Saturday, October 7, 2017

ပါကူးငါး​ခေါ် လူကဲ့သို့သွားပါ​သောငါး


"အမျိုးသားတွေရဲ့" အဓိကနေရာကို ကိုက်ဖြတ်တတ်တဲ့ငါး (သို့) ကြောက်လန့်စရာ လူသွားနဲ့ ပါကူ ငါး
ပါကူ (Pacu) ငါးဟာ တောင်အမေရိက ရေချိုပိုင်းမှာ ကျင်လည်ကျက်စားတဲ့ ငါးမျိုးစိတ်တစ်မျိုး ဖြစ်ပါတယ်။ အမေဇုန်မြစ်နဲ့ အော်ရီနိုကို မြစ်တွေမှာ အဓိကတွေ့ရပြီး အခုနောက်ပိုင်းတော့ နယူးဂီနီနဲ့ ဥရောပအချို့ဒေသတွေမှာပါ တွေ့ရလေ့ ရှိပါတယ်။
ပါကူငါးဟာ သတ္တဝါတွေကို စက္ကန့် ပိုင်းအတွင်း အရိုးထိအောင် ကိုက်ဖြတ်တတ်တဲ့ နာမည်ကျော် အသားစားငါး ပရန်းညား( Piranha) ငါးမျိုးစိတ်ဝင်ပြဲဖစ်ပါတယ်။

အသားသာမက အသီးအရွက်ကိုပါ စားသောက်တတ်တဲ့ ငါးများပဲဖြစ်ပါတယ်။ သူ၏ အဓိက ထူးခြားချက်မှာ လူသွားကဲ့သို့ သွားများပါရှိခြင်းပင်ဖြစ်ပါတယ်။ လူကဲ့သို့ပင် အစာကိုကြိတ်ဝါးကာ စားသောက်တတ်ပါတယ်။
သူတို့ရဲ့သက်တမ်းက ၁၀နှစ် ဖြစ်ပြီး ပုံမှန်အရွယ်အစားကတော့ လက်မ၃၀ ဝန်းကျင်ဖြစ်ပါတယ်။ တခါတစ်ရံမှာတော့ ၃ပေခွဲခန့် အရှည်နဲ့ ၈၈ပေါင်ခန့် ကြီးမားတဲ့ အကောင်တွေကိုလည်း တွေ့ရတတ်ပါတယ်။
နောက်ထပ် ထူးခြားတာကတော့ ပါကူငါးတွေဟာ ထူးထူးခြားခြား ယောက်ျား တွေရဲ့လိင်အင်္ဂါကို ကိုက်ဖြတ်တတ်လေ့ ရှိတာပါပဲ။ ငါးဖမ်းသမားအချို့ဟာ ထိုကဲ့သို့ ကိုက်ဖြတ်ခံရပြီးနောက် သွေးထွက်လွန်ကာ သေဆုံးခဲ့တဲ့မှတ်တမ်းတွေလည်း ရှိပါတယ်။
လူကို ဒုက္ခ ပေးနိုင်တဲ့ ငါးမျိုးဖြစ်တာကြောင့် ငါးဖမ်းသမားတွေ ကြောက်လန့်ရတဲ့ ငါးအမျိုးအစား ဖြစ်ပါတယ်
Credit:Ye Thi Ha

No comments:

Post a Comment