Saturday, October 1, 2016

ဆေးဖက်ဝင် နဂါးမောက်

အပိုင်း-၁

နေရာကျဉ်းကျဉ်းနဲ့ စီးပွားဖြစ် ပဲပင်ပေါက် ဖောက်ကြရအောင်


မြေနေရာ အခက်အခဲရှိသူတွေအတွက် ပဲပင်ပေါက်ကို စီးပွားဖြစ် ပုံးနဲ့ ပဲပင်ပေါက်ဖောက်တဲ့ နည်းစနစ်ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာစကားပုံမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဆိုတာ လူတိုင်း သိကြမှာပါ။ အဲသလိုပဲ ကျွန်တော်တို့ မြန်မာလူမျိုးတွေက နှင်းဆီပန်းကို နှစ်သက်ကြတယ်။ မြတ်နိုးကြတယ်။ အဲဒီတော့ ဒီနှင်းဆီပန်းနဲ့ ပတ်သက်လို့ ကျွန်တော်တို့ ဘယ်လိုစိုက်ပျိုးရသလဲ။ နှင်းဆီပန်းကလေး လှလှလေးဖြစ်အောင် ဘယ်လို ပြုစုရသလဲ။

မာလကာသီး စိုက်ပျိုးထုတ်လုပ်ခြင်း လေ့လာကြရအောင်



          မာလကာပင်ရဲ့ မူရင်းဒေသကတော့ ပီရူးနဲ့ မက္ကဆီကို နိုင်ငံတွေကပဲ ဖြစ်ပါတယ်။ မာလကာသီးကို လူတန်းစားမရွေး နှစ်သက်စွာ စားသုံးလေ့ရှိပါတယ်။ မာလကာသီးမှာ အူနီမျိုးနဲ့ အူဖြူမျိုးဆိုပြီးတော့ နှစ်မျိုး ရှိပါတယ်။ မိုးရေချိန် လက်မ ၄၀ မှ မိုးရေချိန် လက်မ ၆၀ အတွင်း ရရှိတဲ့ အရပ်ဒေသတွေမှာဆိုရင်တော့ မာလကာပင် ကောင်းစွာ စိုက်ပျိုးဖြစ်ထွန်းပါတယ်။ စိုက်ပျိုးတဲ့နေရာမှာလည်း အစေ့ ဒါမှမဟုတ်ရင် ကိုင်းကူးပြီးတော့ စိုက်ပျိုးနိုင်ပါတယ်။

ဝင်ငွေကောင်းဖို့ ပြောင်းဖူးစိုက်ကြစို့


ပြောင်းဖူးအမျိုးအစားများကိုပြောရရင်တော့ အဓိကအားဖြင့် ဖူးစားပြောင်းနဲ့ အစေ့ထုတ်ပြောင်းဆိုပြီး နှစ်မျိုးရှိပါတယ်။
ဖူးစားပြောင်းမှာ နိုင်လွန်ပြောင်း၊ ကော်ပျော့ပြောင်း၊ ဖယောင်းပြောင်းတို့ ပါဝင်ပြီးတော့ အစေ့ထုတ်ပြောင်းမှာတော့ ကော်မာပြောင်း၊ ထိပ်ခွက်ပြောင်း၊ တစ်ဝက်တပြတ် ထိပ်ခွက်ပြောင်းနဲ့ ပေါက်ပေါက်ပြောင်းတို့ ပါဝင်ပါတယ်။

ခါကြက်ဥ (သို့မဟုတ်) မုန်လာဥနီ စိုက်ပျိုးခြင်း


         ခါကြက်ဥလို့ခေါ်တဲ့ မုန်လာဥနီမှာ လူကို အကျိုးပြုတဲ့ ဗိုက်တာမင်အေ ဗိုက်တာမင်စီ ဗိုက်တာမင်အီး စတဲ့ ဗိုက်တာမင်တွေအပြင် အမျှင်ဓာတ်၊ ဆိုဒီယမ်ဓာတ်၊ ပိုတက်ဆီယမ်ဓာတ်တို့လို အဟာရဓာတ် များစွာလည်း ပါဝင်ပါသေးတယ်။ ဒါကြောင့် ခါကြက်ဥဟာ ကျန်းမာရေးအတွက်သာ မကပါဘူး အလှအပရေးရာ အတွက်ပါ အထူးကောင်းမွန်တဲ့ စိုက်ပျိုးရေး ထုတ်ကုန်အဖြစ် လူသိများလှပါတယ်။

တစ်နှစ်ကို ၀င်ငွေသိန်းဂဏန်းအထိရစေမယ့် ထောပတ်ပင် စိုက်ကြမလား


ထောပတ်သီးဆိုရင် စာသုံးလို့ရတဲ့ သီးနှံအဖြစ်သာ မကပါဘူး။ အလှအပနဲ့ ကျန်းမာရေးအတွက်ပါ အသုံးပြုနိုင်တဲ့ အသီးအနှံအဖြစ် လူတိုင်း သိထားကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ထောပတ်သီးကို ရှမ်းပြည်နယ်က အဓိက ထွက်ရှိနေပါတယ်။ ဒီလိုထွက်ရှိတဲ့ အထဲကနေမှ ဟိုပုံးထောပတ်သီးလို့ ဆိုရင် အမျှင်နည်းတာနဲ့ အရသာ ချိုမြိန်တာတွေကြောင့် လူသိများ ထင်ရှားလှပါတယ်။