Tuesday, February 23, 2016

ရှက်စရာကို ရှက်ပါ။


ပညာတက်ချင်ယောင် မဆောင်ပါနဲ့ ။
ပညာရှင်နဲ့ တွေ့ရင် ပိုပြီး အရှက်ရလိမ့်မယ်။
အရည်အချင်းရှိချင်ယောင် မဆောင်ပါနဲ့ ။
တက်သိနားလည်တဲ့ သူနဲ့တွေ့ ရင်
ပိုပြီးအရှက်ကွဲလိမ့်မယ်။
ချမ်းသာချင်ယောင် မဆောင်ပါနဲ့ ။
ဒိတ်ဒိတ်ကြဲနဲ့ တွေ့ရင် ပိုပြီး မျက်နှာငယ်ရမယ်။

ဘဝ ဟာ ရိုးရှင်းလေ လှပလေပါ။
ဘဝ ဟာ ရိုးရှင်းလေ ကျက်သရေ ရှိလေပါ။
ဘဝ မှာ ဟန်ဆောင်ဖို့ မလိုပါဘူး။
အရှိကို အရှိအတိုင်း ရိုးသားဖို့ဘဲ လိုအပ်တာပါ။
သူတစ်ပါး ဟားတိုက်ရယ်မောခြင်း မခံရအောင်
အဓိပ္ပါယ်မဲ့ အရှက်မရ လေအောင်
အတက်နိုင်ဆုံး ရိုးသား ရအောင်ပါ။

ဟန်သား ကင်းသား(ပုသိမ်)
ဖေ့ဘုတ်မှ

No comments:

Post a Comment