Saturday, December 15, 2018

ပြင်ဦးလွင်မြို့နယ် ပိန္နဲကုန်းကျေးရွာ ဆိုလာမီးလင်းရေးဆောင်ရွက် အိမ်ခြေ ၁၅ဝ ကျော်၊ စာသင်ကျောင်းနှင့် လမ်းများ မီးလင်း

ပြင်ဦးလွင် စက်တင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ပိန္နဲကုန်း(တောင်)ကျေးရွာတွင် ရတနာပုံဆိုလာကုမ္ပဏီမှ လှူဒါန်းသည့် ဆိုလာမီးလင်းရေးဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၃၁ ရက်က အဆိုပါကျေးရွာ၌ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် တက်ရောက်အားပေးချီးမြှင့်ပြီး ဆိုလာမီးလင်းရေးဆိုင်းဘုတ်ကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ရတနာပုံဆိုလာကုမ္ပဏီမှ အင်ဂျင်နီယာဌာနမှူး ဦးမောင်မောင်လွင်က ဆိုလာMini Gridမီးလင်းရေးလုပ်ငန်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား ပိန္နဲကုန်း(တောင်)ကျေးရွာမီးလင်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးအား လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် ပိန္နဲကုန်း(တောင်)ကျေးရွာဒေသခံများကိုယ်စား ဦးသိန်းတန်က ကျေးလက်မီးလင်းရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ပေးသော တာဝန်ရှိသူများနှင့် အလှူရှင်ကုမ္ပဏီတို့အား ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပိန္နဲကုန်း(တောင်)ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ရပ်မိရပ်ဖများ၊ ပြည်သူများအား တွေ့ဆုံ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ များတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည် ဖော်ဆောင်ရွက်နေသော လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ပိန္နဲကုန်း(တောင်)ကျေးရွာတွင် စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းအပါအဝင် အိမ်ခြေ ၁၅၁ လုံးနှင့် ကျေးရွာလမ်းတို့အတွက် ဆိုလာမီးများအား ဆောင်ရွက်ပေးနိုင်ခဲ့သည်။

သီဟကိုကို(မန္တလေး)
မူရင်းလင့်ကို ဒီနေရာကနေဝင်ကြည့်ပါ။

No comments:

Post a Comment