Tuesday, February 23, 2016

ဗိုလ်ချုပ်


အရပ်ပုပု
မျက်မှောင်ကုတ်ကုတ်
ပိုသီပတ်သီ အညာသား။
ဘီအေကျောင်းသား
စကားမပြော
ပြောရင်မရပ်
ညှင်းသိုးသိုး အရိုးခံ
ခေါင်းအမာဆုံး
ဇွဲအရှိဆုံး
စိတ်ဓာတ်အပြင်းထန်ဆုံး လူသား။
သူမသိ နားမလည်တာတွေကအများသား
ရေမကူးတတ်ဘူး
စက်ဘီးမစီးတတ်ဘူး
စန္ဒရားမတီးတတ်ဘူး
သီချင်းကောင်းကောင်း နားမထောင်ခဲ့ရဘူး
မိန်းမ မပိုးတတ်ဘူး။

Saturday, February 13, 2016

အောင်ဆန်းဇာနည်



အောင်ဆန်းဇာနည်

ဖေဖော်ဝါရီ ၁၃ မှာ ဗိုလ်ချုပ်မွေးနေ့ပါ။
၁၉၁၅ ရှေ့နေ ဦးဖာသား။

တို့ဗမာသီချင်း၏ အဓိပ္ပါယ်

" တို့ဗမာသီချင်း၏ အဓိပ္ပါယ် "
(သခင်ဘသောင်းကိုယ်တိုင် ဖွင့်ဆိုသည်)

တို့ဗမာသီချင်းသည် တို့ဗမာအစည်းအရုံး၏ ဝါဒက အဆီအနှစ်ထုတ်ပြထားသော တေးဂီတဖြစ်သည်။ ထို့ကြောင့် တို့ဗမာအစည်းအရုံး၏ သဘောထားကို သိနိုင်ရန် တို့ဗမာသီချင်း၏ အဓိပ္ပါယ်ကို နားလည်ရန် လိုလိမ့်မည်။ တို့ဗမာသီချင်းသည် သီချင်းတမျိုးဖြစ်သည်မှာ မှန်သော်လည်း၊ ရိုးရိုးသီချင်းများနှင့် လားလားမျှ မတူ။ ထို့ကြောင့် တို့ဗမာသီချင်းကို သီချင်းဟုပင် ခေါ်ထိုက်ပါ့မလားဟု သံသယဖြစ်ဘွယ်ရှိသည်။

Tuesday, February 9, 2016

စာအုပ်များ

ဝတ္ထုတိုပေါင်ချုပ်စာအုပ်များ
ကာတွန်းစာအုပ်များ
ကာယဗလ လေ့ကျင့်ခန်းစာအုပ်များ
ခင်ခင်ထူးချစ်စံဝင်း
ချစ်ဦးညို
ချစ်နိုင်(စိတ်ပညာ)
ဂမ္ဘီရ၀တ္ထုများလိုချင်ရင်
ဂျာနယ်ကျော်မမလေး
ဂျူးစာရင်းကိုင်နည်း စာအုပ်
စာပေဟောပြောပွဲများ
စိမ့်(ပညာရေး)
စိုက်ပျိုးနည်း စာအုပ်များ
စိုးမြတ်သူဇာ

ရိုးရိုးလေးပဲ အသက်ရှင်မယ်


ရိုးရိုးလေးပဲ အသက်ရှင်မယ်
***************************
သူတို့ နှစ်ယောက်ရဲ့ ဝတ်စားပုံနဲ့ နေထိုင်ပုံက ရိုးရိုးလေးပဲ။ ကောင်မလေးကို အမေရိကန်သို့ နိုင်ငံရေး ခိုလှုံဖို့  ပြေးလာတဲ့ တရုတ်-ဗီယက်နမ် မျိုးဆက်က မွေးတယ်။ နာမည်က ပရင်စလာချန်။ ကောင်လေး နာမည်က မက်ခ် ဇက်ကာဘက်။ သူက အမေရိကန်ဖွား ဂျူးလူမျိုး ဘာသာမဲ့။ ဟားဗတ် တက္ကသိုလ် ဒုတိယနှစ် ကျောင်းပါတီမှာ သူတို့  စတွေ့ တယ်။ ၂၀၀၃ မှာ စကြိုက်ကြတယ်။

ထားဝယ် လူမျိုးတို့ရဲ့စကား