Tuesday, December 5, 2017

ကြက်ဥ ဟိုမုန်းဆေးရည်ပြုလုပ်နည်း

ရာသီမဟုတ်ချိန်မှာ အသီးတွေကို သီးနိုင်ဖို့အတွက် ကြက်ဥဟိုမုန်းဆေးရည် ဘယ်လိုလုပ်လည်းဆိုတာကို ပြပေးသွားမှာဖြစ်ပါတယ်။ BBC ဦးဝင်းမြင်ရဲ ကြက်ဥဟိုမုန်းဆေးရည်လုပ်နည်းလေးဖြစ်ပဲဖြစ်ပါတယ်။

လုပ်နည်းလေးကတော့ ကြက်ဥခွံရော အသားပါ ၁ပိဿာ၊ သကြား ၁ပိဿာ၊ နွားနို့ ၁ပုလင်းခွဲ၊ ပုဇွန်ခြောက် ၃၀သား၊ အုန်းရည်အရည် ၂ပုလင်း၊ ဆန်ဆေးရည် ၂ပုလင်း၊ အုန်းနို့ ၁ပုလင်းခွဲ၊ ပဲစေ့ အညှောက်ပေါက်စ အစိတ်သား၊ မုံလာဥ ၅၀သား၊။


ပဲစေအညှောက်ပါက်ဆိုတာကတော့ ပဲတီစိမ်းကို ရေစိမ်ပြီး အညှောက်ပေါက်စပဲစေ့ကိုရပါလိမ်မယ်။
အဲဒါအားလုံးကို ဖျော်ရည်ကြိတ်စက်နဲ့ ကြိတ်ချေလိုပဲဖြစ်ဖြစ် ထောင်းခြေပြီးတော့ပဲဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။ကြိတ်စက်နဲ့ကြိတ်တဲ့အခါမှာ ရေကိုမသုံးပဲ အုန်းရည်၊ နို့ရည်၊ ဆန်ဆေးရည်တို့ကို ရောပြီးကြတ်ယူရပါမယ်။

အမှုန့်က ၁၀သား၊ ဂလူးကိုစ့်မှုန်ပက ၁၀သား၊ ဟူးမစ်လို့ခေါ်တဲ့ ကျောက်မီးသွေးနဲ့ဖန်ရည်အမှုန့်ရောကျိုထားတဲ ဆေးမှုန်က ၂၅သား၊ (ဝယ်မရရင် မထည့်လည်းဖြစ်ပါတယ်။ သူက မိုလီကွန်းတွေကို အနုစိတ်ဖြစ်ပြီးပျော်ဝင်မှုအားကောင်းအောင်လုပ်ပေးတာဖြစ်ပါတယ်။)

အဲဒါတွေအားလုံးကို ပုံးတစ်ပုံးမှာထည့်ပြီး ၃လသိပ်ထားလိုက်ပါ။ ၆လဆိုရင်ပိုကောင်းပါတယ်။ ၁နှစ်အပြည့်ဆိုရင်ပိုကောင်းပါတယ်။ ကြာချိန်များလေ ပိုကောင်းလေ သဘောမျိုးပေါ့။ အများနဲ့လုပ်မယ်ဆိုရင်တော့ တစ်မျိုးကို တစ်ပုံးဆီခွဲလုပ်ထားပြီးနောက်မှာလာရောသုံးတာက ပိုကောင်းပါတယ်။

အချိုးအစားကတော့ ၃ချိုးတစ်ချိုးဖြစ်ပါတယ်၊ ပြောခဲ့တဲ့အရာတွေက ၃ဆဆိုရင် သကြားကတစ်ဆဖြစ်ပါတယ်။  ကြက်ဥကတော့ တစ်ဆကို အချိုက တစ်ဆနဲ့ပုံးထဲမှာသိပ်ထားရပါမယ်။
မြေကြီး (အပင်ရင်း) တွင် ပတ်ဖျန်းရန်၊ ( ၁၅ရက်တစ်ခါ) အရွတ်ကိုပက်ဖျန်းရန် ကြက်ဥဟော်မုန်းဆေးရည် ၃၀၀စီစီကို ရေလီတာ ၂၀၀နှင့် ပက်ဖျန်းရန်ဖြစ်ပါတယ်၊ ( ၁၀ရက်တစ်ခါ)



Credit to Win Myint IQwin Form

No comments:

Post a Comment