Sunday, January 12, 2020

ဆံပင်ကျန်းမာရေး

ဆံပင်ပါး၊ ဆံပင်ကျွတ်၊ ထိပ်ပြောင်၍ ဆံပင်အတွက်နဲ့ စိတ်ညစ်နေသူများအတွက် ကြက်သွန်နီဖြင့် ကုသနိုင်မည့် သဘာဝနည်းလမ်းလေးကို ကျန်းမာရေးသတင်းများကနေ မျှဝေပေးလိုက်ပါတယ်။

ကြက်သွန်နီအရည် ထုတ်လုပ်ပြီးသားဗူးတွေရှိတာ တွေ့ရပါတယ်။ ကိုယ်တိုင်လဲ လုပ်လို့ရတဲ့နည်းလမ်းတွေ ရှိပါတယ်။ နည်းတွေကလဲ ရိုးရိုးလေးတွေပါပဲ။ ကိုယ့်အတွက် လွယ်ကူသက်သာမယ့် နည်းလမ်းတွေ ရွေးချယ် သုံးစွဲနိုင်ပါတယ်။

(၁) ပထမနည်းကတော့-- ကြက်သွန်နီ သတ္တုရည် သက်သက်ပါ။

ဆာလဖာ ဓာတ် ပါဝင်မှုများတဲ့ ကြက်သွန်နီရဲ့ အကျိုးကျေးဇူး ရရှိဖို့ အလွယ်ဆုံး နည်းလမ်းလဲ ဖြစ်ပါတယ်။ ကြက်သွန်နီတွေကို ကြိတ်စက်ထဲ ထည့်ကြိတ်ပြီး အရည်ညှစ်ယူလိုက်တာပါ။ အဲဒီအရည်ကို ဦးရေပြားမှာ လိမ်းပြီး အနည်းဆုံးမိနစ် ၃၀ ကနေ ဆန္ဒရှိရင် ဒီထက်အချိန်ပိုကြာကြာ ထားလို့ရပါတယ်။ ပြီးရင်တော့ ရေဆေးချ ခေါင်းလျှော်လိုက်ပါ။ တပတ်ကို ၃ ကြိမ် လုပ်ဖြစ်တယ် ဆိုရင် တစ်လ ၂ လ အတွင်း အကျိုးထူုးပါတယ်။ သဘာဝနည်းလမ်းတစ်ခုဖြစ်ဖို့ စိတ်တော့ ရှည်ပေးပါတဲ့။
(မူရင်းဆောင်းပါးမှာ ပါတဲ့အတိုင်း ဘာသာပြန် ရေးပေးတာနော် :P)

(၂) ဒုတိယနည်းကတော့-- ပျားရည်+ကြက်သွန်နီရည် ၂ မျိုးရော အရည်ပါ။

ဒီအရည်ကိုတော့ လိမ်းလို့တင်မက သောက်လို့လဲ ရပါတယ်။ ပျားရည် စားပွဲတင်ဇွန်း တစ်ဇွန်းကို ကြက်သွန်နီရည်က ခွက်ရဲ့ ၄ ပုံ ၁ ပုံစာ ရောရမှာပါ။ နေ့တိုင်း သောက်ပေးပါ လို့ ဆိုပါတယ်။ တပြိုင်ထဲပဲ ခေါင်းလျှော်မယ် ဆိုရင်လဲ အဲဒီ ကြက်သွန်နီရည်+ပျားရည် အရောကို ဦးရေပြားပေါ်နဲ့ ဆံပင်တွေမှာ ၁၀ မိနစ်လောက် လိမ်းကျံနှိပ်နယ်ပြီး မိနစ် ၃၀ လောက်ထားပြီး လျှော်ပေးရမှာပါ။

(၃) နောက်တစ်နည်းကတော့ ကြက်သွန်နီအရည်+ ဆီတွေ ရောထားတဲ့ အရည်ပါ။

ကြက်သွန်နီအရည် ၃ ဇွန်းကို အုန်းဆီ ၁ ဇွန်းနဲ့ သံလွင်ဆီ ၁ ဇွန်းတို့နဲ့ ရောနှောပေးရပါမယ်။ အဲဒီအရည်တွေကို ဆံပင်နဲ့ဦးရေပြားအတွက် အနည်းဆုံး တပတ် ၃ ကြိမ် သုံးစွဲလို့ရပါတယ်။ ဒီနည်းက ဆံပင်ကျွတ်တာ၊ ဦးရေပြား ခြောက်သွေ့ ယားယံတာတွေအတွက် နည်းကောင်းတစ်ခုလို့ ဆိုပါတယ်။

(၄) ကြက်သွန်နီရည်+ရမ် ရောနှောအရည်ပါ။

ကိုယ့်ဆံပင်ပေါ်မှာ ကြက်သွန်နီရဲ့ မွန်တဲ့ အနံပြင်းပြင်းကို သည်းမခံနိုင်ဘူး ဆိုရင် အခုပြောတဲ့နည်းကို သုံးစွဲနိုင်ပါတယ်။ ကြက်သွန်နီ အတုံးလေးတွေ လှီးထားတာတွေကို ရမ်အရက် ထည့်ထားတဲ့ ဖန်ခွက်ထဲကို ထည့်လိုက်ပြီးတော့ ဒီအတိုင်း တညလောက် ထားရမှာပါ။ ရေခဲသေတ္တာထဲလဲ မထားရပါဘူး။ ကိုယ်ခေါင်းလျှော်မယ်ဆိုရင် အဲ့ဒီအရည်ကို ဆံပင်ကိုလိမ်း၊ ဦးရေကိုလဲ နှိပ်နယ်ပေးရပါမယ်။ ဆံပင်ပေါက် ဆံပင်သန်စေဖို့ အကျိုးပြုပါတယ် တဲ့။

ကြက်သွန်နီအရည်ဟာ ဆံပင်ကျွတ်တာတွေနဲ့ အကွက်လိုက်ကျွတ်တဲ့ ဆံပင်နေရာတွေမှာ ပြန်ပေါက်အောင် နှစ်ပေါင်းများစွာ သုံးစွဲလာတဲ့နည်းလို့ အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြထားတဲ့ မူရင်းဆောင်းပါးမှာ ဖတ်ရှုရပါတယ်။

ဆံပင်အတွက် ကြက်သွန်နီရည် သုံးစွဲတာမှာ ပြသနာတစ်ခုကတော့ ကြက်သွန်နီနံ့ မွှန်ထူ စူးရှ ပြင်းထန်တာပါပဲ။ ကြက်သွန်နီနံ့ ခပ်ပြင်းပြင်းကို မကြိုက်ဖူး၊ သည်းမခံနိုင်ဘူး ဆိုရင်တော့ ပုံမှန်သုံးစွဲသွားဖို့ အခက်အခဲ ရှိပါလိမ့်မယ်။ ကြက်သွန်နီ အနံ့ပြင်းကို အောင့်အီး သည်းခံနိုင်မယ် ဆိုရင်တော့ ဆံပင်သန်စွမ်းကောင်းမွန်ဖို့ အကျိုးထူးကို ခံစားရမှာပါပဲ။
စောနွဲ့နေနိုင် ပူတာအို

No comments:

Post a Comment