Monday, March 6, 2017

ဗဟုသုတမှတ်ဘွယ်

သူငယ်ချင်းတို့ရေ...
ခရီးထွက်တဲ့အခါ လှေနဲ့သွားရင် ၄ ယောက်.... 
လှည်းနဲ့သွားရင် ၆ ယောက်... 
ကားနဲ့သွားရင် ၉ ယောက်... မသွားကြနဲ့နော်။ 
မဖြစ်မနေဒါမျိုးကြုံလာရင် "မောင်ကျောက်ခဲရေ ငါတို့နဲ့လိုက်ခဲ့" ဆိုပြီး ကျောက်ခဲတစ်လုံးကောက်ထည့်သွားရင် ဘာမှမဖြစ်ပါဘူး။ 
(လှေ လေး... လှည်းခြောက်... ကားကိုးယောက်) လို့ အဆိုရှိပါတယ်။

credit by Phone Htut Tin

ရတုများ

၁ နှစ်မြောက် = စက္ကူရတု
၂ နှစ်မြောက် = ဂွမ်းရတု
၃ နှစ်မြောက် = သားရေရတု
၎ နှစ်မြောက် = ပိုးရတု
၅ နှစ်မြောက် = သစ်သားရတု
၆ နှစ်မြောက် = သကြားရတု
၇ နှစ်မြောက် = သက္ကလပ်ရတု
၈ နှစ်မြောက် = ကြေးရတု
၉ နှစ်မြောက် = ဥဿဖရားရတု
၁၀ နှစ်မြောက် = သံဖြူရတု

သင်္ချာယူနစ်များ၊အလေးချိန်ယူနစ်များ

သင်္ချာယူနစ်များ
အလေးချိန်ယူနစ်များ
မြန်မာ့အလေးချိန်စနစ် ၃၆ ပရမာဏုမြူ = ၁ အဏုမြူ ၃၆ အဏုမြူ = ၁ လိက္ခာမြူ ၇ လိက္ခာမြူ = ၁ သန်းဦးခေါင်း ၇ သန်းဦးခေါင်း = ၁ မုန်ညင်းလုံး ၃ မုန်ညင်းလုံး = ၁ နှမ်းလုံး ၄ နှမ်းလုံး = ၁ ဆန်လုံး ၄ ဆန်လုံး = ၁ ချင်းရွေး ၈ ချင်ရွေး = ၁ ပဲ ၅ ပဲ = ၁ မတ် ၂ မတ် = ၁ ငါးမူး ၂ ငါးမူး = ၁ ကျပ် ၅ ကျပ် = ၁ ပို ၂၀ ပို = ၁ ပိသာ ၄ ပိသာ = ၁တုလာ ၄ တုလာ = ၁ ပုံ ဗြိတိသျှအလေးချိန်စနစ် ၁၆ ဒရမ် = ၁ အောင်စ ၁၆ အောင်စ = ၁ ပေါင် ၁၄ ပေါင် = ၁ စတုံ ၂ စတုံ = ၁ ကွာတ ၄ ကွာတ = ၁ ဟန်နြိတ် ၂၀ ဟန်နြီတ်= ၁ တန်(တန်ရှည်) မတ်ထရစ်အလေးချိန်စနစ် ၁၀၀၀ မိုက်ခရိုဂရမ် = ၁ မီလီဂရမ် ၁၀ မီလီဂရမ် = ၁ စင်တီဂရမ် ၁၀ စင်တီဂရမ် = ၁ ဒက်စီဂရမ် ၁၀ ဒက်စီဂရမ် = ၁ဂရမ် ၁၀ ဂရမ် = ၁ ဒက်ကာဂရမ် ၁၀ ဒက်ကာဂရမ် = ၁ ဟက်တိုဂရမ် ၁၀ ဟက်တိုဂရမ် = ၁ကီလိုဂရမ် ၁၀ ကီလိုဂရမ် = ၁ မီရီယာဂရမ် ၁၀ မီရီယာဂရမ် = ၁ကွင်တယ်။