Tuesday, February 23, 2016

ချောကလပ်သီး


ကမ္ဘာပေါ်မှာရှိတဲ့ လူသားများစွာဟာ ချောကလပ်ကိုခုံမင်ကြပါတယ်။ ကျွန်တော်ဟာလည်းတစ်ယောက်အပါအဝင်ဆိုပါတော့

ဒါပေမဲ့ ကျွန်တော်တိုဟာ ချောကလပ်ကိုဘယ်ကရတယ်။
ဘယ်လိုလုပ်ရတယ်၊
ချာကလပ်သီးဟာ ဘယ်လိုပုံစံရှိတယ်ဆိုတာမသိကြပါဘူး။
ဗဟုသုတဖြစ်စေဖို့အတွက် တွေ့တာလေးတွေကို စုစည်းတင်ပြလိုက်ပါတယ်။
ပုံမှာ မြင်တွေ့နေတဲ့ အသီးကို ချောကလပ် သီးလို့လည်း အလွယ်ခေါ် ပါတယ်။ Black Sapote လို့ အမည်ရတဲ့ ဇီဝဗေဒ အမည် ကတော့ Diospyros digyna ဖြစ်ပါတယ်။

အသီးရဲ့ အရသာ ကလည်း ချောကလပ်နဲ့ အတူတူပဲ ဖြစ်ပါတယ်။ သို့ပေမယ့် ထူးခြားချက်က အဆီတက်စေခြင်း မရှိပဲ ဗစ်တာမင် စီ ဟာ သာမန် လိမ္မော်သီး များမှာ ပါဝင်တာထက် လေးဆတောင် ပိုမို ပါဝင် ပါတယ်။ အရွယ် အစား အားဖြင့်ကတော့ ခရမ်းချဉ်သီး အရွယ် လောက်ပဲ ရှိပါတယ်။ 
၁၂ မီတာလောက် မြင့်တဲ့ အပင်မှာ ပေါက်တဲ့ အသီး ဖြစ်ပါတယ်။

မက္ကဆီကို၊ ကိုလီဘီယာနဲ့ အခြား အမေရိကန် အလယ်ပိုင်း ဒေသ တို့မှာပါ ရှင်သန် ပေါက်ဖွားတဲ့ ရှားပါး စားဖွယ် အသီး တစ်မျိုး ဖြစ်ကြောင်း သိရ ပါတယ်

 


No comments:

Post a Comment