Monday, October 10, 2016

မျက်ကွင်းညိုနေလို့


- သံပုရာရည် တဇွန်း၊ မုန့်ညှင်းဆီတဇွန်းနဲ့ နနွင်းဇွန်းတဝက်စာ ရောပြီး paste ပျစ်ပျစ်ဖြစ်အောင် ဖျော်ပါ။ တချို့က ဒိန်ချဉ်၊နွားနို့လည်း ထည့်တယ်။ ရလာတဲ့ အရည်ပျစ်ကို မျက်ကွင်းအောက်မှာ လိမ်းပြီး လက်ညှိုးနဲ့အသာ ပွတ်ပေးပါ။ ၁၅မိနစ်ခန့်ထားပြီး ရေပြန်ဆေးပါ။

- ပြီးရင် သခွားသီးကို ခပ်ပါးပါးလှီးပြီး မျက်လုံးမှာ ကပ်ပေးပါ။ နာရီဝက်ခန့်ထားပြီး ရေနွေးနဲ့ ပြန်ဆေးပါ။ သခွားသီးနေရာမှာ အာလူးလည်း သုံးလို့ရတယ်။ အာလူးကိုပါးပါးလှီး၊ မျက်ကွင်းနေရာမှာ လခြမ်းပုံဖြစ်အောင် လုပ်ပြီး ကပ်လို့ရတယ်။

အထက်ပါအတိုင်း နေ့စဉ်ပြုလုပ်ပေးပါက သုံးလအတွင်း ထူးခြားမှုကို ရရှိနိုင်မှာဖြစ်ပြီး မျက်ကွင်းညိုတာ ပျောက်ကင်းသွားပါလိမ့်မယ်။

ဒေါက်တာ အေးမင်းထူး
လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။

No comments:

Post a Comment