်​​အောင်​ စာသင်​​ကျောင်း​တွေကို ဒီနာရီ​တွေနဲ့ ​ဆောက်​မလို့ကွ.. နာရီတစ်​လုံး​ရောင်းရတဲ့​ငွေနဲ့တင်​ ​​ကျောင်း​ပေါင်းများစွာ ​ဆောက်​နိုင်​တယ်​ သား​ရေ..” ဆို​တော့ ကျွန်​​တော်​ ဘာပြန်​​ပြောရမလဲမသိရ​တော့​လောက်​​အောင်​ ​တော်​​တော်​​လေး ပီတိဖြစ်​သွားပါတယ်​..

“သားအရက်​​သောက်​တတ်​လား.."
သူကဆက်​​မေးတယ်​.. “ဟုတ်​ကဲ့ တစ်​ခါတစ်​​လေ..​ပေါ့..”
“အရက်​ဘယ်​​လောက်​တန်​​သောက်​ဖူးလဲ..”
“အန်​ကယ့်​မှာလည်း သူငယ်​ချင်းတစ်​​ယောက်​ရှိတယ်​.. သူက ​နေ့တိုင်းအရက်​​သောက်​တယ်​.. သူ​သောက်​တဲ့အရက်​က တစ်​ပုလင်းကို မြန်​မာ​ငွေ သိန်း ၆၀ ​ကျော်​တန်​တယ်​.. တစ်​ပုလင်း ကုန်တာနဲ့ေ​နာက်တစ်ပုလ​​င်း တန်း​ဖောက်​တာပဲ.. တစ်​​နေ့​တော့ အန်​ကယ်​က သူ့ကို​မေးတယ်​..

သူငယ်​ချင်း..သူငယ်​ချင်း​ပေါ့..မင်း​သောက်​တဲ့အရက်​က ​သေး​ပေါက်​ရင်​ ​ရွှေပြန်​ထွက်​ကျလားလို့..”
(ကျွန်​​တော်​ပြုံးမိတယ်​..ဟုတ်​ပ ..အရက်​ပဲဟာ ဘာဖြစ်​လို့ဒီ​လောက်​​ထိဈေးကြီးရတာလဲ​​နော်​..)

“မင်း​သောက်​တဲ့အရက်​တစ်​လုံးက ​ရေရှားတဲ့​ဒေသက ရွာတစ်​ရွာမှာ အ၀ီဇိတွင်း တစ်​တွင်းတူးလို့ရတယ်​ကွ.. ပေးစမ်း အရက်​တစ်​လုံးဖိုး ..မနက်​ဖန်​မင်း အရက်​မ​သောက်​နဲ့ ဆိုပြီး အန်​ကယ်​က သူ့ဆီက အရက်​တစ်​လုံးဖိုး ယူလာပြီး ရေရှားတဲ့ ​ဒေသတစ်​ခုမှာ ​ရေတွင်းတစ်​တွင်း တူး​ပေးလိုက်​တာ.. တစ်​ရွာလုံး ​ရေအလျှံအပါယ်​သုံး​ရလို့ ​ပျော်​​နေကြတာကိုလည်း မြင်​သွား​ရော အဲ့ဒီသူငယ်​ချင်း အခု အရက်​ ​လျော့သောက်​​ပြီး မြန်​မာနိုင်​ငံအနှံ့​ရေတွင်းတူးတဲ့အလှူ​​တွေ လှူ​နေ​လေရဲ့… ခုဆို ရွာ​ပေါင်းများစွာမှာ ​ရေတွင်း ​ရေကန်​ လှူပြီး​​သွားပြီ သား​ရေ…”

“မ၀တ်​ရဘူး..မစားရဘူး..မ​သောက်​ရဘူးလို့ အန်ကယ်မ​​ပြောဘူး​နော်​..သား.. သူ့အိုးနဲ့ သူ့ဆန်​ တန်​​အောင်​​တော့ ၀တ်​ရမယ်​ စားရမယ်​.. ဒါ​ပေမဲ့ အဲ့ဒီအရာ​တွေအ​ပေါ်​တော့ မက်​မက်​​မော​မော လုပ်​မ​နေနဲ့.. ဒါဘယ်​​လောက်​တန်​လည်းဆိုတာလည်း ထုတ်​ကြွားစရာမလိုဘူး..

