နာဂတောင်ပေါ်ဒေသရှိ နာဂတိုင်းရင်းသူ တိုင်းရင်းသားများသည်
စားဝတ်နေရေးအတွက် နေပူမိုးရွာမရှောင် အလုပ်လုပ်ပါမှ နပ်မှန်သည့်ဘဝသို့ ရောက်ကြရသည်။ ပြည်မနှင့်ဆက်သွယ်မှု အားနည်းသောဒေသ ဖြစ်တာကြောင့် ဆင်းရဲသူကများ၍ ချမ်းသာသူက နည်းပါးသည်။
ကွန်ပျုတာနှင့် အင်တာနက်အကြောင်းကို ပြောပြလျှင် သူတို့ဘဝမှာ ဒဏ္ဍာရီလားဟုပင် သို့လောသို့လော တွေးတောနေတတ်သည်။
ရေခဲသေတ္တာ၊ အဲယားကွန်း စသော သိပ္ပံပညာနှင့်ပတ်သက်သည့် အကြောင်းအရာများကို ပြောပြသည့်အခါများမှာလည်း သူတို့ဘဝမှာ မကြားဖူး။ မမြင်ဖူးသည့်အတွက် ပုံပြင်တစ်ခုလိုပင် ဖြစ်နေတတ်သည်။ တောင်ယာလုပ်ငန်းနှင့်ပင် အသက်မွေးဝမ်းကျောင်း