ဒီ့ထက်​​ကောင်းတဲ့ ဒီ့ထက်​တန်​ဖိုးကြီးတဲ့ ပစ္စည်း​တွေကို သုံးနိုင်​တဲ့သူ​တွေက မင်းကို င​ပေါကြီးဆိုပြီး ​​ပြောလိမ့်​မယ်​သားရဲ့.. မင်းကိုယ်​မင်း​တော့ အဟုတ်​ကြီးထင်​​နေမှာ​ပေါ့.. မင်းထက်​ အဆ​ပေါင်းများစွာချမ်းသာသူ​တွေအတွက်​က​တော့ မင်းဟာ င​ပေါကြီးပဲ.. ရုပ်​၀တ္ထုပစ္စည်းတိုင်းဟာ တန်​ဖိုးဖြတ်​လို့ရတယ်​ကွ.. တကယ့်​တန်​ဖိုးဖြတ်​မရတဲ့ ရတနာ​ဆိုတာ ဘာလဲသိလား သား..”
“မသိပါဘူး ..အန်​ကယ်​”

“သီလ သမာဓိ ပညာ..မင်းရဲ့ ကိုယ်​ကျင့်​တရား.. နောက်​ပြီး ​လောက​ကောင်းကျိုး အများအကျိုး ဘယ်​​လောက်​ သယ်​ပိုးပြီးပြီလဲဆိုတာ​တွေသာ တန်​ဖိုးမဖြတ်​နိုင်​တဲ့ ရတနာ​တွေဖြစ်လို့ ဒီရတနာ​တွေသာ တကယ့်​အဖိုးတန်​ တကယ့်​အနှစ်​သာရ​တွေပါ သား​ရေ.. ကြွားချင်​သလား..အဲ့ဒီရတနာ​တွေသာ မင်းထုတ်​ကြွားစမ်းပါ.. မင်းထက်​ အဆ​ပေါင်း သိန်းသန်းချီ ချမ်းသာတဲ့သူ​တွေက မင်းကို ဦးညွှတ်​မှာဖြစ်​တဲ့အပြင်​ တစ်​​လောကလုံးက သာဓု​ ခေါ်ပါလိမ့်​မယ်​ကွယ်​..”

(​ရင်​ထဲကို​အေးချမ်းသွားတာပဲ.. ကောင်းလိုက်​တဲ့ အနှစ်​သာရ စကား​တွေပါလား..)
“ကဲ အချိန်​လဲ ​​လင့်​ပြီ…သားက နယ်​ကိုပြန်​ရမှာမဟုတ်​လား.. ဘယ်​နှစ်​နာရီကားလဲ ကိုစိုးထိုက်​..”

ကျွန်​​တော်​က လက်​မှာပတ်​ထားတဲ့ နာရီကိုကြည့်​ပြီး..“၄ နာရီ ဖဒို_ရန်​ကုန်​ မြတ်​ရတနာကား လက်​မှတ်​ဖြတ်​ထားတာ အန်​ကယ်​..ဟုတ်​..
အချိန်​​တောင်​ကပ်​​နေပြီ.. ခွင့်​ပြုပါအုံးခင်​ဗျာ..”

“ကဲကဲ…သွား..သွား…
မင်းလက်​က နာရီလည်း ဒီအချိန်​ပဲ..
အန်​ကယ့်​လက်​က သိန်း ၇၈၀၀ ​ကျော်​တန်​နာရီလည်း ဒီအချိန်​ပဲ..
လမ်း​ဘေးက ၃ထောင်တန်​နာရီလည်း ဒီအချိန်​ပဲ..
နာရီတစ်​လုံးရဲ့ တန်​ဖိုးက အချိန်​မှန်​ခြင်းပဲသား..

လူတစ်​​ယောက်​ရဲ့ တန်​ဖိုးက​တော့ ကိုယ်​ကျင့်​တရား နဲ့ သီလ သမာဓိ ပညာပါပဲ သား​ရေ..

အဓိကနဲ့ သာမည ခွဲတတ်​ပါ​စေ..
တန်​ဖိုး အစစ်​ကို တန်​ဖိုးထားတတ်​ပါ​စေကွယ်​..”

ကျွန်​​တော်​သည်​ အဖိုးမဖြတ်​နိုင်​​သော ဆုံးမစကားတို့ကို ရင်​မှာမှတ်​သားလျှက်​..
၂သောင်း တန်​နာရီ..
၅ထောင် တန်​ပုဆိုး..
၈ထောင် တန်​အင်္ကျီ..
၃ထောင် တန်​ကတ္တီပါဖိနပ်​တို့ကိုစီးကာ ခိုင်​မာ​သော ကိုယ်​ကျင့်​တရား နှင့်​ သီလ သမာဓိ ပညာကို နက်​ရှိုင်းစွာ ​ဆောက်​တည်​ပြီး ဤ​လောကကြီးတွင်​ ​ရင်​​ကော့ ​ခေါင်း​မော့ကာဖြင့်​ ၀င့်​​၀င့်​ကြွားကြွား ရှင်​သန်​သွားဖို့ ဆုံးဖြတ်​လိုက်​ပါ​တော့သည်။

Credit By ကိုစိုးထိုက်​ (ဖဒို)


No comments:

Post a Comment